Pudding
Milk – 2 cups
Sugar – 1/4 cup
for caramel, sugar – 3 tbsp
for caramel, water – 1 tbsp
Egg – 3
Vinilla essence – 1 tsp
Set pudding pan into a larger pan, water into the outside pan filling it at least half way.
Preheat oven 375ºF – 45 minutes
Fridge – 3 hours
ပူတင်း
နွားနို့ – ၂ ခွက်
သကြား – လေးပုံ ၁ ပုံ
မီးသင်း သကြား အတွက် .. သကြား – ထမင်းစားဇွန်း ( ၃ ) ဇွန်း
မီးသင်း သကြား အတွက် .. ရေ – ထမင်းစားဇွန်း ( ၁ ) ဇွန်း
ကြက်ဥ – ၃ လုံး
ဗီနီလာ အမွှေးဆီ – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
မွှေစက်ဖြင့် …
နွားနို့ – ၂ ခွက်
သကြား – လေးပုံ ၁ပုံ
ကြက်ဥ – ၃ လုံး
ဗီနီလာ အမွှေးဆီ – လက်ဘက်ရည်တဇွန်း မွှေစက်ဖြင့် မွှေထားပါ။
မီးသင်း သကြားရည် ပြုလုပ်ဖို့ အတွက်
non stick pan ထဲမှာ သကြား – ထမင်းစားဇွန်း ( ၃) ဇွန်းထည့်ပါ။
ရေ – ထမင်းစားဇွန်း ( ၁ ) ဇွန်း ထည့်မွှေပါ။
တအောင့်ကြာလျှင် သကြား အရည်ပျော်သွားပါလိမ့်မည်။
ဆက်မမွှေဘဲ ဒီ အတိုင်း ထားလိုက်ပါ။
ပူစီပေါင်းလေးတွေ တက်လာလိမ့်မည်။
တဖြည်းဖြည်း သကြားရည် အရောင်ပြောင်းလာလိမ့်မည်။
အညိုရောင် ( သို့မဟုတ် ) ရွှေအိုရောင် သကြားရည် ရပီဆိုလျှင် …
ချက်ချင်း ပူတင်းမုန့်ဖုတ်မည့် pan ထဲသို့ လောင်းချလိုက်ပါ။
မွှေစက်ဖြင့် မွှေထားသော ( နွားနို့+ကြက်ဥ+သကြား+ ဗီနီလာ ) အရည်လောင်းထည့်ပါ။
ပူတင်း ထည့်ထားသော ခွက်ထက် ပိုကြီးသော pan ထဲမှာ ရေ ကို တ၀က်ဖြည့်ပီး …
ပူတင်း pan ကို ရေရဲ့ အလယ်ကောင်နေရာမှာ ထားပီး preheat oven ထဲ ထည့်ပါ။
oven 375ºF – 45 minutes ပူတင်းမုန့်ဖုတ်ပါ။
ပီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲမှာ ၃ နာရီလောက် အအေးခံပီးလျှင် လှီးစားလို့ရပါပြီ။