ဝက် – ကြေးအိုး

ဝက်ကြေးအိုး 

ဒီမှာ ရောင်းတဲ့ ၀က်နံရိုး။ ၀က်နံရိုးကို ရေသေချာဆေးပီး အတုံးလေးတွေ လှီးဖြတ်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်နဲ့ နှယ်ပီး ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းတို့နဲ့ Pressure cooker ထဲမှာ ထည့်ပီး အိုးပူတိုက်။ အသားတွေ ကျစ်လာပီ ဆိုတာနဲ့ ရေထည့်။ မီးမြေးမြေးနဲ့ ၁ နာရီ နီးပါးလောက် တည်ထားလိုက်ပါ။

အိမ်မှာ ကြေးအိုးချက်ဖို့ မြန်မာမှာတုန်းက Rice cooker နဲ့ ၀က်နံရိုးပြုတ်ဖူးသလို၊ အမေရိကားမှာ ရိုးရိုး ဟင်းချက်အိုးနဲ့ ၀က်နံရိုးပြုတ်ဖူးတယ်။ အကြိုက်ဆုံးက ဒီလိုမျိုး pressure cooker နဲ့ ပြုတ်လိုက်တာကို ပိုကြိုက်တယ်။ ၀က်ရိုးပြုတ်ရည်ကို ကြည်နေတာပဲ။

နှုတ်နှုတ်စင်းထားသော ၀က်သားကို နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့် နဲ့ နှယ်။

ဝက်သားလုံး လုံးပီး ချက်လည်း ရသလို … ဇွန်းနဲ့ တဇွန်းချင်းစီ ထည့် ချက်လည်း ရတာပဲ။

ဝက်လျှာ

ဝက်သည်း

ဝက်လျှာ နဲ့ ၀က်သည်းကို ရှည်ရှည် နဲ့ သေးသေး လှီးပီး၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့နဲ့ နှယ်ပေးထားလိုက်ပါ။

ငုံးဥကို အခွံခွါရလွယ်အောင် ပြုတ်မယ့်အိုးထဲ ဆားထည့်ပီး နာရီဝက်လောက် ပြုတ်ပီးမှ ရေအေးစိမ်ပီး အခွံခွါထားလိုက်ပါ

ဆန်ကြာဇံကို ရေနွေးနွေးနဲ့ဆို ၁၀ မိနစ်လောက်စိမ်ပီး ရေစစ်ထား၊ ရိုးရိုးရေနဲ့ဆို ၁၅ မိနစ်လောက် စိမ်ပီး 

ဇကာနဲ့ ရေစစ်ထားပါ။

ပဲပြားကို လှီး 

မုန်ညင်းကို လှီး

ကြေးအိုး ချက်မယ့် အိုးမှာ ၀က်နံရိုးပြုတ်ရည်ကို အရင်ထည့်။ ဟင်းရည်ဆူပွက်လာပီဆိုတာနဲ့ ၀က်သည်း၊ ၀က်လျှာ၊ ၀က်သားလုံးထည့်၊ ၀က်လျှာ နူးပီဆိုတာနဲ့ ကြာဇံထည့်၊ ပဲပြား၊ ငုံးဥ၊ မုန်ညင်းထည့်။ အိမ်မှာ ဒယ်ဒီက ကြာဇံ အရမ်း အနူးကြီးဆို မစားပါဘူး။ ၀ါးစားလို့ရတဲ့ ဆန်ကြာဇံပြုတ်အနေအထားရပီဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးလိုက်ရုံပါပဲ။

အစပ်စားချင်လို့ ငရုတ်ဆီမှာ ကြက်သွန်ဖြူ တင်မကပဲ ငရုတ်သီးစိမ်းပါ နှုတ်နှုတ်စင်းပီး ထည့်ထားသော အချဉ်

ရာသီဥတု အေးအေးလေးမှာ ဒီကြေးအိုးပန်းကန်ထဲ ငရုတ်ဆီ ထည့်မွှေပီး စားချင်တယ်။ ဒါပေမယ့် မစားဖြစ်ပါဘူး။

ငရုတ်ကောင်းမှုန့် များများထည့်၊ ပဲငံပြာရည် အကြည် ၁စက်လောက်နဲ့ မွှေလိုက်တယ်။ အသားလုံးများကိုတော့ ငရုတ်ဆီ အစပ်နဲ့ တွဲစားတယ်။

ဝက်သားလုံးက ငရုတ်ကောင်းမှုန့် ထည့်မှ ပိုစားကောင်းတယ်။

အသားများများ၊ ငုံးဥ များများ

ကြေးအိုး

 

 

Advertisements