ဝက်သား စပါးလင် အချိုချက်
Pork with lemon grass curry
Ingredients
- 2.5 lb – pork
- 4 cloves garlic, crushed
- 1 lemon grass, chopped
- 1/4 cup finely chopped fresh corinder stalks
- Red onion ( Medium ) – 1
- 2 tbsp – soy sauce
- 2 tbsp – fish sauce
- 3 tbsp – seasame oil
- 1 tbsp – sugar
- 1/4 cup – Chilli Sauce
fresh corinder stalks ( နံနံပင် ရိုးတံများ )
- ၀က်သား – ၂ပေါင်ခွဲ
- ကြက်သွန်ဖြူ – ၄ မွှာ
- စပါးလင် – ၁ ချောင်း
- နံနံပင် ရိုးတံ – အနည်းငယ်
- ကြက်သွန်နီ – ၁ ဥ
- ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း ( ၂ ) ဇွန်း
- ငါးငံပြာရည် – ထမင်းစားဇွန်း ( ၂ ) ဇွန်း
- နှမ်းဆီ – ထမင်းစားဇွန်း ( ၃ ) ဇွန်း
- သကြား – ထမင်းစားဇွန်း ( ၁ ) ဇွန်း
- ငရုတ်ဆီ – ခွက် လေးပုံ ၁ ပုံ
- ၀က်သားကို တစ်လက်မ အရွယ် အသားတုံး တုံးထားပါ။
- ၀က်သားကို ပဲငံပြာရည်၊ ငါးငံပြာရည်၊ နှမ်းဆီ ထမင်းစားဇွန်း ( ၂ ) ဇွန်း၊ သကြား၊ ငရုတ်ဆီတို့ဖြင့် နှံစပ်နေအောင် နှယ်ပီး နာရီဝက်လောက် နှပ်ထားပါ။
- ကြက်သွန်ဖြူ – ၄ မွှာကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
- စပါးလင် တချောင်းကို ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။
- နံနံပင် ရိုးတံများကို နှုတ်နှုတ်စင်းထားပါ။
- ကြက်သွန်နီ တဥ ကို လေးစိတ် စိတ်ထားပါ။
အသားများ နှပ်ထားပီး နာရီဝက်အကြာမှာ –
ချက်မယ့်အိုးထဲ ဆီကို ထမင်းစားဇွန်း တစ်ဇွန်းထည့် အပူပေးပါ။
ဆီပူပီ ဆိုတာနှင့် ကြက်သွန်ဖြူ ထည့် အရင်မွှေပီး ဆီသတ်ပါ။
ပီးလျှင် စပါးလင် ထည့် မွှေ ကြော်ပါ။
နှုတ်နှုတ်စင်းထားသော နံနံပင် ရိုးတံများထည့်ပါ။
ဆီကိုမွှေးနေအောင် ဆီသတ်ကြော်ပီး တအောင့်ကြာမှ –
နှပ်ထားသော ၀က်သားများကို ထည့်မွှေပါ။
ဝက်သား အသားကျစ်သည့် အထိ မွှေပါ။
ပီးမှ ရေ ထည့်ပါ။
ရေ ၃ ရေလောက် ချက်ပီးလျှင် ၀က်သား အသား နူးအိနေပါပြီ။
ဝက်သား ဆီပြန်လာခါနီးမှာ ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( သို့မဟုတ် ) လက်ဘက်ရည်ဇွန်း တ၀က် ဆားဖြူးပီး ဆီပြန်နေအောင် ဟင်းအိုးကို မွှေပါ။
ဝက်သား စပါးလင် အချိုချက် …
ငရုတ်ဆီကြောင့် အစပ် အရသာလည်း ပါသလို … ( ခပ်စပ်စပ်လေး စားနိုင်လျှင် ငရုတ်ဆီကို ခွက် ၁ ခွက်လောက် ထည့်ချက်နိုင်ပါတယ်။ )
စပါးလင် အနံမွှေးမွှေး .. နံနံပင် ရိုးတံ မွှေးမွှေးလေးဖြင့် စားချင်စဖွယ် ဟင်းလျှာ တစ်မျိုးပါ။