Cookie

Heart-Shaped Cookie ( Sugar Cookie )

Bat-Shaped Cookie

Raisin Cookie

( ဂျုံမှုန့် )  All Purpose Flour – 3 cups

( ထောပတ် ) Butter –  2 sticks ( 1 cup )

( သကြား ) Sugar – 1 1/2 cups

Vanilla Extract – 2 tsp

( ကြက်ဥ ) Egg  – 1 

Baking soda – 1 tsp 

Preheat oven ကို 375º F ကွတ်ကီး မဖုတ်ခင်  oven ပူနေအောင် ကြိုဖွင့်ထားပါ။

ပီးနောက် … 

ရေခဲသေတ္တာ အပြင် ထုတ်ထားတဲ့ ထောပတ် ၂ တုံးကို မွှေမယ့် ကြွေဇလုံထဲထည့်။

ထောပတ်ကို အရင် မွှေစက် နဲ့ မွှေ ….

သကြား ( ဆန်ချိန်ခွက် ) ၁ခွက်ခွဲထည့် ….

Vanilla အမွှေးဆီ – လက်ဘက်ရည်ဇွန်းနဲ့ ၂ ဇွန်းထည့် 

ကြက်ဥ – ၁ လုံးထည့်

အားလုံးကို မွှေစက် နှင့် မွှေပါ။

အဲဒီ ကြွေဇလုံထဲမှာ ထပ်ပီး ….

ဂျုံမှုန့် – ၃ ခွက်ထည့်

Baking soda – လက်ဘက်ရည်ဇွန်း ၁ ဇွန်း ထည့် မွှေစက်ဖြင့် မွှေပါ။  

1/2 cookie dough – sugar cookie ( cookie dough in the refrigerator at least 30 minutes )

1/2 cookie dough – raisin cookie

တ၀က်စီ ခွဲလိုက်တယ်။

သကြားကွတ်ကီး အတွက် …   

တ၀က်ကို ပလပ်စတစ်ဖြင့် ထုပ်ပီး ရေခဲသေတ္တာ အောက်ခန်းထဲ နာရီဝက်လောက် ထည့်ထားပါ။ 

ရေခဲသေတ္တာ အောက်ခန်းထဲ နာရီဝက်လောက် ထားတဲ့ ဂျုံကို ထုပ်။

ဂျုံမှုန့်ကို ဖြူးပီး ဂျုံကို ခပ်ပြားပြားလေး ဒလိမ့်တုံးနဲ့ လိမ့်ပါ။  

ဂျုံပြားပေါ်မှာ cookie cutter ကို အရင်ဦးဆုံး .. ဂျုံမှုန့် ကပ်ပီး ဂျုံပြားပေါ် ဖြတ်တာပဲ ဖြစ်ဖြစ်၊ 

cookie cutter နဲ့ ဂျုံပြားပေါ် ဖြတ်ပီးမှ ဂျုံပြားအောက်ကနေ ဓားနဲ့ ဆွဲ .. မ’ယူတာပဲ ဖြစ်ဖြစ် …  

ကွတ်ကီးလေးတွေ ဖြတ်ပီး cookie paper ပေါ်တင် …

Preheat Oven – 375ºF – 10 minutes 

Place on center oven rack.

ကြိုဖွင့်ထားတဲ့ oven ထဲမှာ … 375º F ဖြင့် ၁၀ မိနစ် လောက် မုန့်ဖုတ်လိုက်ပါတယ်။ 

ကွတ်ကီးမုန့်တွေက မဖုတ်ခင် oven ကို ကြိုဖွင့်ထားပီး  

375º F ဖြစ်ဖြစ် 350º F ဖြစ်ဖြစ်

၁၀  မိနစ် အထက် … 

ကိုယ်လိုချင်သော ကွတ်ကီး အနေအထားနဲ့ မုန့်ဖုတ်လိုက်ရင် ရပါပီ။ 

cookie မုန့်ဖုတ်တဲ့အခါမှာ oven ရဲ့ အလယ်နေရာ စင်မှာ ကွတ်ကီးဗန်းကို ထားပီး မုန့်ဖုတ်ပါ။ 

ကွတ်ကီး မုန့်က ဖုတ်ရတာ အရမ်းလည်း လွယ်သလို … ကလေးများလည်း ကြိုက်တယ်။ 

ကွတ်ကီးမုန့်ပေါ်ကနေ စာတွေလည်း ရေးလို့ ရသလို …  

ကလေးတွေ ABC ရေးတဲ့ letter cutter နဲ့ ကတ်ထူ paper ကို ဖြတ်ပီး အပေါ်ကနေ သကြားမုန့် ( ရောင်စုံ) ဖြူးပီး လည်း အလှဆင်လို့ရတယ်။ 

ကွတ်ကီး အသည်းပုံ ကြီးကြီးကို ခရမ်သုပ်တာပဲ ဖြစ်ဖြစ်၊ အရောင်ဆိုးတာပဲ ဖြစ်ဖြစ်၊ တုတ်ချောင်းလေး အောက်ကနေ တပ်ပီးလည်း အလှဆင်လို့ ရသေးတယ်။ 

1 cup – Raisin

1/2 cookie dough

1 cup raisin

ကြွေဇလုံထဲမှာ ကျန်နေတဲ့ တ၀က်ထဲ စပျစ်သီးခြောက် ၁ ခွက်ထည့်ပီး မွှေစက်ဖြင့် မွှေပါ။

စပျစ်သီးခြောက် ( ဆန်ချိန်ခွက် ) ၁ ခွက် စာ မွှေအပီး

မုန့်ဖုတ်မယ့် oven ဗန်းပေါ်cookie paper ခင်းပါ။ 

ထမင်းစားဇွန်းဖြင့် တဇွန်းစီ ခပ်ပီး ကွတ်ကီး တခု နှင့် တခု ၂ လက်မ အကွာအဝေးလောက် ခြားထား .. ပုံပေးထားလိုက်ပီး oven ထဲ ထည့်ဖုတ် …. 

375º F ဖြင့် ၁၀ မိနစ် အထက် မုန့်ဖုတ်လိုက်ပါ …. 

Preheat oven 375ºF – 12 minutes

Place on center oven rack.

အိမ်မှာ oven ကို ကွတ်ကီး မဖုတ်ခင် … oven ကြိုဖွင့်ထားပီး ….

375º F – ၁၂ မိနစ်တိတိ မုန့်ဖုတ်ပါတယ်။ 

၁၂ မိနစ် အကြာဆိုရင် အညိုရောင် တော်တော်လေး သန်းနေပါပီ။ 

အပြင်မှာ ခဏလောက် အအေးခံလိုက်ရင် ကွတ်ကီးက မာသွားပါပီ။

ကိုယ့်တော့ ကွတ်ကီး အနံ မွှေးမွှေးလေး … ကွတ်ကီး ပူပူလေးကို အရမ်းပဲ သဘောကျလို့ oven ထဲက ထွက်လာတာနဲ့ စပျစ်သီးခြောက် ကွတ်ကီး ပူပူလေး စားပီး ကော်ဖီခါးခါး သောက်ရတာကို ပိုကြိုက်နှစ်သက်တယ်။