Pork bamboo shoot curry

ဝက်သား မျှစ် ဆီပြန်ဟင်း

 

မျှစ်ကို ပြုပ်ပီး ငါးပိရည်၊ ငပိထောင်း နှင့် အတူ တို့စရာ အနေနဲ့ စားရင်လည်း အရမ်းကြိုက်ပါတယ်။ 

ဝက်သားကို အသားတုံး … တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ပဲငံပြာရည် အကြည် နဲ့ နယ်ပီး ခဏလောက် နှပ်ထားပါ။

ချက်မယ့် ဒယ်အိုးထဲမှာ … ဆီကိုထည့် … ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားသော ( ထောင်းထားသော )  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်  ဆီသတ် … ပီး … နှပ်ထားတဲ့ ၀က်သားထည့်မွှေပါ။ 

 

ဆီသတ်ထားတဲ့ ကြက်သွန်နီဖတ်များနှင့် ၀က်သားကို နှံစပ်နေအောင် မွှေပီးမှ ….

 

အစပ်ကြိုက်တတ်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပီး ထည့် …..

 

ရေကို အသားတုံး မြုပ်ရုံလေး ထည့် … ၃ ရေလောက် ဖြင့် ချက်ပီး ….

 

နောက်ဆုံး ရေ ထည့်ခါနီးမှာ စိတ်ထားသော မျှစ် ၀ိုင်းဝိုင်းလေးတွေထည့် … ပီးမှ ရေထည့်ပေးလိုက်ရင် ….

မျှစ်လည်း နူး .. ၀က်သားလည်း ဆီပြန် ရေကျန် အနေအထား ရပါပီ။

ဝက်သား .. မျှစ် ဆီပြန်ဟင်းနှင့်အတူ ငပိထောင်း စပ်စပ်လေးကို သံပုရာသီးလေး ညစ်ပီး စားရင် လိုက်ဖက်ပါတယ်။

ဟင်းအိုး

ကိုယ် … ဒီမျှစ်ပြုပ်ကို ကြိုက်တယ်။ 

ငပိရည် တို့စရာ အနေနဲ့ လည်း ဒီမျှစ်ပြုပ်ကို ကြိုက်သလို ….

ဝက်သားကို သကြား၊ ပဲငံပြာရည် အနောက် နဲ့ နယ်ပီး မျှစ် နှင့် မုန်ညင်းချဉ် ထည့်ပီး ပေါင်းတဲ့ ” ၀က်သား မျှစ်ပေါင်းဟင်း ” အနေနဲ့လည်း ကြိုက်တယ်။

ရန်ကုန်က တရုတ်နှစ်သစ်ကူး … မိသားစု ရိုးရာ ရှိခိုးပီး နောက်တနေ့ ရှိခိုးတဲ့ ဟင်းတွေ အားလုံးပေါင်းပီး ဒီလို မျှစ် နှင့် အတူ ( baby corn )  ဘေဘီ ပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မှို ထည့်ချက်ထားတဲ့ ဟင်းပေါင်းထဲက ဒီလို မျှစ်မျိုးကိုလည်း ကြိုက်တာပဲ။ 

ဟင်းပေါင်း

ကျန်တဲ့ ဟင်းတွေကို မျှစ်၊ မှို၊ ဟင်းသီးဟင်းရွက်များဖြင့် ရောမွှေပီး .. ချဉ်ရည်အရသာ ချက်လို့ ရသလို … အချို အရသာ ချက်လို့လည်း ရပါတယ်။

ဒီဟင်းပေါင်းက မျှစ်၊ ဟင်းသီးဟင်းရွက် များဖြင့် ရောမွှေပီး အသားပါသော ချဉ်ရည်ဟင်း အနေဖြင့် ချက်ထားသော ဟင်းပေါင်း …

အသားများလည်း နူးအိနေသလို .. အသားထဲကို မျှစ် နှင့် အတူ ချဉ်ရည် အရသာ ၀င်နေတာမို့ စားကောင်းပါတယ်။

ငရုတ်သီးစိမ်းများပါ ထည့်ရောချက်ထားသော ဟင်းပေါင်း ( ချဉ်၊ စပ် ) အရသာ

ပုစွန်ငပိကို ထမင်းစားဇွန်း ( ၂ ) ဇွန်းခန့် ငပိဖုတ်ပါ။

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငပိဖုတ်ကို ညက်နေအောင် ထောင်းပါ။

ပီးရင် သံပုရာသီး တခြမ်းစာ ညစ်ထည့် …

ငပိထောင်း နှင့် မျှစ်ပြုပ်

Advertisements