ဆိတ်သားဆီပြန်ဟင်း


spicy mutton curry

Mutton- 1lb

Coriander powder – 1 tsp

Paprika powder – 1 tsp

Chili Powder – 2 tsp

Turmeric powder – 1/3 tsp

Onion – 1

Garlic – 5 cloves

Tomato – 1

Ginger garlic paste – 2 tsp

Cinnamon – 1 stick

Cardamom – 5

Oil – 1/4 cup

Coriander leaves

Salt to taste

ခပ်စပ်စပ်လေး ချက်ထားသော ဆိတ်သားဟင်း

အရင်ဆုံး .. ဆိတ်သားကို ရှာလကာရည်ဖြင့် ၁ နာရီ ( သို့မဟုတ် ) နာရီဝက်လောက် စိမ်ထားပီး ရေသေချာ ဆေးချပါ။

သန့်စင်နေအောင် ဆေးထားသော ဆိတ်သားများကို …

ဆိတ်သား ( ၁ ) ပေါင်

နံနံစေ့ အမှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း

ငရုတ်သီး အရောင်တင်မှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း

ငရုတ်သီး အစိမ်းမှုန့် – လက်ဘက်ရည်ဇွန်း ( ၂ ) ဇွန်း

ဆနွင်းမှုန့် – လက်ဘက်ရည်ဇွန်း သုံးပုံ ၁ ပုံ

ဆား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း နှယ်ထားပီး နာရီဝက် လောက် နှပ်ထားပါ။

ကြက်သွန်နီ ဥကြီး – ၁ ဥ

ကြက်သွန်ဖြူ – ၅ မွှာ ကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။

ခရမ်းချဉ်သီး – အလုံးကြီး ၁ လုံးကို ပါးပါးလှီးထားပါ။

Pressure cooker မှာ …

ဆီ – 1/4 cup ကို အပူပေးပါ။

ဆီပူပီ ဆိုတာနှင့်

သစ်ကြားပိုးခေါက် – ၁  နှင့်

ဖာလာစေ့ – ၅ စေ့ ကို ထည့် ကြော်ပါ။

ကြိတ်ထားသော ကြက်သွန်ဖြူ၊ နီ ထည့်ပီး ဆီသတ်ကြော်ပါ။

ကြက်သွန်ဖြူ၊ ဂျင်း အနှစ် လက်ဘက်ရည်ဇွန်း ( ၂ ) ဇွန်း ထည့် ဆီသတ်ပါ။

ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်ပါ။

ခရမ်းချဉ်သီးများ လိပ်တက်လာပီ ဆိုမှ နှပ်ထားသော ဆိတ်သားများ ထည့်မွှေကြော်ပါ။

ဆိတ်သားထဲက ထွက်လာသော လုံးရေများဖြင့် ဆိတ်သားကို Pressure cooker ထဲမှာ အဖုံးဖွင့်ပီး Medium Heat ဖြင့် ၁၀ မိနစ်လောက် ကြော်ထားပါ။

ပီးမှ .. ရေ ကို အနည်းငယ်လောက်ပဲ ထည့်ပီး Pressure cooker အဖုံးအုပ်ချက်ပါ။

( ရေ ကို ကြည့်ထည့်ပါ။ ပုံမှန်ဆိုရင် ရေ … 1/4 cup လောက်ပဲ ထည့်ချက်ရုံပါပဲ )

Pressure cooker – Medium Heat – 15 Minutes

ခုဏက အဖုံးဖွင့်ပီး ၁၀ မိနစ်လောက် ကြော်ထားသော ဆိတ်သားကို

မီးမြေးမြေး အနေအထားဖြင့် ၁၅ မိနစ်လောက် ချက်လိုက်ရင် ဆိတ်သားများ နူးနေပါပီ။

Pressure cooker – Lock ကျလာမှ အဖုံးကို ဖွင့်ပီး

နံနံပင်  အုပ်ပါ။

Low Heat ဖြင့် ဆီပြန်နေအောင် တည်ထားပါ။

Advertisements