Colourful Jelly
colourful jelly
colourful jelly
Agar Agar – 1/3 Packet
Green Food Color
Yello Food Color
Pink Food Color
Red Food Color
Purple Food Color
Water – 2 cups
Sugar – 1 cup
~~~~
ရေ – ၂ ခွက်
သကြား – ၁ ခွက်
ကျောက်ကျောမှုန့် – ၃ ပုံ ၁ ပုံ
မီးဖိုပေါ်မှာ ကျောက်ကျောကျိုပါ။
( ကျောက်ကျော ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါက ကျောက်ကျောများ ညက်ပါသည်။
ကျောက်ကျော အမှုန့် နှင့် ရေ၊ သကြားကို အပြင်မှာ မွှေပေးပီးမှ မီးဖိုပေါ် အပူပေး ကျောက်ကျောကျိုတာ ပိုကောင်းပါသည်။ )
ကျိုထားသော ကျောက်ကျောရည်များကို ကော်ဖီပန်းကန်လုံး တစ်လုံးစာ ( အနည်းငယ် ပမာဏ )
ပန်းကန်လုံး ၅ လုံးထဲ ထည့်ပြီးမှ အရောင်ဆိုးဆေးများကို အနည်းငယ် တစ်စက် မှ နှစ်စက် လောက် ထည့်ပြီး ကျောက်ကျောကို အရောင်ဆိုးပြီး နာရီဝက်လောက် ခဲထားပါ။
ကျောက်ကျောရည် နည်းတာမို့ ခဏလေးနှင့် ကျောက်ကျောများ ခဲသွားပါလိမ့်မယ်။
ခဲသွားသော ကျောက်ကျောများကို အတုံးသေးသေးလေး လှီးစိတ်ထားပါ။ သေးလေ လှလေပါပဲ …
Agar Agar – 2/3 Packet
Water – 3 cups
Sugar – 1 cup
Coconut Milk – 1 can
~~~~
အုန်းနို့ တဗူးကို အရင် ကျိုထားပါ။ …
ရေ … ကို ( ၃ ) ခွက်
သကြား … ( ၁ ) ခွက် ကို အရည်ပျော်အောင် မွှေပေးပီး …
ကျောက်ကျောအမှုန့် ( ၃ ပုံ ၂ ပုံ ) ထည့် … ပျော်နေအောင် အဆက်မပြတ်မွှေပေးပီးမှ မီးဖိုပေါ်မှာ အပူပေးပီး ကျောက်ကျောကျိုပါ။
အဖတ်လုံးဝ မကျန်အောင် ညက်နေအောင် မွှေပေးပီးမှ ကျောက်ကျောဗန်းထဲ ထည့်။
ခဏလောက် ၅ မိနစ်လောက် အအေးခံပါအုံး …
ရေခဲသေတာ ထဲ ထည့်တာလည်း ရပါတယ်။
ခဏလေးမှ ခဏလေးပါ ..
ကျိုထားသော ကျောက်ကျောပူများ အပူချိန် လျှော့ကျပြီ ဆိုတာနှင့် လှီးစိတ်ထားသော ကာလာစုံ ကျောက်ကျောတုံးလေးများကို အားလုံး ရောမွေပြီး ကျောက်ကျောဗန်းထဲ ဖြန့်ထည့်လိုက်ပါ။
( မိမိကြိုက်နှစ်သက်သော စတိုင်ပုံစံ .. ကာလာ တူတူ .. လိုင်းလေးတွေ .. အစိမ်းရောင် တလိုင်း၊ အနီရောင် တလိုင်း .. ကြိုက်သလို ပုံစံလုပ်နိုင်ပါသည်။ )
ပြီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲ တနာရီကျော်လောက် အအေးခံလိုက်ရင်ပဲ ကျောက်ကျောက လှီးလို့ ရနေပါပီ။
colourful jelly
colourful jelly