Chicken rice

Chicken rice ( Pressure cooker )

ကြက်ဆီထမင်း နှင့် ကြက်ကင်

ကြက်ပေါင်းသား နှင့် တို့စားဖို့ ပဲငပိ အစပ်

ကြက်ဆီထမင်း နှင့် ကြက်ပေါင်းသား

Soy bean paste with chili

အရေခွံများကို ခွါပလိုက်ပီးတော့ အသားသပ်သပ်၊ အရေခွံသပ်သပ်မှာ ဆား ၊ သကြား ၊ ပဲငံပြာရည် အကြည် နဲ့ နှယ်ပေးထားလိုက်ပါ။

ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့် ထည့်၊ ရေကို ဟင်းရည်သောက် ပန်းကန်လုံးနဲ့ ၄ လုံးလောက် ထည့်ပီး …. Pressure cooker နဲ့ မီးမြေးမြေး အနေအထား – မိနစ် ( ၂၀ ) … ချက်ပါ။

ဆီကို ထမင်းစားဇွန်း ၄ ဇွန်းလောက် ထည့်ပီး မီးအပူပေး။ ဆီကျက်ပီ ဆိုတာနဲ့ ကြက်အရေခွံများကို ကြော်ပီး အဖုံးအုပ်ထားပါ။

ကြက်အရေခွံက ထွက်လာသော ဆီ နှင့် အတူ ကြက်ဆီများ ထွက်လာပါလိမ့်မည်။

ကြက်အရေခွံကြော်များကို ဆယ်ထားလိုက်ပါ။

ချက်မယ့် အိုးမှာ ဆန်ချိန်ခွက် နဲ့ ၇ ခွက်ကို အရင်ဆုံး ဆန်လှော်လိုက်ပါ။…

တအောင့် အကြာမှာ ကြက်အရေခွံ ကြော်ထားတဲ့ ဆီချည်း သပ်သပ်ကို လောင်းထည့်ပီး မီးမြေးမြေး အနေအထားနဲ့ ချက်ထားလိုက်ပါ။

ဆား – ၂ ဇွန်း၊

သကြား – ၁ ဇွန်း၊

ငရုတ်ကောင်းမှုန့် – ၂ ဇွန်း ထည့်နှယ်ပီးမှ

Pressure cooker နဲ့ ချက်ထားသော ကြက်ပေါင်းရည်များကို အရည်ချည်း သပ်သပ် ယူပီး ထမင်းကို ပုံမှန် ချက်နေကျ ရေပမာဏ အတိုင်း … Pressure cooker ဖြင့် မီးမြေးမြေး အနေအထား –  မီးအပူပေးပီး ချက်လိုက်ပါ။

Pressure cooker – Lower Medium Heat ( No.4 ) – 12 Minutes

Jasmine rice – 1 : Chicken Soup – 1

ထမင်းကျက်ခါနီး … Pressure cooker အသံ မြည်လာပီ ဆိုတာနဲ့ မီးကို ထပ်လျှော့လိုက်ပါ။

Pressure cooker နဲ့ ချက်ထားသော ကြက်ဆီထမင်း

Jasmine rice နဲ့ ချက်ထားသော ကြက်ဆီထမင်း

ကြက်ဆီထမင်း

ကြက်သားများကို ကင်မယ့် oven foil ထဲ ထည့်ပီး oven မှာ 350º F နဲ့ နီရောင်သန်းတဲ့ အထိ ကင်ပေးပါ။

ကြက်ကင် 

အနီရောင်သန်းတဲ့ အထိ ကင်ထားသော ကြက်ကင်