ကြက်သားမဆလာချက်

ဒီတခါ ကြက်သားတုံး ( ရင်ဘုံသား ) အတုံးကြီးကြီးတွေကို ထပ်ပီး အတုံးသေးသေး မခုတ်ထစ်တော့ပဲ ကြက်ရင်ဘုံ တခြမ်းစီ ကြက်သားတုံးတွေနဲ့ ချက်ထားပါတယ်။

အသားတုံးကြီးတော့ အသားထဲကို အရသာဝင်ဖို့ အတွက် … ညကတည်းက .. ကြက်ရင်ဘုံခြမ်းတွေကို ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ နှင့် နှယ်ပီးနောက် ဒိန်ချဉ် တခွက် ထပ်နှယ် … ရေခဲသေတာထဲမှာ တည နှပ်ထားလိုက်ပါ။

ဆီကို ခွက် တ၀က်လောက်ထည့်။ ဆီပူပီဆိုတာနဲ့ ရေဆေးပီး ရေစင်နေအောင် စစ်ထားတဲ့ ပျဉ်တော်သိမ်ရွက်ထည့်။ ဆီသတ်။

သစ်ကြားပိုးခေါက်၊ ကရဝေးရွက်၊ နံနံစေ့၊ စမုံစပါး၊ လေးညင်းပွင့်၊ ငရုတ်ကောင်းစေ့ထည့် ဆီသတ်။

မဆလာ အနံလေးတွေ မွှေးတက်လာလိမ့်မယ်။

( ကြိတ်ထားသော ) ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်

တညနှပ်ထားပီး – မချက်ခင် နာရီဝက်လောက် ကတည်းက ရေခဲသေတာထဲက ထုတ်ထားတဲ့ ကြက်ရင်ဘုံတုံးတွေကို ဆီသတ် အနှစ်ဖတ်တွေနဲ့ သေချာ နှံစပ်နေအောင် မွှေ …

( ခက်စပ်စပ်လေး စားချင်ရင် ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပါ ထပ်ထည့်ချက်ရင် – ဒိန်ချဉ် နှပ် – မဆလာ အနံသင်း ကြက်သားဟင်းက ပိုစားလို့ကောင်းပါတယ် )

ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထည့်။

ရေကို အသားမြုပ်ရုံထည့်ပီး မီးမြေးမြေးဖြင့် တည်ထားပါ။

ဒီကြက်က ဒိန်ချဉ်နဲ့ တည လောက် နှပ်ထားတော့ အသားထဲ အချဉ်က စိမ့်နေတာမို့ နူးလွယ်တယ်။

ပထမ ကြက်သားထဲက ထွက်လာတဲ့ ကြက်သား ( အသားရည် ) နှင့်ပဲ တရေလောက် အဖုံးအုပ်ပီးမှ ဆီပြန်လာခါနီးမှ နောက်ထပ် ရေနည်းနည်းထပ်ထည့်ပီး ချက်ပါ။

ဆီကျန် .. ရေ ကျန် အနေအထား ( သို့မဟုတ် ) ဆီပြန်နေအောင် ချက်သော ကြက်သားမဆလာချက်

ဒိန်ချဉ်နှင့် နှပ်ပီး ပျဉ်တော်သိမ် ဆီသတ် အရသာနှင့် အတူ နံနံစေ့၊ လေးညင်းပွင့်များကြောင့်ရယ်။ ဟင်းချက် အနှစ် ကောင်းတာမို့ .. စားလို့ကောင်းတဲ့ ကြက်သား မဆလာချက်

Advertisements