ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲ

အိမ်မှာ ရှမ်းခေါက်ဆွဲ ချက်စားသော မုန့်ဖတ် တံဆိပ်

ရေနွေးပွက်ပွက်ဆူထဲကို မုန့်ဖတ် ၁၀ စကန့်ပဲ ထည့်ပြုပ်၊ ဆယ်ပီးတာနဲ့ တပြိုက်နက် ရေအေးလောင်းချပီး မုန့်ဖတ်ကို ဇကာဖြင့် ရေစစ်ထားပါ။

မုန့်ဖတ် ချက်နည်း အညွှန်း

မုန့်ဖတ်

ပြုပ်အပီး

ပဲပင်ပေါက် ( Soy Bean Sprouts )

ပဲပင်ပေါက်ကို ရေနွေး ပွက်ပွက်ဆူ အိုးထဲ ၃ စကန့်လောက်ထည့်ပီး ရေနွေးဖျော်ပီးတာနဲ့ ချက်ချင်းဆယ်ပါ။

ဂျူးမြစ်

ငရုတ်သီးတောင့်ကြော်

မြေပဲကို ကြိတ်စက်ဖြင့် ကြိတ်ထားသော မြေပဲ …

 ကြက်သွန်ဖြူကို ကြိတ်စက်ဖြင့် ကြိတ်။ ဆီအိုးတည်။ ဆီပူလာပီ ဆိုတာနဲ့ ကြက်သွန်ဖြူထည့် နာနတ်ပွင့် နှင့် စောကော်သီး ထည့်ပီး ကြော်ပါ။

ကြက်သွန်ဖြူ ဆီချက်

Dried Star Aniseed – နာနတ်ပွင့်

Chinese black cardamom

ပန်းကန်လုံးထဲ ကော်မှုန့် ( Corn Starch ) ထမင်းစားဇွန်း ၂ ဇွန်း လောက်ထည့်ပီး ရေအေးအေးနဲ့ ဖျော်လိုက်ပါ။

ပီးရင် မီးဖိုပေါ် တင်ပီး မီးအေးအေး နဲ့ အဆက်မပြတ် မွှေပေးလိုက်တဲ့ အခါ ကော်မှုန့် အရောင် အဖြူ ရောင် ပြစ်ပြစ်ကနေ အရောင်လေး ကြည်လာပီး နည်းနည်းလည်း ကျဲသွားပါလိမ့်မယ်။

ငရုတ်သီးဆီကျက်

ဝက်ခေါက်ကြော်

မုန်ညှင်းချဉ်

ဝက်သားကို အတုံးသေးသေးလေးတွေ တုံးပီး ဆား၊ ဆနွင်းမှုန့် တို့ နဲ့ နယ်ပီး ခဏ နှပ်ထားတဲ့ အချိန်မှာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၊ ငရုတ်သီး အစိမ်းမှုန့်ပါ ရောထောင်းထားပီးနောက် ခရမ်းချဉ်သီး များကို ပါးပါးလေးလှီးထားပါ။ ချက်မယ့် အိုးထဲ ဆီထည့်ပီး ဆီပူလာပီ ဆိုတာနဲ့ ထောင်းထားသော အစာများထည့် ခရမ်းချဉ်သီးထည့် ခရမ်းချဉ်သီးများ လိပ်တက်လာပီ ဆိုရင် ဇွန်းနဲ့ ခြေပီး နှပ်ထားသော ၀က်သားတုံးသေးသေးလေးများထည့်ပါ။ ရေ အနည်းငယ်မျှ ထည့်ပီး ဆီပြန်လာတဲ့ အထိ ချက်လိုက်ပါ။

ဝက်သားဟင်း

ကြက်သွန်မြိတ်များကို ပါးပါး လှီးထားလိုက်ပါ။

ရှမ်းခေါက်ဆွဲ နှင့် ဟင်းရည်

ရှမ်းခေါက်ဆွဲ မုန့်ဖတ်၊

မြေပဲထောင်း၊

ဝက်သားဟင်း အနှစ်၊

ကြက်သွန်ဖြူဆီချက်၊

ကော်ရည်၊

ကြက်သွန်မြိတ်၊

ပဲပင်ပေါက်၊

ပဲငံပြာရည် အနည်းငယ်၊

မုန့်ညင်းချဉ်၊

အချိုမှုန့် ( သို့မဟုတ် ) ဟင်းခတ်မှုန့်

ကြက်သွန်မြိတ် ခတ်ထားသော ဟင်းရည်

ငရုတ်သီး ဆီချက်၊ ငရုတ်သီးတောင့်ကြော် နှင့် အသားတုကြော်

Advertisements