မုန့်ဟင်းခါး

မုန့်ဟင်းခါး

Deck Egg ( ဘဲဥ )

မုန့်ဟင်းခါး နှင့် ကော်ဖီခါး

အိုးဘဲဥ၊ ပဲကြော် မုန့်ဟင်းခါး

ဟင်းရည်ဆမ်း ပီး

ဟင်းရည် မဆမ်းခင်

အိုးဘဲဥ

ငါးခူကို အကောင်လိုက် ၀ယ်ပီးရင် ရေနွေးနဲ့ ဖြောပီး ငါးအရေခွံ အမည်းတွေကို ဓါးနဲ့ ခြစ်ပေးထားလိုက်ပါ။

ဓါးနဲ့ ငါးခူကို ပါးပါးမွန်းပေးထားလိုက်ပီး

ငါးပြုပ်မယ့် အိုးထဲမှာ စပါးလင်ကို အရင်ထည့်ပီး သူ့အပေါ်က ငါးခူ အကောင်ကိုတင်ပါ။

ငံပြာရည်နှင့် ငါးခူကို ရေခန်းပြုပ်ပါ။

ပြုပ်ပီး ငါးခူ အသားတွေကို အတုံးကြီးကြီး နွှင်ထားပေးပါ။

ဆီ အနည်းငယ်ထဲမှာ ကြက်သွန်ဖြူ၊ ဂျင်းထောင်းပီး ဆီသတ်ပါ။

ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့်ပီး ဆီသတ်ချက်ပီးမှ

နွှင်ထားသော ငါးခူများထည့်။

ကုလားပဲမှုန့်ကို မီးမြေးမြေးဖြင့် မီးဖိုပေါ်မှာ လှော်ပီး ရေအေးဖြင့် ကုလားပဲမှုန့်များ ပျော်နေအောင် ဖျော်ပီး ထည့်ပါ။

ဆန်မှုန့်ကိုလည်း မီးမြေးမြေးဖြင့် မီးဖိုပေါ်မှာ လှော်ပီး ရေအေးဖြင့် ဆန်မှုန့်များ ပျော်နေအောင် ဖျော်ပီး ထည့်မွှေပါ။

 မုန့်ဟင်းခါး ဟင်းရည်အိုးကို အဆက်မပြတ်မွှေထားပေးပါ။ ရေ ထည့်ပါ။

မုန့်ဟင်းရည် ပွက်ပွက်ဆူပီ ဆိုလျှင် ကြက်သွန်နီဥ၊ ဘဲဥပြုပ်များထည့်။ ၅ မိနစ်ကျော်လောက်ဆို ကြက်သွန်နီဥများ နူးလောက်ပီမို့ မီးမြေးမြေးဖြင့် မီးသင်းထားသော ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။

ငရုတ်သီး အကျက်မှုန့်

ကြက်သွန်ဖြူ ဆီချက်

မုန့်ဟင်းခါး မုန့်ဖတ်

နံနံပင်၊ သံပုရာသီး