A Dong – Market

$2.29

ဒီမုန့်က မြန်မာမှာလည်း ၀ယ်လို့ ရတယ်။ သမီးလေး အကြိုက်ဆုံး မုန့်

ဂျယ်လီကို အစုံပါတဲ့ Assorted ပဲ ရွှေးလိုက်တယ်။ တမျိုးချင်းစီ လည်း ရှိတယ်။ လိုင်ချီးကြီးပဲ ဖြစ်ဖြစ်၊ နာနတ်သီး၊ စတော်ဘယ်ရီ တမျိုးချင်းစီ ရှိပေမယ့် အစုံကို တဗူးတည်း စားချင်တာမို့ ကလေးတွေက ၀ယ်ရင် Assorted ပဲ ရွှေးဝယ်ကြတယ်။

မျှစ်ချဉ်ဗူးက မျှစ်ချဉ်ဖတ်တွေက ဒီအတိုင်းပဲ စားတောင် ရတယ်။ ချဉ်ဖတ် အချဉ်ရည်က ငံလည်း ငံတယ်။ ချဉ်လည်း ချဉ်တယ်။ စားလို့ ကောင်းတယ်။ ဒီဗူးက။ ပဲငံပြာရည် အနောက် (ရန်ကုန်မှာကတည်းက စီးတီးမတ်ကနေ ၀ယ်သုံးလာတာ ABC ပဲငံပြာအကြည်နဲ့ အနောက်ဗူးမို့လို့ ဒီရောက်တော့လည်း အဲဒီ တံဆိပ်ပဲ သုံးနေမိတယ်။ သူ့ထက်ကောင်းတဲ့ တံဆိပ်ရှိမှာပါ။ ပြောင်းမသုံးရဲသေးဘူး။ )

ဒီငံပြာရည်ပုလင်းက နည်းနည်းလေး ဖျန်းရုံနဲ့တင် တော်တော်ငံနေတာမို့ ကိုယ့်အကြိုက်ပဲ။ ကိုယ် ဆားဆိုလည်း စားပွဲတင်ဆား (နည်းနည်းလေးနဲ့ လေးလေးပင်ပင် ရှိတာ ကြိုက်တယ်) ဆားတို့ ငံပြာရည်တို့ကို နှမ်းပက်သလို ဖြူးရတာ ကြိုက်တယ်။

ပဲငံပြာရည် အကြည် dark soy sauce

ဒီမုန့်ကလေ ရန်ကုန်မှာလည်း ရတယ်။ ဈေးလည်း သိပ်မကွာ ဘူးလို့ ထင်တာပဲ။

တုန်ယန်ကို အုန်းနို့လေးနဲ့ ချက်မှာမို့လို့ ၀ယ်လာလိုက်တာ။ အိမ်မှာ စပါးလင်လည်း ရှိတယ်။

ဆေးဘဲဥ။ သုပ်စားဖို့ ၀ယ်လာလိုက်တာ။ ဒယ်ဒီ အကြိုက်။

ဒါက ဘဲဥ အငံ၊ ပြုတ်ပီး ဆန်ပြုတ် ပူပူလေး နဲ့ စား၊ စားလို့ ကောင်းတယ်။ ခေါက်ဆွဲပြုတ် တို့ နဲ့ တွဲစား စားလို့ကောင်းတယ်။

ကိုယ့်စားချင်လို့ ငပိရည်တို့။ ငပိလိမ္မာချက်တို့နဲ့ တို့စားဖို့ မန်းကျည်းရွက်နု .. ချဉ်ရည်ဟင်း ချက်ဖို့

ကလေးတွေက chilli sauce ကို sweet ဖြစ်တာဆို ကြိုက်တယ်။ မစပ်လို့လေ။

ကျောက်ဖရုံသီး – ၀က်နံရိုးနဲ့ ချက်မလို့။ ချက်တဲ့အခါ ဆီမထည့်ဘူး။

ဘူးသီးနုနု၊ ကိုယ် အဲဒီ ဆိုင်ကပဲ မြန်မာကြက်နဲ့တူတဲ့ အိမ်ကြက် တကောင် ၀ယ်လာသေးတယ်။ ကြက်သားကာလသားဟင်း ချက်မလို့။ ဒီတခါ အသားလေး နှုးခါနီးမှ ဘူးသီး နုနု စိပ်ထားတာလေး ထည့်မယ်။

အမေရိကားမှာ ကြက်မာ တဲ့ ကြက်လည်း ရှိသလို မွှေးမြူရေးကြက်ကတော့ ပုံမှန်ပဲ

မြေပဲတောင့်လေ။ ကလေးတွေက မောင်းတီးပီး တွန်းလှည်းနဲ့ ရောင်းတဲ့ မြေပဲပြုတ်ကို သိပ်ကြိုက်တယ်။ ဒီဆိုင်မှာ ရောင်းလို့ ၀ယ်လာတာ။ ပြုတ်ခါနီး ဆားလေး နည်းနည်း ထည့်ပြုတ်မယ်။

အိမ်မရောက်သေးဘူး။ ကလေး ၂ယောက် ကားပေါ်မှာကတည်းက တယောက် တဗူး သောက်ပီး ပီ။ သူ့ကို သေချာ မကြည့်လိုက်မိဘူး။ peach ဆိုပီး ယူလာတာ။ peach ginger ဖြစ်နေတယ်။ သိပ်မကောင်းဘူး။ ရန်ကုန်မှာ သောက်တဲ့ jucy juice မှတ်လို့။ အဲလိုဗူးလေးနဲ့ အထဲမှာ စတော်ဘယ်ရီ ဂျယ်လီအေးတွေလေ။

ဒါက ဂျပန်မှုန့်

မုန်ညင်းကင်ချီကို ထမင်းကြော်နဲ့ပဲ ဖြစ်ဖြစ် ခေါက်ဆွဲပြုတ်နဲ့ပဲ ဖြစ်ဖြစ်၊ ထမင်းနဲ့ဖြစ်ဖြစ် စားချင်လို့ ၀ယ် လာတာ။

ဆီချက်ခေါကဆွဲ လုပ်စားဖို့။

ဒါက ကာဖီတို့ လက်ဘက်ရည်တို့နဲ့ တွဲစားဖို့ အီကြာကွေး၊ ဆီသန့်တယ်။ မိုက်ခရိုဝေ့မှာ ၁ မိနစ်ပဲ အပူပေးလိုက်တာနဲ့ ရပီ။

ဂဏာန်းတွေကို ဒီလို အရှင်တွေကို ကန်တခု ထဲ ထည့်ပီး ရောင်းတာ။ ဒီလို ဂဏာန်း အမျိုးအစား

ဒါ ဈေးသွားဝယ်တဲ့ A Dong ဆိုင်ပေါ့။ အမေရိကားမှာ ဒီလို ဆိုင်မျိုးတွေ ပေါတယ်။ ဈေးလည်း သက်သာတယ်။ Asian ဆိုင်တွေက။ လတ်လတ်ဆတ်ဆတ်တွေလည်း ရတယ်။

တနှစ်ကို DV သမားတွေ ၅သောင်းလားမသိဘူး ပေါက်တာ။ သူတို့နဲ့ နောက်ဆက်တွဲ အမျိုးတွေ ပါနဲ့ဆို ဒီကို ရောက်နေတဲ့ မြန်မာတွေ နောက်ဆို များပြားလာပီး တနေ့ နေ့ တချိန်ချိန် ရန်ကုန်က စီးတီးမတ်လိုမျိုး အမေရိကားမှာ လာဖွင့်ချင် ဖွင့်နိုင်မှာပါ။

လောလောဆယ် နယူးယောက်မှာလည်း မြန်မာကုန်စုံဆိုင်တွေ ရှိပါတယ်။ ဒီလောက်တော့ မကြီးဘူး။ ဒါပေမယ့် အရင်းအနှီးတော့ ကြီးမှာပါ။ ၀ယ်လိုအားက ဒီဆိုင်မှာ အဖြူတွေကော၊ မစ်ဆီဂန်တွေပါ လာဝယ်ကြတယ်။ ဗီယက်နန်တွေ အများဆုံးပေါ့။ ၀ယ်တဲ့လူများတော့ ကိုက်တာပေါ့နော်။ ကိုယ်တို့ ရွှေအစားအသောက်တွေလည်း ၀ယ်လိုအားများရင် ရောင်းလိုအားလည်း များလာမှာပေါ့။

နောက်ဆို လက်ညစ် မုန့်ဟင်းခါး မုန့်ဖတ်တောင် အစစ် ဒီမှာ ရချင် ရမှာ။ အခုတောင် ပဲပြုတ် ရနေပီ။

သားသားနဲ့ သမီးလေး။ ဈေးဝယ်ထားတဲ့ အထုပ်တွေနဲ့ ဆိုင်ရှေ့မှာ ဒယ်ဒီကို စောင့်နေတာ။ အမေရိကားလမ်းတွေလည်း တချို့နေရာတွေမှာ အမှိုက်တွေ တွေ့ရတတ်ပါတယ်။

အဲဒီ ဈေးဘေးနားမှာ စားသောက်ဆိုင်တို့။ ကွိုင်နဲ့ အ၀တ်လျှော်တဲ့ဆိုင်တို့၊ ဆံပင်ညှပ်ဆိုင်တို့ ရှိတယ်။

ကိုယ်တို့ ၀ယ်ထားတဲ့ အစားအသောက်တွေ၊ casher carry ပေါ်မှာ တင်ထားတာ။ ပိုက်ဆံရှင်းဖို့။

ဒီဆိုင်မှာ ချယ်ရီသီးတွေ တန်တယ်။ အနွမ်းကြီး မဟုတ်ဘူး။ အပုပ်လည်း မဟုတ်ပါပဲ။ တပေါင်မှ ၁ ကျပ်ခွဲပဲ။ stop and shop မှာ အခု လာမယ့် တနင်္လာနေ့က အမေရိကားမှာ memorial day မို့လို့ discount price : US$ 3.99/lb . A dong ဆိုင်က ကိုယ် တပေါင်ပဲ ၀ယ်လာမိလိုက်တယ် စားကောင်းလို့ stop and shop မှာ ထပ်ဝယ်တော့ ၂ပေါင်ကျော်ကို US$8 ကျော်လောက် ပေးလိုက်ရတယ်။

Advertisements