Turkey curry
Turkey Price
Seasoning Mix
For ground beef or turkey
Turkey ပေါင် ၃တုံးကို ဓါးနဲ့ အရင်မွှန်းပီး
ဆား၊
ဆနွင်းမှုန့်၊
ဟင်းခတ်မှုန့်၊
ငရုတ်သီး အရောင်တင်မှုန့်၊
seasoning mix နဲ့ အရင်နှယ်ပေးထားပါ။
ဆီပူအိုးထဲမှာ ထောပတ်တဇွန်းလောက် ထည့်မွှေပေးပီး
ကြိတ်ထားသော ကြက်သွန်ဖြူ၊
ကြက်သွန်နီကို အရင်ကြော်ပီးမှ
ငရုတ်သီးခြောက်ကို ထည့်ပီး ဆီသတ်ပါ။
ပီးရင် ဖလာစေ့ ၂စေ့၊
သစ်ကြံပိုးခေါက်၊
ကရဝေးရွက်ကို ထည့်၍ ဆီသတ်ပီးမှ နှပ်ထားသော Turkey ကို ထည့်ကြော်လိုက်ပါ။
အစာပလာစာတွေ အသားထဲ ၀င်အောင်ကြော်ပေးပီးမှ ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်မွှေပေးပါ။
ခရမ်းချဉ်သီး အရည်နည်းနည်းပျစ်လာမှ ရေကို Turkey အသား မြုပ်ရုံ ဖြည့်ပီး အဖုံးအုပ်ချက်ပါ။
မီးမြေးမြေးဖြင့် ၃ ရေ လောက် ချက်ပီးရင် Turkey အသားလည်း နူးပါပီ။
ဆီနည်းနည်း ဖြင့် ချက်ပါက
ဆီပြန်နေပီး ..
အသား အိုးမကပ်သွားဖို့ အတွက်
ဆီပြန်လာခါနီးမှာ မီးကို အရှိန်လျှော့ပီး
Low Heat အထိ ခပ်ကြာကြာလေး ထားပေးပါက ..
ဆီပြန်နေသော ဟင်းကို ရရှိပါမည်။
Turkey နေရာမှာ ကြက်သား ကို အစားထိုးပီး ချက်လို့လည်း ရပါသည်။