Roast Turkey

Turkey နှင့် စကားပြောခြင်း ….

၁၃ ပေါင်ခွဲလောက် ရှိတဲ့ Turkey ကို ရေသေချာဆေး၊ အထဲက လည်ချောင်းရိုးနဲ့ အသဲ အထုပ်ကို လွှင့်ပစ်လိုက်ပါတယ်။

ဟင်းခတ်မှုန့်၊

Rose mary အမှုန့်၊

ဆား၊

ငရုတ်သီး အရောင်တင်မှုန့် 

ပထမဦးဆုံး Turkey ကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ နှံစပ်နေအောင် နှယ်ပေးပီး …

ရေခဲသေတ္တာအောက်ထပ်ထဲမှာ ( ၆ နာရီ ~ ၈ နာရီ ) အထိ ထည့်ထားပါ။

မချက်ခင် တနာရီလောက်ကြိုပီး ရေခဲသေတ္တာထဲက ထုပ်ထားပါ။

Turkey ကို  ပျားရည်သုပ်ပေးပါ။

ငရုတ်သီး ( အစပ် ) အနှစ်

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နံနံပင်တို့ကို နှုတ်နှုတ်စင်းပါ။

ငရုတ်သီး အနှစ်ဖြင့် နှယ်ပီး

Turkey ထဲ အစာသွတ်ပေးလိုက်ပါ။

Turkey အပေါ်ကနေ ထောပတ်များများ သုတ်ပေးလိုက်ပါ။

oven ထဲ ထည့်။ 350 °F နဲ့ ၃ နာရီ ခွဲလောက် ကင်လိုက်ပါ။

တစ်နာရီခွဲလောက် ကင်အပီးမှာ oven foil ထဲ ကျလာတဲ့ ထောပတ်ဆီ အရည်တွေကို ခပ်ပီး Turkey ပေါ် ဆမ်းပေးရင်းနဲ့ ပျားရည် ထပ်သုတ်ပါ။

Rose mary အမှုန့် ထပ်ဖြူးပီး နောက်ထပ် နှစ်နာရီလောက် 350 °F နဲ့ ထပ်ကင်လိုက်ပါ။

စုစုပေါင်း 3 နာရီခွဲ 

Advertisements