ဌက်ပျော်သီးရွှေချီဆနွင်းမကင်း

Banana sooji

ဌက်ပျော်သီးရွှေချီဆနွင်းမကင်း  – ၈ လက်မ ပတ်လည် oven foil နဲ့ မုန့်ဖုတ်ထားတယ်။

 ဌက်ပျော်သီးရွှေချီဆနွင်းမကင်း

ဂျုံမှုန့်နဲ့ ဖုတ်တဲ့ ဌက်ပျော်သီး ဆနွင်းမကင်းလည်း စားကောင်းသလို …

ရွှေချီမှုန့်နဲ့ ဖုတ်တဲ့ ဌက်ပျော်သီး ရွှေချီဆနွင်းမကင်းလည်း တမျိုး စားကောင်းပါတယ်။

မုန့်ဖုတ်အပီး ဖောင်းတက်နေသော ဌက်ပျော်သီး ရွှေချီဆနွင်းမကင်းဗန်း

လေးထောင့်တုံးပုံစံ မလှီးစိပ်မှီ …

** ချက်၊ စားနည်း ** 

ဌက်ပျော်သီး –  ၆ လုံး၊

အုန်းနို့ – ၁ ဗူး၊

ဂီးထောပတ် – ဆန်ချိန်ခွက် ၃ပုံ၂ ပုံ ( ၆အောင်စ )၊

ရွှေချီ – ဆန်ချိန်ခွက် ၁ ခွက်၊

သကြား – ဆန်ချိန်ခွက် ၁ ခွက်၊

ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊

ဘိန်းစေ့ – အနည်းငယ်

ဌက်ပျော်သီး ၆ လုံးကို …

အုန်းနို့ တစ်ဗူးနဲ့ မွှေစက်ထဲ ထည့်မွှေလိုက်ပါတယ်။

ပီးမှ ရွှေချီမှုန့် – ဆန်ချိန်ခွက် နဲ့ တစ်ခွက်၊

ဂီးလ်ထောပတ် ဆန်ချိန်ခွက် နဲ့ သုံးပုံ ၂ပုံ၊

သကြား – ဆန်ချိန်ခွက် တစ်ခွက်စာကို ဖျော်စက်ထဲ ထည့်မွှေ ရောလိုက်ပီး ….

ဆား – လက်ဘက်ရည် တစ်ဇွန်း … ပါထည့်မွှေပါတယ် … 

အစားအသောက် အရောင်ဆိုးဆေး အနီရောင် အမှုန့် လက်ဘက်ဇွန်း ၄ ပုံ ၁ ပုံလောက် … ဖျော်စက်ထဲ  ထည့်မွှေပေးလိုက်ပါ။

မွှေပီးနောက် …

၈ လက်မ ပတ်လည် oven foil

ဂီးလ် ထောပတ် အနည်းငယ်ကို   …   မုန့်ဖုတ်မယ့် oven foil ထဲ ထည့် .. အရည်ပျော်အောင် အပူ ခဏ ပေးထားလိုက်ပါတယ်။

မုန့်နှစ်ကိုလောင်းထည့်ပါ …

ဘိန်းစေ့ ကို နေရာမလပ် ဖြူးပေးပါ …

oven ထဲ ထည့်ပီး 350 ºF နဲ့ ၁ နာရီကျော်လောက် မုန့် ဖုတ်လိုက်ပါတယ်။

မုန့် အပေါ်မျက်နှာပြင် ထပ်ကျက်ဖို့ အပေါ်မီးနဲ့ ၁၀ မိနစ်လောက် သတိထားပီး ထပ်ဖုတ်ထားလိုက်တယ်။ 

ပီးမှ  ရေခဲသေတာ အောက်ထပ် အခန်း ထဲ ထည့်။ နာရီဝက်လောက် အအေးခံ လိုက်ပါမှ ဌက်ပျော်သီး ရွှေချီ ဆနွင်းမကင်းက လှီးလို့ ကောင်းသွားပါတယ်။ 

 

မုန့်ဖုတ်အပီး မုန့်သား ဖောင်းဖောင်းလေး

 ဌက်ပျော်သီး အရမ်းမှည့်နေရင် လက်ဖြင့် ချေပီး ဆနွင်းမုန့်ဖုတ်ပါ။

မုန့်ဖုတ်နေစဉ် မုန့်သား ကျက်မကျက်ကို သွားကြားထိုးတံဖြင့် စမ်းကြည့်လို့ရတယ်။

သွားကြားထိုးတံမှာ မုန့်သား မကပ်တော့ဘူးဆိုလျှင် မုန့်သားကျက်ပါပြီ။

ရေခဲသေတာထဲ အအေးမခံပဲ အပြင်မှာ ထားပီး ဖုတ်ထားသော မုန့် အအေးခံရင် ရပါသည်။

Advertisements