Strawberry Pattern Swiss Roll
Strawberry Pattern Swiss Roll
Ingredients :
- Egg – 4 ( yolks and white separated )
- Sugar – ½ cup
- All Purpose Flour – ¼ cup ( or ) 4 tbsp
- Corn Starch – ¼ cup
- Vanilla extract – 1 tsp
- Food color – Red, green, white or black
- Strawberry Jam
- Fresh Strawberries
- Preheat oven 375ºF – 10 ~ 12 minutes
- ( Swiss roll patterns ( Angels, strawberry, star, cherry, apple, heart, christmas tree, color spots, snow flake and etc …. )
Strawberry Pattern Swiss Roll
- ကြက်ဥ – ၄ လုံး ( အနှစ် နှင့် အကာကို သပ်သပ်စီ ခွဲထားပါ။ )
- သကြား – ½ cup
- ဂျုံမှုန့် – ¼ cup ( or ) 4 tbsp
- ကော်မှုန့် – ¼ cup
- သစ်ခွ အနံအရသာ အမွှေးဆီ – 1 tsp
- Food color – Red, green, white or black
- စတော်ဘယ်ရီယို
- စတော်ဘယ်ရီသီး
- ကြက်ဥ အကာ ၄ လုံးကို မွေစက်ဖြင့် High Speed ထားပြီး မွှေပါ။
- ၁မိနစ် ခြားစီ စက်ဖြင့် မွှေပြီး အကြာမှာ သကြား ထမင်းစားဇွန်း ၁ ဇွန်းစီ ထည့်သွားပါ။
- မွှေစက်ဖြင့် ကြက်ဥအကာကို ၁ မိနစ်ခြားစီ သကြား တစ်ဇွန်းစီ ထည့်ပြီး ၅ မိနစ် အကြာမှာ ခရမ်အနေအထား ပြစ်ပြစ် ကို ရလာပါလိမ့်မယ်။
- ကြွေပန်းကန်လုံးကို မောက်ပြီး ကြည့်လိုက်ပါ။ ကြက်ဥအကာ ( ခရမ် )များ အောက်ကို ပြုပ်မကျလာတဲ့ အနေအထားကို ရနေပါပြီ။
- ဆက်မွှေချင်သေးရင် ၈ မိနစ်လောက်အထိ မွနေအောင် မွှေလို့ရပါတယ်။
ကြက်ဥ အကာ ခရမ် ပြစ်ပြစ်
ကြက်ဥ အကာ ၄ လုံး နှင့် သကြား ¼ cups – ၅ မိနစ် အကြာ မွှေအပြီး
ကြက်ဥ အနှစ် ၄ လုံး နှင့် သကြား ¼ cup ၃ မိနစ်အကြာ မွှေအပြီး
( သကြားက ပုံမှန် သကြားအမှုန့်ပါပဲ .. သကြား အမှုန့် အရည်ပျော်တဲ့ အထိ ကြက်ဥကို မွှေစက်ဖြင့် မွှေပါ။ )
- ဂျုံမှုန့် – 1/4 cup
- ကော်မှုန့် – 1/4 cup ( နှစ်မျိုးကို သမနေအောင် ရောမွှေထားပြီးမှ )
- vanilla extract – 1tsp ထည့်
- နှယ်ပြီးတာနဲ့ မွှေပြီးသား ကြက်ဥ အနှစ် ပန်းကန်လုံးကို ယူပီး ထည့်ရောပါ။
- ပြီးမှ သကြားနှင့် အတူ မွှေပြီးသား ကြက်ဥ အကာ ကို ထည့်မွှေပါ။
- စတော်ဘယ်ရီ swiss roll မို့ အရောင်တင်ချင်ရင် ပန်းရောင် ကိတ်မုန့် အရောင်ဆိုးဆေး တစ်စက်၊ နှစ်စက်လောက် ထည့်ရောမွေပါ။
- ပြီးလျှင် oven tray ထဲမှာ baking paper ခင်းပြီး မုန့်နှစ်များကို ထည့်ပါ။
- ၁၀ လက်မ ပတ်လည် oven tray လည်း ရပါတယ်။
- အခု swiss roll က 8″ x 12″ oven tray
- ( oven foil တွေက အောက်မျက်နှာပြင် မညီပါဘူး။ အဖု အဖောင်းတွေနဲ့ အလှူမီနီယံ foil တွေပါ။ oven tray ကို သုံးတာ ပိုကောင်းပါတယ်။ အောက်မျက်နှာပြင် ညီညာ ပြန့်ပြန့်လေး )
- ကြိုတင် ဖွင့်ထားသော Preheat oven ထဲမှာ 375ºF – 11 ~ 14 မိနစ်လောက်ဆို ရပါပြီ …
ရလာတဲ့ ကိတ်သားကို ၅ မိနစ်လောက် အအေးခံပါ။
baking paper ကို ကိတ်မုန့်သားမှ ခွာထုတ်လိုက်ပါ။
ပြီးရင် လိပ်လိုက်ပါ။ ကျစ်ကျစ်လေး လိပ်တာ မဟုတ်ပါဘူး။ ကိတ်မုန့်သားကို လိမ့်ပြီး ခပ်ဖွဖွလေး လိပ်ရုံပါပဲ ..
white cream ( ခရမ် သုပ်ချင်သုပ် )
strawberry jam နှင့် အတူ စတော်ဘယ်ရီသီး ကို ခပ်ပါးပါး လှီးပြီး ညှပ်ထည့်လို့လည်း ရပါတယ်။
စတော်ဘယ်ရီသီးကို သေးသေး လှီးထားပါ။
စတော်ဘယ်ရီယို နှင့် ခပ်ပါးပါး၊ သေးသေး၊ သွယ်သွယ် လှီးထားသော စတော်ဘယ်ရီသီးများကို ကြားညှပ်ပြီး မုန့် ကိတ်သား ကို ပြန်လိပ်ပါ။ ပြီးလျှင် …
ဘေးသား အနားသားတွေ ညီညီညာညာ ဖြစ်ဖို့ လှီးဖြတ်ထားလိုက်ပါ။
Green food color – 1 drop
milk – 1 tsp
( ဒါ ကိတ်မုန့်တွေမှာ သုံးတဲ့ အရောင်ဆိုးဆေးပါ။ ဒီအရောင်ဆိုးဆေးက ကျန်းမာရေးအတွက် စိတ်ချရပါတယ်။ )
Red/Pink food color – 1 drop
milk – 1 tsp
Black/white/violet food color – 1 drop
milk – 1 tsp
အရင်ဆုံး .. စုတ်တံဖြင့် သော်လည်းကောင်း …( new ) cotton bud ဖြင့် …
ျRed colour – Strawberry သီး အ၀ိုင်း အရင်ဆွဲပါ။
Green colour – Leaf သစ်ရွက်ပုံ ဆွဲပါ။
White or Black colour – spot လေးတွေ လိုက်ထည့်ပါ။
အထဲက ခရမ် ( သို့မဟုတ် ) စတော်ဘယ်ရီယို ခဲဖို့ လိုတာမို့ ရေခဲသေတာမှာ တစ်နာရီ မှ နှစ်နာရီလောက် အအေးခံပြီးမှ လှီးပါ။
ပြီးရင် ကိတ်မုန့်ပဲ ဖြစ်ဖြစ်၊ ပေါင်မုန့်ပဲ ဖြစ်ဖြစ် .. ပလတ်စတစ် အဖုံးပါသော မုန့်အုပ်ဆောင်းထဲမှာ သိမ်းထားပါ။
အပြင်မှာ လေမသလပ်ထားပါနှင့် .. ကိတ်မုန့်ဆိုရင် ကိတ်သားများ မာသွားလိမ့်မယ်။ ပေါင်မုန့်လည်း ထိုနည်းလည်းကောင်း ပေါင်မုန့်သားများ မာသွားပါလိမ့်မယ်။ ၁၂ နာရီ အကြာဆိုရင် သိသာတယ်။
ပလတ်စတစ် အုပ်ဆောင်းဖြင့် အုပ်ထားတော့ ကိတ်မုန့်ဆိုရင် ရေခဲသေတာမှာ ပဲ သိမ်းသိမ်း၊ အပြင်မှာပဲ ထားထား မုန့်ဖုတ်ခါစ အရသာအတိုင်းပဲ .. မပြောင်းဘူး။
ပေါင်မုန့်လည်း ထိုနည်းလည်းကောင်းပဲ …
ဒါကြောင့်မို့ ကိတ်မုန့် ဆိုင်တွေမှာ ကိတ်မုန့်ဆို အအေး ပေါ့ပေါ့ပဲ ထားတဲ့ cooler မှာ ထည့်ပြီး .. ပေါင်မုန့်ဆို ဖန် အကြည် အုပ်ဆောင်းထဲမှာ သိမ်းထားတတ်ပါတယ်။
လေသလပ် မခံသော မုန့်ကလေးများ ဖြစ်ပါတယ်။
ကိတ်မုန့်သား အလယ်မှာ စတော်ဘယ်ရီ ယိုများနှင့် စတော်ဘယ်ရီသီးများ
ရေခဲသေတာမှာ နှစ်နာရီလောက် ထည့်ပြီး အအေးခံထားတာမို့ ယိုတွေက ကိတ်မုန့်သားမှာ စေးကပ်နေပါလိမ့်မယ်။
ချောကလက်ရည်ဆမ်းထားသော စတော်ဘယ်ရီသီး
You may also like :