ကြာဇံဆီချက် ( မုန်ညှင်းချဉ် )

ဒီတခေါက် ဆီချက်ကို အအီပြေအောင် နှုတ်နှုတ်စင်းထားသော မုန်ညှင်းချဉ် အနည်းငယ်ပါ ထည့်နှယ်ထားတယ်။

ကလေးများအတွက် ကြာဇံဆီချက်

ကြာဇံဆီချက်နှင့်အတူ တွဲစားဖို့ ၀က်သားလုံးပြုတ်၊ ၀က်အူမပြုတ်နှင့် အိုးပူတိုက်ထားသော ဘေကွန်

အခုတလော သားသားက smoke bacon ကို အရမ်းကြိုက်နေလို့ အိမ်မှာ ကြာဇံဆီချက် ချက်စားတာ သူ့အတွက် smoke bacon ပါ ထည့်ပေးထားရတယ်။

နောက်အပတ် သောကြာနေ့ဆို Good Friday  …

Good Friday – March 29, 2013

Easter Sunday – March 31, 2013

ကလေးများအတွက် Easter ၏ သင်္ကေတ ကြက်ပေါက်စလေးတွေ .. ယုန်ပုံစံလေးတွေ .. သားနဲ့ သမီး စားချင်စဖွယ် ဖြစ်အောင် ကြာဇံဆီချက်ကို ပြင်ဆင်ပေးထားပါတယ်။

ကြာဇံဆီချက်

 

ဝက်အူမကို ပြုတ်ဖို့ အတွက် .. ၀က်အူမကို ရေသေချာဆေးပါ။

သံပုရာရည်ဖြင့် ဆေးလည်း ရသလို ..

ဝက်အူမတွေကို ရေဖြင့် သေချာ ပွတ်တိုက် ဆေးပြီးပါက .. ရှာလကာရည်ဖြင့် တစ်နာရီလောက် စိမ်ပြီး ရေပြောင်စင်နေအောင် ပြန်ဆေးချပါ။

ပီးမှ ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့ဖြင့် နှယ်ပါ။

အိုးပူထဲ ဓါးပြားရိုက် ဂျင်း၊ နာနတ်ပွင့် အနည်းငယ်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ၀က်အူမကို အိုးပူတိုက်ပါ။

ဝက်အူမ ထဲက ဆီ အနည်းငယ် ထွက်လာသည် အထိ အိုးပူတိုက်ပါ။

၁၀ မိနစ်လောက် အိုးပူတိုက်ပေးလိုက်ပါက ၀က်အူမ ထဲမှာ ၀က် အနံများ ထွက်သွားပါလိမ့်မယ်။

အဲဒီ အခါကျမှ ငရုတ်ကောင်းစေ့နှင့် အတူ ရေဖြည့်ပြီး ၀က်အူမများကို နူးသည့်အထိ ပြုတ်ပါ။

 

ဝက်သားပြုတ်အတွက် –

ကြိတ်ထားသော ၀က်သား

ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း

ဆား

ကြက်သားမှုန့်

ငရုတ်ကောင်းမှုန့်

သကြား

ကြက်ဥ

ပဲငံပြာရည် ( အကြည် )

ကော်မှုန့်

 

နှယ်ပြီး ခဏလောက် နှပ်ထားပါ။

corn starch – ကော်မှုန့်

ပွက်ပွက်ဆူနေသော .. အသားပြုတ်ရည် ထဲ နှပ်ထားသော အသားများကို တစ်ဇွန်းစီ ထည့်ပြုတ်ပါ။

ဝက်သားပြုတ်

 

မုန်ညှင်းချဉ်

သေးသေးနှုတ်နှုတ်စင်းထားပါ။

( သြော် .. ဒါက သေးသေးနှုတ်နှုတ် လှီးထားသော ပုံစံမဟုတ်ဘူး။ ခပ်ကြမ်းကြမ်း ရိတ်လှီးဖြတ်ထားတဲ့ ပုံစံ )

 

ကြက်သွန်မြိတ် – ပါးပါးလှီးထားပါ။

 

ကြက်သွန်ဖြူကို ကြိတ်စက်ဖြင့်ကြိတ်ပြီး

ဆီကို ပူနေအောင် အရင် အပူပေးပြီး

မီးခလုတ်ကိုပိတ်

ကြိတ်ထားသော ကြက်သွန်ဖြူများကို ထည့် .. မွှေ ပြီး ကြော်ထားသော ကြက်သွန်ဖြူဆီချက်

 

ပဲငံပြာရည် အကြည်

ကြာဇံဆီချက် အတွက် အဆင်သင့်

ကြက်ပေါက်စလေး

ဆန်ကြာဇံကို မပြုတ်ခင် ရေနွေးနွေးဖြင့် အရင် စိမ်ထားပါ။

ရေ ပွက်ပွက်ဆူနေသော အိုးထဲသို့ ဆန်ကြာဇံဖတ်များ ထည့်ပြီး ..

၅ မိနစ် သာသာ လောက်ဆို မနူးလွန်း .. ကြာဇံဆီချက်အတွက် အနေတော် ကြာဇံပြုတ်ကို ရနေပါပြီ …

ရလာသော ကြာဇံပြုတ်တွေကို ဇကာဖြင့် ရေစင်အောင် စစ်ထားပါ။

ဆန်ကြာဇံပြုတ် ( တစ်ယောက်စာ )

ပဲငံပြာရည် ( လက်ဘက်ရည်ဇွန်း ၁ ဇွန်း )

ကြက်သွန်ဖြူ ဆီချက် ( ထမင်းစားဇွန်း ၂ ဇွန်း )

ကြက်သားမှုန့် ( လက်ဘက်ရည်ဇွန်း ၁ ဇွန်း )

ကြက်သွန်မြိတ် အနည်းငယ်

မုန်ညှင်းချဉ် အနည်းငယ်

ဝက်သားလုံးပြုတ် အနည်းငယ်

ကြာဇံဆီချက် နှင့် ၀က်သားပြုတ်

ကလေးများအတွက် Tomato sauce

လူကြီးများအတွက် Chili sauce

ကိုယ့်အတွက် .. ကြာဇံဆီချက်ကို အအီပြေအောင် နှုတ်နှုတ်စင်းထားသော မုန်ညင်းချဉ် အနည်းငယ် ထည့်နှယ်ထားသော ကြာဇံဆီချက်၊ ၀က်သားလုံးပြုတ်၊ ၀က်အူမပြုတ်၊ ငရုတ်ဆီ

( အသားများဖြင့် တို့စားဖို့ – ငရုတ်ဆီကို ကြက်သွန်ဖြူ၊ ထညက်ရည်ပါ ထည့်ရောထားရင် အသားလုံးများဖြင့် တို့စားတာ အရသာ ၇ှိပါသည်။ )

ကြာဇံဆီချက်ဖြင့် တွဲစားဖို့ အချဉ်ကတော့ ကြက်သွန်နီကို ပါးပါးလှီးပြီး ငရုတ်ဆီဖြင့် နှယ်ပါ။ ကြက်သွန်နီ အချဉ်က ကြာဇံဆီချက်နှင့် အလိုက်ဖက်ဆုံပါပဲ …

ဘေကွန် ( အထူ နှင့် ပုံမှန် )

ဘေကွန် အထူ

ဘေကွန် ပုံမှန်

Advertisements