ပုန်းရည်ကြီး ထမင်းသုပ်

ပုန်းရည်ကြီး ထမင်းသုပ်၊ ကြက်ဥကြော် နှင့် ကြက်သွန်ဖြူ

ဒါက City Mart Super Market က ၀ယ်လာတဲ့ ပုန်းရည်ကြီး အထုပ်လေး တစ်ထုပ်ကို ၃၇၀ ကျပ်။

ပုန်းရည်ကြီး ထမင်းသုပ် မသုပ်ခင်ပုံ။

ထမင်း၊

ပုန်းရည်ကြီး၊

သံပုရာသီး၊

ကြက်သွန်နီဆီချက်၊

ကြက်သွန်နီ ပါးပါးလှီးထားတာရယ်၊

ငရုတ်သီးစိမ်း၊

ဆား၊

ပုဇွန်ခြောက်

ပုန်းရည်ကြီး ထမင်းသုပ်ပီး သမီးအကြိုက် အသည်းပုံ ထမင်းသုပ် ပုံစံ ဖြစ်ဖို့ အသည်းပုံ ဟင်းထည့်ခွက်ထဲကို နယ်ပီးသား ထမင်း ထည့် … ပီး … ပန်းကန်ပြားပေါ်မှာ မောက်ထည့်လိုက်ပါတယ်။

ပုန်းရည်ကြီး ထမင်းသုပ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ၊ ကြက်ဥကြော်၊ ကြက်သားကြော် ပူပူလေး နဲ့ လည်း လိုက်ဖက်ပါတယ်။

Advertisements