မြေအိုးထမင်းပေါင်း

ချက်ပီးသား ၀က်နံရိုး  – Pork Rib

ဝက်အူချောင်း – Chinese Sausage

ကြက်သွန်ဖြူ – Garlic

ဂျင်း – Ginger

ခရုဆီ – Oyster Sauce

ပဲငံပြာရည် ( အကြည် ) – Dark Soy Sauce

ပဲငံပြာရည် ( အပြစ် ) – Sweet Soy Sauce

ကော်မှုန့် – Corn Starch

ဆား – Salt

ငရုတ်ကောင်းမှုန့် – Pepper

သကြား – Brown Sugar

ကြက်သွန်မြိတ် – Spring Onion

ဆေးဘဲဥ – Preserved Duck Egg

ပုစွန်ခြောက် – Dried Shrimp

ဆန် – 2 cups rice

ကြက်ပေါင်းရည် – 3 cups Chicken Stock

ဆီ တဇွန်းကို အပူပေးပါ။

ဆီပူပီ ဆိုတာနှင့် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း ထည့် ဆီသတ်ပါ။

ဆန် ထည့်ပါ။

ခရုဆီ၊ ပဲငံပြာရည် ( အကြည် + အပြစ် ) ထည့်၊ ဆား၊ သကြား၊ ကော်မှုန့် အနည်းငယ် ထည့်မွှေပါ။

ပုစွန်ခြောက်၊ ၀က်အူချောင်း ထည့်ပါ။

ကြက်ပေါင်းရည် ထည့်ပါ။

( Medium Heat ) – 15 Minutes  မီးမြေးမြေးဖြင့် ချက်ပါ။

၁၅ မိနစ် လောက် ချက်ရင် ထမင်း ကျက်ပါလိမ့်မည်။

ထမင်း ကျက်ခါနီးရင် … ၀က်နံရိုး ကို ထမင်း အပေါ်မှာ တင်ထားပီး မြေအိုး အဖုံးကို ပြန်ဖုံးထားပါ။

( Low Heat ) – 15 Minutes ဖြင့် နောက်ထပ် ၁၅ မိနစ် ချက် အပီး …

ငရုတ်ကောင်းမှုန့် ထည့်ဖြူးပါ။

ကြက်သွန်မြိတ်ဖြူးပါ။

ဆေးဘဲဥ ထည့်ပါ။

ဝက်နံရိုး မြေအိုး ထမင်းပေါင်း

ပဲငံပြာရည်ထဲမှာ ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ စိမ်ပီး တို့စရာ လုပ်ထားပါ။

ဆေးဘဲဥ၊ ၀က်နံရိုးဖြင့် တို့စားပါက စားလို့ကောင်းပါသည်။

Advertisements