ဘဲဥချဉ်ရည်ဟင်း

Duck egg curry

Fish powder – US$ 3.95

ဒီဗူးလေးကတော့ ပုစွန်ခြောက်လိုမျိုး ငါးခြောက်မှုန့်ပါ။ စားလို့ တမျိုး ထူးခြားတဲ့ အရသာလေး ပေးလို့ သဘောကျတယ်။ ငပိစိမ်းစား/ ပုစွန်ခြောက်မှုန်က အစား သုံးရင်လည်း ရပါတယ်။

ဒီနေ့ ချက်တဲ့ ဘဲဥချဉ်ရည်ဟင်းက ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အစိမ်းမှုန့် ဆီသတ်ပီးတဲ့အခါမှာ ဒီ ပုလင်းထဲက ငါးခြောက်မှုန့်ကိုပါ ထည့်နယ် ပီး ဆီသတ်လိုက်ပါတယ်။

ပီးမှ ဘဲဥပြုတ်ပီး နည်းနည်းပြန်ကြော်ထားတဲ့ ဘဲဥပြုတ်ကြော် အလုံးလေးတွေကို ထည့်မွှေ၊ မန်းကျည်းမှည့်ရည်လေးထည့်၊ ဆားလေးနည်းနည်းလောက် ထည့်ပီး မွှေပေးထားတယ်။

နည်းနည်းလေး ဆူလာမှ ရေလေး ခပ်စပ်စပ်လောက် ထည့်ပီး မီးအပူနဲ့ ခဏလောက် တည်ထားပေးလိုက်ပါ။

ဘဲဥ အလုံးထဲကို မန်းကျည်းမှည့်ရည် နဲ့ ငါးခြောက်မှုန့် အရသာလေး ချဉ်၊ ငံ အရသာလေး ၀င်နေအောင်ချက်ထားသော ဘဲဥ ချဉ်ရည်ဟင်း။

ဘဲဥ တလုံး US$ 0.75 …. (10) လုံးကို US$ 7.5

ရွှေမှာ ဘဲဥ တလုံးကို ၁၂၀ ကျပ်။ ဆယ်လုံးကို ၁၂၀၀ ကျပ်။ ဒေါ်လာနဲ့ဆို US$ 1.5 လောက်ပဲ ရှိပါတယ်။

 US$ 7.5 ဆို ဒီမှာ  ဘဲဥ ချဉ်ရည်ဟင်း ချက်စားရတာ

တခြား ၀က်သား၊ ကြက်သားထက်တောင် များနေပါသေးတယ်။

Advertisements