ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ နှင့် ဟင်းရည်

ရွှေတောင်ခေါက်ဆွဲ ( နှယ်ပီး ပုံ )

ရွှေတောင်ခေါက်ဆွဲ အတွက် – ကြက်သား အုန်းနို့ဟင်း

ခေါက်ဆွဲဖတ်

ခေါက်ဆွဲ အလုံး နှင့် မုန့်ပြင်ထားသော ရွှေတောင်ခေါက်ဆွဲ

ကြက်သား အုန်းနို့ စိမ့်စိမ့်လေး ထည့်ပီး …. ချဉ်၊ ငံ၊ စပ် ( သုပ်ပီး ပုံ )

ခေါက်ဆွဲ အပြား ( အပြား အသေး )

ခေါက်ဆွဲ အပြား သေး နှင့် ပြင်ဆင်ထားသော ရွှေတောင်ခေါက်ဆွဲ ပန်းကန်

ငရုတ်ကောင်းမှုန့် ခတ်ထားသော ကြက်သားပြုပ် ဟင်းရည်

ကြက်သွန်ဖြူ ဆီချက် နှင့် ကုလားပဲ အကျက်မှုန့်

မုန့်ကြွပ်ကြော် ( ရွှေတောင်ခေါက်ဆွဲမှာ ထည့်စားလေ့ ရှိတဲ့ မုန့်ကြွပ်ကြော် အသေး မရှိလို့ အုန်းနို့ခေါက်ဆွဲမှာ ထည့်စားသော မုန့်ကြွပ်ကြော် )

နောက်တနည်း – ခေါက်ဆွဲဖတ်ကို ကြော်ပီး မုန့်ကြွပ်ကြော်လည်း လုပ်လို့ ရပါသေးတယ်။

(ရေနွေးဖြောထားတဲ့ ခေါက်ဆွဲ အစိုကို ဇကာ နှင့် ရေစစ်ပီး ဆီပူထဲမှာ ကြွပ်နေအောင် ကြော်လို့လည်း ရပါသေးတယ် )

ရေကို သေချာ စစ်ပါ။ ရေ မစင်ရင် ကြော်သည့်အခါ ဆီပေါက်ပါလိမ့်မည်။

ရွှေတောင်ခေါက်ဆွဲ အတွက် အဆင်သင့် ….

**** ချက်၊ စားနည်း  *****

ဒါက ကြက်ဥ ခေါက်ဆွဲပါ … သူ့ကို ဆီချက်ခေါက်ဆွဲတွေမှာ ထည့်စားတာမျိုး …. အမဲအူပြုပ်လို စွပ်ပြုပ်မှာ ထည့်စားတာမျိုး ပိုကောင်းပါလိမ့်မယ်။

ဒီ ကြက်ဥ ခေါက်ဆွဲ နှင့် ရွှေတောင်ခေါက်ဆွဲ ချက်စားပါ။

ကိုယ့် ဆီချက် ခေါက်ဆွဲ ချက်စားဖို့ အစီအစဉ် ရှိလို့ သူ နဲ့ ရွှေတောင်ခေါက်ဆွဲ မစားဖြစ်ပါဘူး။

အိမ်မှာ ရှိတဲ့ မုန့်ဖတ်တွေထဲက ရွှေတောင်ခေါက်ဆွဲအတွက် မုန့်ဖတ် ရွှေးနေတာပါ …

ဒီမုန့်ဖတ်က ရေနွေးပွက်ပွက်ဆူထဲ ၃ မိနစ်လောက် ပြုပ်ပီး ဇကာ နဲ့ ရေစစ်ထားလိုက်ရင် ရပါပီ …

ခေါက်ဆွဲ ၂ မျိုး

ခေါက်ဆွဲ ၃ မျိုး

 spaghetti ခေါက်ဆွဲ အပြား အသေးလည်း ရှိပါသေးတယ်။

ကိုယ့်ရဲ့ ဖြစ်ပုံက … အိမ်မှာ ရှိတဲ့  ….

spaghetti ခေါက်ဆွဲ အပြား အသေး ကျတော့ ရန်ကုန်က ရွှေတောင်ခေါက်ဆွဲ နဲ့ ပုံစံ တူပါတယ်။

အပေါ်က ခေါက်ဆွဲ အလုံးကျတော့ … ရန်ကုန်က ရွှေတောင်ခေါက်ဆွဲ နှင့် အရသာမျိုး တူပါတယ်။

Wonton  ကြက်ဥ ခေါက်ဆွဲက ရွှေတောင်ခေါက်ဆွဲ အမျိုးအစားပါ။

အုန်းနို့ဗူး … cream ဗူးမို့ အုန်းနို့ ပိုပြစ်ပါတယ်။

ခေါက်ဆွဲ

နှုတ်နှုတ်စင်းထားသော ကြက်သားကို ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့် နဲ့ နှယ်ပီး ခဏလေး နှပ်ထားလိုက်ပါ….

ဆီ အနည်းငယ်ကို အပူပေးပီး နှုတ်နှုတ်စင်းထားတဲ့ ကြက်သွန်ုဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကို ဆီသတ် … ပီးတာနဲ့ နှပ်ထားတဲ့ ကြက်သားထည့်မွှေပါ။  ကြက်သားထဲက ထွက်လာတဲ့ လုံးရေ နှင့်ပဲ တရေလောက် ကြက်သားနူးအောင် အဖုံးအုပ် … ချက်ထားလိုက်ပါ။

တဆက်တည်းပဲ … တဖက်မှာ အုန်းနို့ တဗူးကို ဖောက်ထည့်ပီး အုန်းနို့ ပြစ်နေအောင် ကျိုထားလိုက်ပါ။ အုန်းနို့ ပြစ်ပြစ် ရလာပီ ဆိုတာနဲ့ ကြက်သားဟင်းနဲ့ ရောလိုက်ပီး အုန်းနို့ ဆီပြန်နေအောင် ချက်ထားသော ကြက်သား အုန်းနို့ဟင်းပါ …

ဟင်းရည် အတွက် – အသားနွှင်ပီး ကျန်နေတဲ့ ကြက် အရိုးတွေကို ဆား၊ သကြား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ဓါးပြားရိုက် ကြက်သွန်ဖြူ၊ ဂျင်း တို့ နဲ့ ပြုပ်ထားလိုက်ပါ။ ဟင်းရည်အိုး ပွက်ပွက်ဆူပီ ဆိုတာနဲ့ ငရုတ်ကောင်းမှုန့်ခတ် … ကြော်ထားသော ကြက်သွန်နီကြော် နှင့် နံနံပင် ခတ်လိုက်ပါတယ်။ ( အမှန်က မုန့်ကြွပ်ကြော် နှင့် ကြက်သွန်မြိတ် ဆို ပိုကောင်းပါတယ် )

ခေါက်ဆွဲဖတ် အပြား ၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီး တစိတ်၊ မုန့်ကြွပ်ကြော်၊ ကုလားပဲအကျက်မှုန့်၊ ကြက်သား အုန်းနို့ချက်၊ ကြက်သွန်ဖြူ ဆီချက် ထဲက ကြက်သွန်ဖြူကြော်ပဲ ယူလိုက်ပါတယ်။ အစပ်စားမှာမို့ ငရုတ်သီး အကျက်မှုန့်

ရွှေတောင်ခေါက်ဆွဲကို အရည် လေး နဲ့ စားမယ်ဆိုရင် …

ကြက်သား အုန်းနို့ရည် ကျဲကျဲလေး ထည့်စားတာ ပိုစားကောင်းပါတယ်။

( သို့ )

ကြက်သွန်မြိတ် ခတ်ထားသော ကြက်သားပြုပ် ဟင်းရည် ထည့်စားတာ ပိုကောင်းပါတယ်။ ကြိုက်တတ်ရင် ဂေါ်ဖီ ပါးပါးလေး လှီးထားတာ ထည့်စားလို့ ရပါသေးတယ်။

အချဉ် ကြိုက်တတ်ရင်လည်း သံပုရာသီးလေး ညစ်ထည့်ပီး စားပါ။

~~~~~~

အုန်းနို့ခြောက်ဆွဲမှာ ထည့်စားသော မုန့်ကြွပ်ကြော် အတွက် ….

 

 

     

  

 

 

 

USA က . ဗီယက်နမ် ဆိုင်မှာ ၀ယ်လာတဲ့ … အ၀ါရောင် ခေါက်ဆွဲ အပြားခြောက် ထုပ် … တထုပ်ကို ၁ဒေါ်လာခွဲ ပဲ ရှိပါတယ် …. 

မီးမြေးမြေး အနေအထားနဲ့ ဆီနှစ်ပီး ခေါက်ဆွဲခြောက်ပြားကို ကြော်တဲ့ ယောင်းမ ဇွန်းနဲ့ ဖိပီး ကြော်ပေးလိုက်ရုံပါပဲ …

 ကြော်ရတာလည်း မြန်တယ် … ရွှေမြန်မာက အုန်းနို့ခေါက်ဆွဲမှာ ထည့်စားတဲ့ မုန့်ကြွပ်ကြော် အရသာ ကိုလည်း ရပါတယ် … 

ဘယ်ခေါက်ဆွဲခြောက် မဆို ဆီဖြင့် ကြော်လိုက်ရင် မုန့်ကြွပ်ကြော်ကို ရပါတယ်။

ငါးမုန့် ကြော်သလိုမျိုးပါပဲ ..

ကြော်သည့်အခါမှာ အကျက်ညီစေဖို့ ကြော်သည့် ယောင်းမ ဇွန်းဖြင့် ဖိပီး .. မီးမြေးမြေးဖြင့် မှန်မှန်လေး ကြော်သွားပါ။

 

Advertisements