ဝက်သားချဉ်သုပ်

ဝက်သားချဉ်သုပ်

ရှောက်ရွက်နှင့် ချဉ်၊ ငံ၊ စပ် သုပ်ထားသော ၀က်သားချဉ်သုပ်

အေရှန်ဆိုင်က ၀ယ်လာသော ၀က်သားချဉ် ဌက်ပျော်ဖက်အထုပ်

ဌက်ပျော်ဖက်ရွက် ကို ဖြည်လိုက်ရင် မြင်တွေ့ရပုံ

ပါဝင်ပစည်းများ

ဝက်သားလည်း ပါတယ်။

ဝက်အခေါက်လည်း ပါတယ်။

ရွှေမြန်မာက ၀က်သားချဉ်က ထမင်းနှင့် ချဉ်ထားတာပါ …

ဒီ ဗီယက်နမ် ၀က်သားချဉ်က ကော်မှုန့် ( corn starch ) နှင့် ပြုလုပ်ထားပီး .. ငရုတ်ကောင်းကို အစေ့လိုက် ထည့်ထားပါတယ် …

လေးထောင့် ပုံစံ အတုံးသေးသေးလေး လှီးစိတ် အပီး … .. …

ဒီ ဗီယက်နမ် ၀က်သားချဉ် က ထမင်းနဲ့ မချဉ်ထားပဲ ကော်မှုန့် နဲ့ ချဉ်ထားတော့ သိပ်မချဉ်ဘူး …

သူ့ချဉ်း သပ်သပ် စားရင်တော့ sausage လိုလို … ၀က်သားလိပ် အရသာလို လို … တမျိုးလေးပဲ … စားလို့ ကောင်းပါတယ် …

ကြော်စားရင်လည်း စားလို့ကောင်းတယ်။

သူ့က မချဉ်လို့ … သံပုရာသီး ထည့်သုပ်ပါတယ် …

ရှောက်ရွက် အနံမွှေးမွှေးလေးနဲ့ သံပုရာ အချဉ် ပေါင်းစပ်ပီး

ငရုတ်သီး ဆီချက် လည်း ထည့်သုပ်ထားသလို … ကြက်သွန်ဖြူ ဆီချက်ပါ ထည့်သုပ်ထားလိုက်ပါတယ် …

အရသာ ပိုကဲအောင် ငါးငံပြာရည် အချို၊ ကြက်သား အရသာ ဟင်းခတ်မှုန့် နှင့် အတူ ဆားနည်းနည်း …..

ပါးပါးလှီးထားသော ကြက်သွန်နီ များဖြင့် သုပ်ထားသော ၀က်သားချဉ် အသုပ် ….

ရန်ကုန်က ၀က်သားချဉ် ကျတော့ ကြက်သွန်ဖြူ ဆီချက်ပဲ ဆမ်းပီး ကြက်သွန်ဖြူ သို့မဟုတ် ဂျုးမြစ် ကိုက်ပီး စားပါတယ် …

ဒီ ၀က်သားချဉ်ကတော့ .. .. .. အရသာ တမျိုး …

ရှောက်ရွက်နု နုလေးတွေကို အလယ်က အရွက် အကြောကို သင်လိုက်ပါ။

ပါးပါးလှီးညှပ်ပီး ထည့်သုပ်ထားတာမို့ ပိုမွှေးပီး စားလို့ကောင်းတယ်။

ရှောက်ရွက်

Advertisements