ဝက်သားနီချက်၊ ပဲကြီး ဆူးပုပ်နှပ်၊ ချဉ်ပေါင်ဟင်းရည်

ဝက်သားနီချက်

ဝက်သား အသားချည်းပဲ ချက်ထားတာပါ။ အမှန်က ၀က်ပေါင်သား နဲ့ သုံးထပ်သားကို ရောချက်ရင် ပိုပီး စားကောင်းပါတယ်။ အခုလောလောဆယ် အဆီတွေ ရှောင်နေလို့ ၀က်သား အသားချည်းပဲ ကို ၀က်သားနီချက် ချက်ထားတာပါ။

ဝက်သား ၂၅ ကျပ်သား = ၂၀၀၀ ကျပ် ဖိုးကို ရေသေချာဆေးပီး ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းနဲ့ နယ်ပီးတဲ့ အခါမှာ ရှာလကာရည်၊ ပဲငံပြာရည် အနောက်တို့နဲ့ ထပ်နယ်ပေးပါ။

အနှစ် အဖတ်လေးတွေ အတွက် ကြက်သွန်နီ ၃လုံးလောက်ကို ပါးပါးလှီးပီး ကြော်ထားပါ။ ပီးရင် ဆယ်ထားလိုက်ပီး။

ဆီပူအိုးထဲမှာ သကြား ၂ ဇွန်းလောက် ထည့်ပီး မွှေပါ။ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အနှစ်များကို ထည့်၊ နှပ်ထားသော ၀က်သားထည့်၊ ပီးမှ ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးအနှစ်တွေ နဲ့ တစ်ရေလောက် ချက်လိုက်ပီးမှ ရေထပ်ထည့်ပါ။

အသားများ နူးခါနီးမှ ကြက်သွန်နီကြော်လေးများကို ထည့်ပီး ချက်ပါ။

ပဲကြီး ဆူးပုပ်နှပ်
ချဉ်ပေါင်ဟင်းရည်
Advertisements