ရုံပတေသီး ငံပြာရည်ချက်

Okra ( Lady Finger ) 

Lady finger fish sauce

Ingredients –

Garlic – 3 cloves

Onion – 1 Medium

Green chilli – 5

Tomato – 1

Coriander leave – 1 hand full

Fish sauce – 7 tbsp

Turmeric powder – 1/4 tsp

Chili powder – 1 tsp

oil – 1/4 cup

water – 1/2 cup

ရုံပတေသီး ငံပြာရည်ချက်

ငပိရည် နဲ့ တို့စရာ ရုံပတေသီးပြုပ် ကို  ကြိုက်နှစ်သက်မယ်ဆိုရင်တော့ ဒီဟင်းကို ကြိုက်လိမ့်မယ်။

  Okra 

ရုံပတေသီး တပေါင်ကို $ 4 … 

0.5 lb = $ 2.03 ( ပေါင် ၀က်ကို $ 2 )  

ကြက်သွန်ဖြူ = ၃ မွှာ

ကြက်သွန်နီ = တခြမ်း

ခရမ်းချဉ်သီး = ၁ လုံး

ငရုတ်သီးစိမ်း = ၅တောင့်

နံနံပင် = လက်တဆုပ်စာ

ရုံပတေသီး = 0.5 lb

ငံပြာရည် = ထမင်းစားဇွန်း ၇ ဇွန်း

နံနံပင် = အနည်းငယ်

ဆနွင်းမှုန့် = လက်ဘက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

ငရုတ်သီး အစိမ်းမှုန့် လက်ဘက်ရည်ဇွန်း ၁ ဇွန်း

ဆီ = ဆန်ချိန်ခွက် တ၀က်

ရေ = ဆန်ချိန်ခွက် ၁ ခွက်

 

 ကြက်သွန်ဖြူ = ၃ မွှာ၊ ကြက်သွန်နီ = တခြမ်းကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။

ခရမ်းချဉ်သီး အလုံးသေး တလုံးကို = ရှစ်စိတ်ခြမ်း

ငရုတ်သီးစိမ်း ငါးတောင့်ကို ထက်ခြမ်းခွဲ

နံနံပင်ကို ပါးပါး ရိတ်ရိတ် လှီးထားပါ။

 

ဆီ ခွက် တ၀က်လောက် ထည့်ပါ။

ဆီပူ ပီ ဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့် ဆီသတ်။

( တအောင့် အကြာမှာ ) ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့် ထည့်မွှေ ….

ခရမ်းချဉ်သီး ရှစ်စိတ်ခြမ်းထည့်၊

ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်၊

ငံပြာရည် ထမင်းစားဇွန်း ၇ ဇွန်းလောက်ထည့် ပီးမွှေ … 

ခရမ်းချဉ်သီးဖတ်များနှင့် ကြက်သွန်ဖတ်များ နူးသွားအောင် ဇွန်းဖြင့် ချေပီးမွှေပါ …

ရေကို ဆန်ချိန်ခွက် တ ခွက်စာ ထည့် မွှေ…

တအောင့် အကြာမှာ လက်မ၀က် စိတ်ထားတဲ့ ရုံပတေသီး ထည့်မွှေ …

နံနံပင် အုပ်ပီး မီး အရှိန် လျှော့ပီး ချက်ရင် ဆီကျန် ရေကျန် ရုံပတေသီး ငံပြာရည်ချက် ကို ရပါပီ။ 

အရသာ ခပ်လေးလေး စားချင်ရင် ဆားလေး မဆိုစလောက် …. နည်းနည်းလောက် ဖြူးလိုက်ရင် ပြည့်စုံတဲ့ ရုံပတေသီး ငံပြာရည်ချက်ကို ရပါပီ။

 

Advertisements