စပါ့ကတီ ခရမ်းချဉ်သီးငံပြာရည်သုပ်

spaghetti top cheese and hot chocolate and mint

spaghetti top cheese and hot chocolate and mint

spaghetti ပေါ်မှာ cheese ကို ဖြူး

spaghetti ပေါ်မှာ cheese ကို ဖြူး

IMG_1620

microwave ထဲထည့်

spaghetti top cheese - 1 မိနစ်လောက် အပူပေးလိုက်ရင် ချိစ် အရည်ပျော်သွားပါပီ ...

spaghetti top cheese – 1 မိနစ်လောက် အပူပေးလိုက်ရင် ချိစ် အရည်ပျော်သွားပါပီ …

spaghetti and hot chocolate

spaghetti and hot chocolate

sparkling cider နှင့် တွဲသောက်မလား ?့ hot chocolate နှင့် တွဲသောက်မလား ?

sparkling cider နှင့် တွဲသောက်မလား ?့ 
hot chocolate နှင့် တွဲသောက်မလား ?

=)

=)

အားလူးချောင်းကြော်

အားလူးချောင်းကြော်

cheese ဖြူး

cheese ဖြူး

microwave ထဲထည့်

microwave ထဲထည့်

အိမ်က ကလေးများအကြိုက်cheese အားလူးချောင်းကြော်

အိမ်က ကလေးများအကြိုက်cheese အားလူးချောင်းကြော်

အသားလုံးကြော်နှင့်

အသားလုံးကြော်နှင့်

IMG_1689

IMG_1696

spaghetti ခေါက်ဆွဲကို ခရမ်းချဉ်သီး ငံပြာရည်ချက်ဖြင့် သုပ်ထားသော ခေါက်ဆွဲသုပ် နှင့် ကော်ဖီကြမ်း

spaghetti ခေါက်ဆွဲကို ခရမ်းချဉ်သီး ငံပြာရည်ချက်ဖြင့် သုပ်ထားသော ခေါက်ဆွဲသုပ် နှင့် ကော်ဖီကြမ်း

ခရမ်းချဉ်သီး ငံပြာရည်ချက် ခေါက်ဆွဲသုပ်

ခရမ်းချဉ်သီး ငံပြာရည်ချက် ခေါက်ဆွဲသုပ်

IMG_1701

 

အိမ်မှာ ကလေးများက spaghetti ခေါက်ဆွဲကို cheese meat ball ဖြင့် စားတာကို ကြိုက်နှစ်သက်သလို … ကိုယ်က Spaghetti ခေါက်ဆွဲကို အိမ်မှာ အသင့်ရှိနေသော ခရမ်းချဉ်သီး ငံပြာရည်ချက်ဖြင့် နှယ်ပီး နံနံပင် ဖြူးပီး သုပ်စားပါတယ်။

ဂျုံခေါက်ဆွဲ အရသာမှာ ခရမ်းချဉ်သီး ငံပြာရည်ချက်

( ခရမ်းချဉ်သီး – အချဉ်အရသာ + ငံပြာရည်ချက် – အငံအရသာ + ငရုတ်သီးစိမ်းများ ထည့်ချက်ထားသော ငံပြာရည်ချက် – အစပ်အရသာ ) ချဉ်၊ငံ၊စပ် ဖြင့် သုပ်စားတာမို့ အရမ်းစားလို့ကောင်းပါတယ်။

အမြင်ရှင်းအောင် ခပ်ရိုးရိုး သုပ်ပီး ပိုစ့်တင်ထားတာပါ။

နောက်ထပ်ပီး ..

ပါးပါးလှီးထားသော ဂေါ်ဖီ၊

ပါးပါးလှီးထားသော ကြက်သွန်နီ

စပါ့ကတီခေါက်ဆွဲ

ခရမ်းချဉ်သီး ငံပြာရည်ချက်

သံပုရာသီးစိတ်

နံနံပင်

ကြက်သွန်ဖြူဆီချက် ( ခရမ်းချဉ်သီးငံပြာရည်မှ ဟင်းအနှစ်ဆီ မပါဘူးဆိုလျှင် ကြက်သွန်ဖြူဆီချက် ထည့်သုပ်စားလို့ရပါသည်။ )

ကြက်သွန်ကြော် တို့ဖြင့် သုပ်စားပါက အရမ်းစားလို့ကောင်းပါတယ်။

စပါ့ကတီ ဂျုံခေါက်ဆွဲ နေရာမှာ ဆန်ခေါက်ဆွဲပြား ( သို့မဟုတ် ) ဆန်ခေါက်ဆွဲလုံးဖြင့်လည်း သုပ်စားရင် အရသာတမျိုး ရှိနိုင်ပါသေးတယ်။

 

IMG_1728

 

စပါ့ကတီ ခရမ်းချဉ်သီး ငံပြာရည်ချက် အသုပ်

( ချဉ်၊ငံ၊စပ် )

အရင်ပိုစ့် ….

  1. ခရမ်းချဉ်သီး ငံပြာရည်ချက်

အရင်ဘလော့မှ …

  1. ခရမ်းချဉ်သီး ငံပြာရည်ချက် နှင့် ၀က်ပုန်းရည်ကြီး
  2. ခရမ်းချဉ်သီး ပဲငံပြာရည်ချက်
  3. ခရမ်းချဉ်သီး မဆလာချက်
  4. ရုံပတေသီး ငံပြာရည်ချက်

ကိုယ် အတတ်နိုင်ဆုံး … ဟင်းချက်နည်း .. ရေးထားသော ပိုစ့်တွေ ကို ဒီ ကာလာစုံ COLOURFUL RECIPES ဘလော့မှာ လာစုထားပေးပါမယ်။

အတတ်နိုင်ဆုံး စာဖတ်သူများ အချိန်တိုတိုလေးအတွင်းမှာ ပိုစ့် ရှာရ လွယ်ကူအောင်လို့ ပြင်ဆင်ပေးသွားပါမည်။

ကိုယ့်ရေးထားသော ဟင်းချက်နည်းများဖြင့် စာဖတ်သူ အဆင်ပြေ နေရင် တော်ပါပြီ ….

အဆင်မပြေဘူး။ ဟင်းအိုး ပစ်လိုက်ရတယ်ဆိုလျှင် စိတ်မကောင်းပါ 😛

ပီတိဖြင့် ကျေနပ်နေတတ်သူ တစ်ယောက်သာ ဖြစ်ပါသည်။

 

ကိုယ့်၏ ကာလာစုံ ဘလော့မှ ပိုစ့်များကို လာပီး like လုပ်ပေးထားသော wordpress blogger များထဲတွင် … တကယ့်ကို စိတ်ရင်း စေတနာ အပြည့်ဖြင့် … သူတို့တတ်ထားသော ဟင်းချက်နည်း အမျိုးစုံကို အလကား sharing လုပ်ထားသော wordpress blogger များ အမြောက်အများ ရှိပါတယ်။ အဲဒီ wordpress blogger များ အားလုံးမှာ တူညီတာလေး တချက်က ကိုယ့် ဘလော့အိမ်ကို ဧည့်သည် လာလို့ ကွန့်မန့်လေးများ ရေးသွားရင် မင်းရဲ့ ကွန့်မန့်အတွက် .. ကွန့်မန့်ရေးရင်း ကုန်လွန်သွားတဲ့ မင်းရဲ့ အချိန်တွေအတွက် ငါ အရမ်းကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ပြောတတ်ကြပါတယ်။ ဘလော့ဂါတိုင်းပါပဲ …

ကိုယ့် အရင်ဘလော့ သီရိရတနာ ဘလော့တုန်းက ပြောပါတယ်။ ဒီဘက် ကာလာစုံ ဘလော့ကျတော့ ကိုယ့်မှာ အချိန်ပို … အချိန်နည်းသွားတာမို့ ကွန်မန့် တော်တော်များများမှာ reply မလာတာ ဆောရီးပါနော်။

နောက်ပိုင်းကျရင် … ကိုယ့် အတတ်နိုင်ဆုံး reply လာပါမယ်။

ကိုယ့်ရဲ့ wordpress comment reply က 2009 ခုနှစ်ကတည်းက animation လေးတွေနဲ့ reply လုပ်တတ်တာပါ။

အိမ်က ကလေးများ အကြိုက်လေ …

ကိုယ့်ဘလော့ကို အချိန်ပေးပီး လာဖတ်ကြတဲ့ စာဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

စကားမစပ် … wordpress blog က ကြေငြာတွေက ကိုယ် ထည့်ထားသော ကြေငြာများ မဟုတ်ပါဘူး။

အဲဒီ wordpress က visitor နည်းနည်း .. များများ လာလည်တာနဲ့ပဲ အဲဒီ ဘလော့မှာ သူ့ကြေငြာ လာထည့်နေတယ်။

မတတ်နိုင်ဘူးလေ .. ကိုယ့်က wordpress ကို အလကားသုံးပီး ဘလော့ရေးနေသောသူ ဖြစ်နေတာကိုး …

ဗီဒီယို ကြေငြာတွေကြောင့် မျက်စိနောက်ရင် ဆော်ရီးနော် …

 

Advertisements