ကြက်သားအားလူးဟင်း၊ ပဲစောင်းလျားသီးသုပ်၊ သရက်သီးစိမ်း

Winged Bean Salad

ကြက်သား အားလူးဟင်း
ကြက်သားကို အသားတုံး လှီးထားလိုက်ပီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆနွင်းမှုန့် နဲ့ နှယ်ထား၊ ခဏလောက် နှပ်ထားတုန်းမှာ ….
ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အခွံခွါ၊ နှုတ်နှုတ်စင်းပီး ချက်မယ့်အိုးမှာ ဆီအနည်းငယ် ထည့်ပီး ဆီသတ်၊ နှပ်ထားသော ကြက်သားတုံးများထည့်။
ကြက်မာဆိုရင် ရေ – ၃ ရေ လောက် မီးမြေးမြေး နဲ့ ချက်မှ အသားများ နူးပါတယ်။ ရန်ကုန်က အိမ်ကြက်လို ကြက်သားမျိုးဆိုရင် ၁ ရေ လောက်   ချက်ပီးမှ အားလူး စိတ်များ ထည့်၊ ရေ အနည်းငယ်ထည့်။ ဆီကျန် ရေကျန်လေး ချက်ထားသော ကြက်သား၊ အားလူးဟင်း။
ဆိတ်သားခြောက် မွှကြော်
ဆိတ်သားခြောက်ကို အမျှင်လေးတွေ နွှင်ပီး ဆီပူအိုးထဲမှာ ဆိတ်သား အမျှင်လေးတွေ မွှနေအောင် ဆီ ကြွပ်တဲ့ အထိ မွှေကြော်ပီးသည့်အခါမှာ အရင်ဦးဆုံး ကြော်ထားသော ကြက်သွန်ဖြူကြော်များဖြင့် ရောနှယ်ထားသော ဆိတ်သားခြောက် မွှကြော်
အစပ် ကြိုက်ရင် ငရုတ်သီး အကြမ်းမှုန့်ပါ ရောထည့် ကြော်လို့ ရသေးတယ်။
အဓိက က .. ကြော်သည့်အချိန်မှာ အဆက်မပြတ် မွှေပီး ကြော်ပေး … အဲဒါဆိုရင် ဆိတ်သားမျှင်လေးတွေ ပိုပီး ကြွပ်တယ်။
ချဉ်ပေါင်ဟင်း
ပဲစောင်းလျားသီးသုပ် ( Winged Bean Salad ) 
ပဲစောင်းလျားသီးပြုပ်၊
ပါးပါးလှီးထားသော ကြက်သွန်နီ
သံပုရာသီး ( သို့မဟုတ် ) မန်းကျည်းမှည့်ရည်
ဆား၊
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးစိမ်း ( သို့မဟုတ် ) ငရုတ်သီး အကျက်မှုန့်
ပုစွန်ခြောက်မှုန့်
ပဲမှုန့်
ထောင်းထားသော မြေပဲလှော် 
တို့ဖြင့် သုပ်ထားသော ပဲစောင်းလျားသီးသုပ်
ငပိရည် အစပ်ဖျော်
တို့စရာ (သခွားသီး၊ သရက်သီးစိမ်း)
Advertisements