သိုးစွပ်ပြုပ် – ပလာတာ

Ready made ( Plain ) အရသာ ပလာတာကို မီးမြေးမြေး အနေအထား – ဆီ ထမင်းစားဇွန်း ၁ ဇွန်း အရင်ဆုံး အပူပေး .. ဆီပူပီဆိုတာနဲ့ ပလာတာကို ထည့်ကြော် … ပလာတာကို ကြော်တဲ့ ယောင်းမ ဂေါ်ပြားဖြင့် ဖိပီး ကြော်ပေးပီး .. တအောင့်ကြာရင် တဖက်ကို လှန်ပီးကြော်ပါ။ ယောင်းမ ဂေါ်ပြားဖြင့် ဆီပူထဲမှာ ပလာတာကို ဖိကြော်ပေးခြင်းဖြင့် ပလာတာ အကျက်ညီစေပါတယ်။

ပလာတာကို မိနစ် အနည်းငယ် အအေးခံ …

ပြားကပ်ကပ် ပလာတာ ပွလာအောင် .. ပလာတာကို လက်ဖ၀ါး ၂ ဖက်ဖြင့် ရိုက် .. ပီး  … ပွလာရင် ပလာတာ အမျှင်တွေကို နွှင်ပေးထားလိုက်ပါ။

သိုးသား၊ သိုးရိုးတွေကို အရင်ဆုံး ရေ နှင့် သေချာဆေးပါ။

ရှာလကာရည်ဖြစ်ဖြစ် သံပုရာသီး ညှစ်ထည့်ပီး သိုးသား၏ ညီနံများ ပျောက်သွားအောင် ၂ ကြိမ်လောက် ရေဆေးပါ။

သိုးသား၊ သိုးရိုးများ ဆေးပီးပါက ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့် နှင့် နှယ်ပီး

Zip-loc အိတ်ထဲထည့် ..

ရေခဲသေတာထဲမှာ တည ထည့်ပါ။

ရေခဲသေတာထဲမှာ ( ၄ နာရီ ~ ၂၄ နာရီ ) လောက် ထည့် – နှပ်ထားပါ။

မနက်ကျရင် – မချက်ခင် တနာရီလောက် ကြိုပီး ရေခဲသေတာထဲမှ ထုပ်ထားပါ။

ကုလားပဲကို ရေဆေးပီး ရေစိမ်ထားပါ။

ချက်မယ့်အိုးထဲကို ထောပတ်ဆီ 1/4 cup ထည့်။

ထောပတ်ဆီ ပူပီ ဆိုတာနဲ့ သစ်ကြားပိုးခေါက်၊ ကရဝေးရွက် ထည့် ဆီသတ်ပါ။

ကြိတ်ထားသော ( ထောင်းထားသော ) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကို ထည့် ဆီသတ်ပါ။

သိုးသားများ ထည့်မွှေ။

ရေစိမ်ထားသော ကုလားပဲများ အရင်ယူထည့်။

ပျဉ်တော်သိမ်ရွက်ထည့်မွှေ။

ကုလားပဲ ရေစိမ်ထားသော အရည်များ လောင်းထည့်။ ရေ အနည်းငယ် ထပ်ဖြည့်ထည့်ပီး။ ဆား ထည့်။ မီးမြေးမြေးဖြင့် ၂ ရေ / ၃ ရေ လောက် ချက်ပါ။

ဒီလိုမျိုး ပလာတာ နွှင်ပီး စားရင် ပိုစားကောင်းပါတယ်။

ပျဉ်တော်သိမ်ရွက်ဖြင့် ချက်ထားသော ကုလားပဲ သိုးစွပ်ပြုပ်

အချဉ်က ကြက်သွန်နီ၊ သခွါးသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပူစီနံကို ဆား၊ သံပုရာရည်ညှစ်ထည့်ထားသော အချဉ် နဲ့ လိုက်ဖက်ပါတယ်။

Advertisements