watermelon basket

အိမ်နီးချင်း Linda  လက်ဆောင်ပေးတဲ့ watermelon basket

ငယ်ငယ်တုန်းက လိမော်သီး စားရင် လိမော်သီး ခြင်းတောင်း လုပ်တတ်တယ်။ အရမ်းလွယ်ပါတယ်။

သူမ ပေးတဲ့ လက်ဆောင်ကို ကြည့်ပီး ကိုယ် အကြံရသွားတာပါ။

ဓါးနဲ့ အရင်ဆုံး ရာ ပေးထားလိုက်ရုံပါပဲ …

လက်ကိုင် ကိုင်း လှီးဖြတ်ပီးရင် ပိုနေတဲ့ ဘေးနှစ်ဘက် အသားတွေကို ရေခဲမုန့် ဇွန်းနဲ့ ခပ်ထုပ်လိုက်ရုံပါပဲ။

ခြင်းတောင်း အ၀ိုင်း ပတ်ပတ်လည်လည်ကို သုံးမြှောင့် ထောင့်ချွန်း ပုံစံ ဓါးနဲ့ ရာပီး ဖြတ်လို့ ရပါသေးတယ်။

အထဲက အသားတွေပါ ရေခဲမုန့် ခပ်တဲ့ ဇွန်းဖြင့် ခပ်ထုပ်ထားပီး

watermelon ball က ကြီးနေတယ်။ watermelon spoon အသေးတွေ ရှိတယ်။ အဲဒါနှင့် ခပ်ရင် ပိုသေးလိမ့်မယ်။

ဖရဲသီးတွေကို ကြယ်ပုံစံ ဓါးဖြင့် လှီးစိတ်ဖြတ်လို့ ရသေးတယ်။

ဖရဲသီးဖျော်ရည်

ဖန်ခွက်မှာ တြိဂံပုံ ဖရဲသီးစိတ်ကို စိုက်ထားလို့ရပါသေးတယ်။

ပါဆယ် မြန်မာ အစားအသောက်များ …

ဒယ်ဒီ လက်ဆောင်ရထားတာတွေ …

လက်ဖက် နှစ်ပြန်ကြော်

အာဗြဲခြောက်

ပုဇွန်ခြောက်

ငါးရံ့ခြောက်

ထိုးမုန့်

လမုန့်

ပလပ်စတစ် အထပ်ထပ်ဖြင့် ထုပ်ပိုးထားသော ပါဆယ်များကို ဖွင့် အပီး မြင်တွေ့ရပုံ အနေအထား

ဒီဘက်ခြမ်းက မြိတ်ငပိ နှင့် ဇယန်းလက်ဖက် အညွှန့်

အသားတုကြော်

စားလို့ကောင်းတယ်။

ရွှေမြန်မာက ချဉ်ပေါင်ကြော် ( ပုစွန်ဘောချိတ် အကောင်သေးသေးလေးတွေ ပါတယ်။ )

ဒါပေမယ့် … ရွှေမြန်မာကနေ ရေသန့် ပလပ်စတစ်ဗူးထဲကို သွပ်ထည့်ပီး အမေရိကားကို ပါဆယ် သယ်လာတာမို့  ဘာကြောင့်မှန်း မသိဘူး။ အရသာ တမျိုးပဲ။

ချဉ်ပေါင်ကြော်ကို ကြော်ပီးပီးချင်း ရေသန့်ပလပ်စတစ်ဗူးထဲကို သွပ်ထည့်တာလား ? 0.0 ?

ဒါပေမယ့် .. ပါဆယ် သယ်တဲ့ လူ အတွက် အရမ်း အဆင်ပြေတယ်။ အမေရိကား ရောက်တော့ ရေသန့်ဗူးကို ခလယ်ကောင်ကနေ ဓါးနဲ့ ပိုင်းဖြတ်လိုက်ရုံပါပဲ။

တကူးတက ပါဆယ် သယ်လာတာမို့ စားပါတယ်။