ဘူးသီးကြော်၊ ကျောက်ကျောရည်

Fried white gourd

white gourd/ white pumpkin/ Lauki/ Cucuzza/ Po gua  – ဘူးသီး

ဆန်မှုန့် ( Rice Flour ) = 2 cup

ကောက်ညင်းမှုန့် ( Glutinous rice flour ) = 1 cup

ကုလားပဲ အစိမ်းမှုန့် ( Besan (or) Chickpea ) = 1 cup

ဒီအထုပ်က ကုလားပဲ အကျက်မှုန့်ပါ။ အိမ်မှာ အကျက်မှုန့် နည်းနည်းပဲ ကျန်နေလို့ ဒီနေ့ ဘူးသီးကြော်တဲ့ အခါမှာ ကုလားပဲ အစိမ်းမှုန့် ထည့်ပီး မုန့်နှစ်စပ်ကြော်ထားပါတယ်။

မွှေး ကုလားပဲ အကျက်မှုန့်ထုပ် လက်ဆောင်ရထားတာ ရှိပါတယ်။ နှမြောလို့ မသုံးပဲ သိမ်းထားတယ်။ 🙂

ဆန်မှုန့် = ၂ ခွက်

ကောက်ညင်းမှုန့် = ၁ ခွက်

ကုလားပဲမှုန့် = ၁ ခွက်

ရေ = ၂ ခွက်

ဆား = လက်ဘက်ရည် ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့် = လက်ဘက်ရည်ဇွန်း ၁ ဇွန်း

~~~~

Rice flour – 2 cup

Glutinous rice flour  = 1 cup

Chickpea flour – 1 cup

Water – 2 cup

Salt – 1 tsp

မုန့်နှစ်ပျစ်ပျစ် စပ်ဖျော်ထားပါ။ 

ဘူးသီးကို ဆီနှစ်ပီး မီးမြေးမြေး … အိမ်မှာတော့ မီးဖိုမီး နံပါတ် ၄ နဲ့ ကြော်ထားပါတယ်။

အရင်ဆုံး .. မုန့်နှစ် ပျစ်ပျစ်ထဲ ငရုတ်သီးစိမ်းတောင့် အနည်းငယ်ကို ရေဆေးပီး မုန့်နှစ်ပျစ်ပျစ် ကပ်ပီး ကြော်လိုက်ပါ။

မုန့်နှစ်က ကြော်ရင်း ကြော်ရင်းနဲ့ အရည်ကျဲသွားတတ်တာမို့ မုန့်နှစ်စပ်ပီးတာနဲ့ ငရုတ်သီးတောင့်ကို အရင်ကြော်ထားလိုက်ပါ။

ငရုတ်သီးတောင့် အပြည့် မုန့်နှစ်ကပ်ကြော်တယ်။

 

မုန့်နှစ် အပြည့် ကပ်ပီးမကြော်ရင် ငရုတ်သီးကြော်ဖြစ်ပီး အိမ်ထဲမှာ ငရုတ်သီးကြော်နံ မွှန်သွားလိမ့်မယ်။

အချဉ်က ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး အကျက်မှုန့်၊ နံနံပင်၊ မန်းကျည်းမှည့်ရည်၊ ငရုတ်ဆီ၊ ငံပြာရည်

ဘူးသီးကြော်

ကြွပ်ကြွပ်လေး

ဘူးသီးကြော်၊ ဂေါ်ဖီ၊ အချဉ်ရည်

ငရုတ်သီးကြော် စပ်စပ်လေး

အိမ်မှာ ပဲပင်ပေါက်လေး နည်းနည်းရှိတာနဲ့ ပဲပင်ပေါက်ကို မုန့်နှစ်ကပ်ကြော်ထားတဲ့ ပဲပင်ပေါက်ကြော်

NNW ရေ … ဒါ အမေရိကားက အေရှန်ဆိုင်မှာ ၀ယ်လို့ရတဲ့ ကျောက်ကျော (အမဲ) ပါ။

အဖုံးကို ဖွင့်လိုက်ရင် ကျောက်ကျော (အမဲ) ထဲ ထည့်စားဖို့ သကြားရည် ၂ ထုပ် ပါ ပါတယ်။

အိမ်က ရေခဲတုံး

ဖန်ခွက်ထဲ ရေခဲတုံးကို အရင်ထည့်ပီး ကျောက်ကျောတုံးထည့်၊ သကြားရည်ထည့်ပီး ဖျော်ထားတဲ့ ကျောက်ကျောရည်

ဝက်သားသုံးထပ်သား ဆီပြန်ဟင်း

ဝက်သား သုံးထပ်သားကို ၀က်ပုန်းရည်ကြီးဟင်း၊ ၀က်သားစတူး နှင့် ၀က်သားနီချက်ဟင်း … ချက်ဖူးပါတယ်။

ဒီနေ့ချက်တာကတော့ ၀က်သားသုံးထပ်သားကို မအီအောင် ခရမ်းချဉ်သီးအနှစ်များများနဲ့ ထည့်ဆီသတ်ပီး ဟင်းအိုးဆူလာခါနီးမှာ မန်းကျည်းမှည့်ရည် ထည့်ချက်ထားသော ၀က်သား သုံးထပ်သား အချဉ်ဟင်းပါ။

ကျောက်ဖရုံသီးဟင်းရည်

ကြက်သွန်ဖြူ၊ ဂျင်း၊ ၀က်နံရိုး၊ ကျောက်ဖရုံသီး၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ချက်ထားပီး

စားခါနီး … ဟင်းရည်ပူပူမှာ ငရုတ်ကောင်းမှုန့် ဖြူးထားသော ကျောက်ဖရုံသီးဟင်းရည်

 

Advertisements