Colourful jelly

 Colourful Jelly

colourful jelly

 

colourful jelly

 

Agar Agar –  1/3 Packet

Green Food Color

Yello Food Color

Pink Food Color

Red Food Color

Purple Food Color

Water – 2 cups

Sugar – 1 cup

~~~~

ရေ – ၂ ခွက်

သကြား – ၁ ခွက်

ကျောက်ကျောမှုန့် – ၃ ပုံ ၁ ပုံ

မီးဖိုပေါ်မှာ ကျောက်ကျောကျိုပါ။

( ကျောက်ကျော ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါက ကျောက်ကျောများ ညက်ပါသည်။

ကျောက်ကျော အမှုန့် နှင့် ရေ၊ သကြားကို အပြင်မှာ မွှေပေးပီးမှ မီးဖိုပေါ် အပူပေး ကျောက်ကျောကျိုတာ ပိုကောင်းပါသည်။ )

ကျိုထားသော ကျောက်ကျောရည်များကို ကော်ဖီပန်းကန်လုံး တစ်လုံးစာ ( အနည်းငယ် ပမာဏ )

ပန်းကန်လုံး ၅ လုံးထဲ ထည့်ပြီးမှ အရောင်ဆိုးဆေးများကို အနည်းငယ် တစ်စက် မှ နှစ်စက် လောက် ထည့်ပြီး ကျောက်ကျောကို အရောင်ဆိုးပြီး နာရီဝက်လောက် ခဲထားပါ။

ကျောက်ကျောရည် နည်းတာမို့ ခဏလေးနှင့် ကျောက်ကျောများ ခဲသွားပါလိမ့်မယ်။

ခဲသွားသော ကျောက်ကျောများကို အတုံးသေးသေးလေး လှီးစိတ်ထားပါ။ သေးလေ လှလေပါပဲ …

Agar Agar –  2/3 Packet

Water – 3 cups

Sugar – 1 cup

Coconut Milk – 1 can

~~~~

အုန်းနို့ တဗူးကို အရင် ကျိုထားပါ။ …

ရေ  … ကို ( ၃ ) ခွက်

သကြား …  ( ၁ ) ခွက် ကို အရည်ပျော်အောင် မွှေပေးပီး …

ကျောက်ကျောအမှုန့် ( ၃ ပုံ ၂ ပုံ ) ထည့် … ပျော်နေအောင် အဆက်မပြတ်မွှေပေးပီးမှ မီးဖိုပေါ်မှာ အပူပေးပီး ကျောက်ကျောကျိုပါ။

အဖတ်လုံးဝ မကျန်အောင် ညက်နေအောင် မွှေပေးပီးမှ ကျောက်ကျောဗန်းထဲ ထည့်။

ခဏလောက် ၅ မိနစ်လောက် အအေးခံပါအုံး …

ရေခဲသေတာ ထဲ ထည့်တာလည်း ရပါတယ်။

ခဏလေးမှ ခဏလေးပါ ..

ကျိုထားသော ကျောက်ကျောပူများ အပူချိန် လျှော့ကျပြီ ဆိုတာနှင့် လှီးစိတ်ထားသော ကာလာစုံ ကျောက်ကျောတုံးလေးများကို အားလုံး ရောမွေပြီး ကျောက်ကျောဗန်းထဲ ဖြန့်ထည့်လိုက်ပါ။

( မိမိကြိုက်နှစ်သက်သော စတိုင်ပုံစံ .. ကာလာ တူတူ .. လိုင်းလေးတွေ .. အစိမ်းရောင် တလိုင်း၊ အနီရောင် တလိုင်း .. ကြိုက်သလို ပုံစံလုပ်နိုင်ပါသည်။ )

ပြီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲ တနာရီကျော်လောက် အအေးခံလိုက်ရင်ပဲ ကျောက်ကျောက လှီးလို့ ရနေပါပီ။

colourful jelly

colourful jelly

Advertisements