Indian Grocery

Connecticut က အိန္ဒိယဈေးဆိုင်

အချဉ်တည်ထားသော အစားအသောက်များ

ကြက်သွန်ဖြူ၊ ဂျင်း၊ အောက်နားမှာ ရှလွတ် ကြက်သွန်နီ အသေး၊ အားလူးထုပ်၊ ကြက်သွန်နီ အကြီး

ရေခဲသေတ္တာ ထဲက Ready made ဗယာကြော် အထုပ်များ နှင့် အခြား အစားအသောက်များ

ဂျလေဘီ၊ မလိုင်လုံး၊ အိန္ဒိယမုန့်အချို  အမျိုးမျိုး

ငရုတ်ဆီ၊ ကြံသကာထုပ်များနှင့် ဆား

သံဗူးနဲ့ ထည့်ထားသော ပဲလုံးဗူးများ နှင့် ပိန္နဲသီးဗူး၊ ဟင်းခတ်အမွှေးအကြိုင် အမှုန့်အမျိုးမျိုး

အောက်နားမှာ ရွှေချီ ထိုးသည့်အခါ သုံးသော ဘိန်းစေ့ ( Poppy seed )

မန်းကျည်းသီး အနှစ်ထုပ်  .. အိန္ဒိယ လက်ဘက်ရည်ထဲမှာ cinnamon ( သစ်ကြားပိုးခေါက် အမှုန့် ) ကို ထည့်ဖျော်တတ်ကြပါတယ်။

ကိုယ်တော့ မကြိုက်ဘူး။ cinnamon ကို ဟင်းထဲ ထည့်ချက်တာပဲ ကြိုက်ပါတယ်။

လက်ဘက်ရည်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ပီကေ၊ သကြားလုံး အများကြီးပဲ … အမေရိကားက အစားအသောက်ထဲမှာ ထည့်ပီး ချက်ထားတာ။ ခဏ ခဏ ကြုံရလွန်းလို့ .. အစားအသောက် ၀ယ်ရင် ပါဝင်ပစည်းကို အရင်ကြည့်ပီးမှ ၀ယ်တတ်တော့တယ်။

ဆိုင်ရှေ့မြင်ကွင်း

ဆိုင်ဘေးမြင်ကွင်း

ဒီအောက်က အစားအသောက်များက Stop and shop မှ ၀ယ်လာသော အစားအသောက်များ ဖြစ်ပါတယ်။ —

ဒယ်ဒီ အတွက် ဘီယာ

ကလေးများအကြိုက် – Cereal

corn cereal လည်း အရမ်းကြိုက်ကြတယ်။ မနက်စာ အနေနှင့်ရော .. အစာပြေ နွားနို့ထည့်ပီး စားသောက်တတ်ကြတယ်။

pancake အမှုန့် ( ထောပတ် နှင့် နို့ ပါတဲ့ ဗူးတွေဆို .. ရေ အနည်းငယ်နဲ့ ဖျော်ပီး ကြော်စားရုံပါပဲ )

ချောကလက်

Ham ( $ 3.29/lb ) – (  $ 27.70/8.42lb )

8 ပေါင်ခွဲ သာသာ လောက် ရှိတဲ့ Ham .. အသင့် ချက်ပီး. ပါးပါးလှီးပီးသား .. sauce လည်း ပါတယ်။

သံပုရာသီးက ဒီလို အခွံထူတဲ့ ( Lemon ) သံပုရာသီးထက် .. အစိမ်းရောင် ( Green lemon ) အခွံပါး သံပုရာသီးကို ပိုကြိုက်တယ်။

အခွံပါး သံပုရာသီးကျတော့ သံပုရာရည် ညစ်ခါနီးမှာ စားပွဲပေါ်မှာ သံပုရာသီးကိုထား … သူ့ အပေါ်ကနေ လက်နှစ်ဖက်နှင့် ဖိပီး လှိမ့်ပေးလိုက်ပါ။

အဲဒါဆိုရင် သံပုရာသီး ညစ်သည့်အခါမှာ သံပုရာရည် များများ ထွက်တယ်။

ကိုယ်က ငပိကြော် နှင့် အခွံပါး သံပုရာသီးကို သေးသေး ပါးပါး လှီးစိပ်ပီး ထမင်းနဲ့ စားတတ်တာမို့ ၀ယ်နေကြတော့ အစိမ်းရောင် သံပုရာသီးပဲ။

မတွေ့မှ အ၀ါရောင် ၀ယ်လာတတ်တယ်။

ဒီ အောက်က အစားအသောက်များက အိန္ဒိယဆိုင်မှ ၀ယ်လာသော အစားအသောက်များ —

ကြာဇံကြော်သည့်အခါ သုံးသော ဆန်ကြာဇံထုပ်

အိန္ဒိယဆိုင်မှာ တခါတလေ ကြက်ဟင်းခါးသီးကို အကြီးရတဲ့ အခါလည်း ရှိသလို .. အသေး ရတဲ့ အခါလည်း ရှိတယ်။

Deep တံဆိပ် – Ready made ဗယာကြော် ( ကြက်သွန်နီ၊ ကြက်သွန်ဖြူ မပါတဲ့ အထုပ် )

ဒီ ဗယာကြော်ထုပ်ကို ပိုကြိုက်တယ်။ မီးမြေးမြေး နှင့် ဆီပူထဲ ထည့်ကြော်လိုက်ရုံပဲ။

ပလာတာ ရိုးရိုး ( ကြက်သွန်နီ ပါတာတို့ ပလာတာ အမျိုးစုံ ရှိတဲ့အထဲက ရိုးရိုးပလာတာကိုပဲ ပိုကြိုက်နှစ်သက်တယ်။  )

ကုလားပဲ အကျက်မှုန့်

cinnamon သစ်ကြားပိုးခေါက်

ကြံသကာ

စပျစ်သီးခြောက်

ပေါင်မုန့်နှင့် စားဖို့  ( အိန္ဒိယကလုပ်တဲ့ peanut butter – chocalate ပါတဲ့ဗူး – အိန္ဒိဆိုင်က ဗူးထက် .. အမေရိကားက လုပ်တဲ့ အစားအသောက်က ပိုကောင်းတယ်။ ) တစ်ဗူးကို $ 2.49

ဖာလာစေ့ဗူး ( လေလုံအောင် ဗူးကို ပလပ်စတစ်နဲ့ပါ ထုပ်ထားတော့ မခြောက်သွားဘူး။ ခြောက်နေတဲ့ ဖာလာစေ့တွေက ဟင်းချက်လိုက်တဲ့အခါမှာ သိပ်မမွှေးတတ်ကြဘူး။

သရက်သီးဖျော်ရည် ( အရမ်းသောက်လို့ကောင်းတယ်။ သရက်သီး အရသာ အစစ်တိုင်းပဲ။ )

သောက်လို့ကောင်းလို့ ၂ ဗူး

မာလကာသီးဖျော်ရည် ( သိပ်မကောင်းဘူး )

ဒိန်ချဉ်

ပျဉ်တော်သိမ်ရွက် ( Curry leaf )

မဆလာနဲ့ ချက်တဲ့ ဟင်းတွေမှာ မရှိမဖြစ် .. အရမ်းကြိုက်တဲ့ ပျဉ်တော်သိမ်ရွက်

Advertisements