Baked Cornish Hen
ပျားရည်ဖြင့် ကင်ထားတာမို့ ချိုတယ်။
အသားကတော့ ရိုးရိုး စားနေကျ မွေးမြူရေး ကြက်သားကင် အရသာထက် စာရင်တော့ အသားပွပွကြီး ။
အရသာ ပေါ့ပေါ့ရွတ်ရွတ်ကြီးတော့ မဟုတ်ဘူး။
Cornish Hen
Cooking instructions
Cornish Hen – 1
Salt – 1 tbsp
black pepper powder – 1 tsp
Sugar – 1 tsp
Sweet Soy Sauce – 1 tbsp
Dark Soy Sauce – 1 tbsp
Rice Vinegar – 1 tbsp
Honey – 3 tsp
Fridge – 8hr ~ 12 hr
Onion – 1/4
Garlic – 2 cloves
Spring onion – 2
Ginger
Vegetable oil – 3 tbsp
Rice Vinegar
Hen တကောင်ကို …
ဆား – ထမင်းစားဇွန်း ( ၁ ) ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း၊
သကြား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း၊
ပဲငံပြာရည် အနောက် – ထမင်းစားဇွန်း ( ၁ ) ဇွန်း၊
ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း ( ၁ ) ဇွန်း၊
ရှာလကာရည် – ထမင်းစားဇွန်း ( ၁ ) ဇွန်း၊
ပျားရည် – လက်ဘက်ရည်ဇွန်း ၃ ဇွန်း၊
နှယ်ပီး ရေခဲသေတာထဲမှာ တညလောက် နှပ်ထားပါ။
ရေခဲသေတာ အောက်ထပ်ထဲမှာ တညလောက် နှပ်ထားသော Hen များကို
မနက်ကျမှ Hen တကောင်ကို ၀မ်းဗိုက်ထဲ …
ကြက်သွန်နီ တစိတ်၊
ကြက်သွန်ဖြူ ၂ မွှာ၊
ကြက်သွန်မြိတ် – ၂ ပင် ထည့်ပီး
ဂျင်း – နည်းနည်း …
vegetable oil – ၃ ဇွန်းလောက် စမ်းပီး
oven ထဲမှာ ကင်မယ့် ဗန်းပေါ် တင်ပီး
အောက်နားမှာ … ကျလာမယ့် အဆီ ကို oven pan ဖြင့် ခံထားပါ။
350º F နဲ့ တဖက်ကို မိနစ် ၄၀ စီ နီရောင်သန်းတဲ့ အထိ ကင်ပေးပါ။
ပဲငံပြာရည် နှင့် ပျားရည်၊ ဆီ အနည်းငယ် ပဲ ပါဝင်ပါတယ်။
ရိုးရိုးပုံမှန် ကြက်သား၊ Turkey၊ ဘဲကင်တို့ထက် အဆီပါဝင်မှု နှုန်း နည်းပါတယ်။
ဒီ ကြက်သားက ရိုးရိုး ပုံမှန် ကြက်သားထက် အဆီနည်းတာမို့ လူကြိုက်များကြပါတယ်။
အဆီနည်းပီး အသားကျစ်တာမို့ ရိုးရိုး အကောင်ကြီး ကြက်သားထက် စာရင် အရသာလည်း ပိုရှိတယ်။