ပဲနီလေး ဟင်းရည်

ပဲနီလေးကို ကြက်သွန်ဖြူ ပါးပါးလှီးထားတာနဲ့ အရင်ဆုံး ဆီသတ်လိုက်ပါ။

ငရုတ်သီးအစိမ်းမှုန့်လေးပါ ထည့်လိုက်ပါ။

ပီးမှပဲ Deep တံဆိပ် အိန္ဒိယဆိုင်က ၀ယ်လာတဲ့ မဆလာ အထုပ်ထဲက အစေ့လေးတွေကိုပဲ ရွှေးပီး ထည့်မွှေလိုက်ပါ။

မန်းကျည်းမှည့်ရည်လေးဖျော်ထားတာ လောင်းထည့်၊ ပျဉ်တော်သိမ်ရွက်ထည့်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့် လိုသလောက် ထည့်ပီး …..

. ရေလေးထည့် ….. ပဲနီလေးကို ပဲနှပ်တဲ့အထိ တည်ထားတဲ့ ပဲနီလေး ချဉ်ရေဟင်း ..

 ပဲနီလေးကို ကိုယ်အမျိုးမျိုး ဟင်းရည်ချက်သောက်တတ်ပါတယ်။ ဒီလိုမျိုး ချက်တာတော့ အကြိုက်ဆုံးပဲ။

ပဲစင်းငုံကို ပြုတ်ပီး အရည်ချည်းပဲ ယူပီးနောက်  မန်းကျည်းမှည့်ရည်လေး၊ နဲ့ ချက်ထားတဲ့ မနုသနီဟင်းရည် အရသာမျိုးနဲ့တူလို့  အကြိုက်ဆုံးပါ ။

ပဲနီလေးကို ဂျင်း၊ စပါးလင် ထုံးပီး ပဲကြာဇံလေးနဲ့ ရောချက်တာကိုလည်း ကြိုက်တယ်။

Deep တံဆိပ် .. Whole Garam Masala

ဒီ အထုပ်ထဲက အစေ့လေးတွေပဲ ယူချက်ထားပါတယ်။

Advertisements