ငါး ငရုတ်သီးအစပ်ကြော်

ကလေးများအတွက် ငါးကြော် ( ရိုးရိုး )

ငါးအသားလွှာပြားကို ဆနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်ဖြင့် နှယ်ပါ။

ဆီပူထဲမှာ အရင်ဆုံး ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ဆနွင်းမှုန့် အနည်းငယ်ထည့်ကြော်ပီး ဆယ်ထားပါ။

ပါးပါးလှီးထားသော ကြက်သွန်နီကို ဆနွင်းမှုန့် အနည်းငယ်ထည့်ကြော်ပီး ဆယ်ထားပါ။

ကျန်သည့် ဆီပူထဲမှာ ငါးကို ထည့်ကြော်ပါ။

ငါးအသားလွှာပြားက ငါး အသားနှုးညံသည့်အတွက် ခဏလေးနှင့် ကြော်ရုံပါပဲ။

ငါးကြော်များရလျှင် ပန်းကန်ပြားထဲ ထည့်ပါ။

ကျန်သည့်ဆီပူထဲ .. မီးဖိုမီး ခလုတ်ကိုပိတ်ပီး ငရုတ်သီး အကြမ်းမှုန့်ကို ထည့်ကြော်ပါ။

ကြက်သွန်ဖြူကြော် တ၀က်

ကြက်သွန်နီကြော် တ၀က်ပါ ရောမွှေကြော်ပီး ငါးကြော်ပေါ်ကို ဖြူးပေးလိုက်ရုံပါပဲ။

ကျန်သည့် ကြက်သွန်ဖြူကြော် နှင့် ကြက်သွန်နီကြော်က ကလေးများအတွက် ငါးကြော်ပန်းကန်မှာ ဖြူးပေးလိုက်ရုံပါပဲ။

ထမင်းနှင့် နှယ်စားသည့်အခါမှာ .. သံပုရာသီးညစ်ပီး စားလည်း စားကောင်းသလို ..

ချဉ်ရည်ဟင်းနှင့်လည်း လိုက်ဖက်ပါသည်။

Advertisements