Fowl curry

Fowl curry

Fowl – ( ရစ်ဌက် ) –  ဈေးနှုန်း

 ၂ကောင်ကို … အလေးချိန် – ၄ပေါင်ကျော် သာ သာ = ဈေးနှုန်း $ 6.02

ရစ် တကောင်ပဲ ချက်ပါတယ်။ 

အသားတုံးများ ခုတ်ထစ်ထားပါ ။

ဆား

သကြား

ငရုတ်သီး အစိမ်းမှုန့်

ငရုတ်ကောင်းမှုန့်

ထောပတ်

ကရဝေးရွက်

ကြက်သွန်ဖြူ

ကြက်သွန်နီ

ကြက်ပေါင်းရည်

ငရုတ်သီးစိမ်း

Parsley

Chive

Bacon

Chives

chives ( ကြက်သွန်မြိတ်လိုမျိုး )

ပါးပါးလှီးထားပါ။

Parsley ( နံနံပင်လိုမျိုး ) ပါးပါးလှီးပီးထားပါ။

ရစ်ဌက် အသားတုံးတွေကို

ဆား – လက်ဘက်ရည်ဇွန်း – ၂ ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း

သကြား – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း နဲ့ နှယ်ပီး နှပ်ထားပါ။

 ကြက်သွန်ဖြူ – ၃ မွှာ

ကြက်သွန်နီ – တခြမ်း ကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။

ထောပတ် – ၂အောင်စကို

မီးမြေးမြေးဖြင့် ထောပတ် အရည်ဖျော်ပီး

ကရဝေးရွက် တရွက်ထည့် ဆီသတ်၊

ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အစိမ်းမှုန့် – လက်ဘက်ရည်ဇွန်း – ၁ ဇွန်း ထည့် ဆီသတ်၊

နှပ်ထားသော ရစ်ဌက်သားများကို ၃ မိနစ်ကြာ ထည့်မွှေပီးမှ –

Chicken Broth – 1 cup ထည့်ပါ။

Pressure cooker ဖြင့် မီးမြေးမြေး ( Medium Heat ) – 30 Minutes လောက် ချက်ပါ။

အသားများ နူးပီဆိုတာနှင့်

oven ဖြင့် bacon အသားပြားများကို 5 minutes သာသာလောက် … 350º F အပူပေးပါ။

ဆီပြန်နေသော ထောပတ် ရစ်သားဟင်းပေါ်သို့ bacon၊ ငရုတ်သီးစိမ်း၊ Parsley၊ chive များ အုပ်ပီး မီးအရှိန် Low Heat ( နံပါတ် – ၂ ) ဖြင့် ၅ မိနစ် သာသာလောက် ဟင်းအိုး အဖုံးအုပ်ချက်ထားပါ။

ရစ်အသားများ နူးလာပီ ဆိုတာနဲ့ ပါးပါးလှီးထားသော parsley  + chive အုပ်ချက်ထားသော ….

ရစ်ဟင်း

ရစ်သားဟင်း

သူ့အရသာက ကြက်သားနဲ့ ဆင်ပါတယ်။ ရိုးရိုးပုံမှန် မွေးမြူရေး ကြက်သားထက် အဆီနည်းတယ်။ 

ကလေးများက အသားနူးနူး ကြက်သားပဲ စားနေကြမို့ ပုံမှန် – ချက်မယ့် အိုးထဲကို ရစ်ဌက်သား မြုပ်ရုံလေး …  ရေ – ၃ရေ လောက် ထည့်ပီး ရစ်ဌက် သားနူးအောင် ချက်လည်း ရတာပါပဲ။ 

 ကြက်ပေါင်းရည် – ၁ ခွက်စာပဲ ထည့်ပီး Pressure cooker နဲ့ နာရီဝက်လောက် မီးမြေးမြေးနဲ့ ချက်ထားလိုက်ပါတယ်။ 

Pressure cooker နဲ့ ၁ နာရီလောက် ချက်မယ် ဆိုရင်တော့ ရစ်ဌက်သားရဲ့ အရိုးတွေပါ နူးမြေ့သွားပါလိမ့်မယ်။

Advertisements