ဘဲဥပြုပ်သုပ်

ဘဲဥပြုပ်သုပ်

ဘဲဥ .. ဗီယက်နမ် ဆိုင်က ၀ယ်လာသော ဘဲဥ

တော်တော်ကြီးတယ်။ အထဲမှာ အနှစ် ၂ ခုပါတယ်။

တလုံး – $ 0.75

ဘဲဥကို မပြုပ်ခင် ရေခဲသေတာထဲက ကြိုထုတ်ထားပါ။

ဘဲဥကို ဆားနည်းနည်း ထည့်ပီးပြုပ်ရင် အခွံခွါသည့်အခါမှာ သက်သာပါသည်။

ဘဲဥပြုပ်ရပီ ဆိုရင် အခွံခွါသည့်အခါ လွယ်ကူအောင် ဘဲဥပြုပ်များကို ရေအေးဖြင့် ခဏစိမ်ပီးမှ အခွံခွါပါ။

ဘဲဥပြုပ်က သုပ်မှာ ဆိုတော့ လှီးတာ လှစရာတော့ မလိုဘူးပေါ့။

အကယ်လို့ ဘဲဥပြုပ်ကို လှအောင် လှီးချင်ရင်တော့ ကော်ဓါး ဖြင့် လှီးပါ။ တခါသုံး ကော်ဇွန်း၊ ခရင်း ကော်ဓါးကို ပြောတာပါ။ အဲဒါနဲ့ လှီးရင် ဘဲဥ အသားတွေ ပုံမပျက်ဘူး။ အပ်ချည်မျှင် နှင့် ဘဲဥစိတ်လိုက်သလို အနေအထားမျိုးမို့ လှပါသည်။

ရှစ်စိတ်ခြမ်း ဘဲဥပြုပ်

ပါးပါးလှီးထားသော ကြက်သွန်နီ

ကတ်ကြေးဖြင့် ပါးပါးညှပ်ထားသော ငရုတ်သီးစိမ်း

နံနံပင်

သံပုရာသီး

ဆား

ကြက်သွန်ဖြူဆီချက်

ကြက်သွန်ကြော်

Advertisements