Egg curry in coconut milk

Egg curry in coconut milk

Ingredients :

  1. Egg – 10 boiled and peeled ( make some slashes in it )
  2. Peanut oil, for sauteing and deep frying
  3. Red onion – 1 finely chopped
  4. Ginger – 1 tbsp
  5. Garlic – 4 cloves, finely chopped
  6. Coriander leaves/ Cliantro – 1/4 cup finely chopped
  7. Chilli powder – 1 tsp
  8. Salt – 1 tsp, to taste
  9. Sugar – 1 tsp
  10. Fish sauce – 1 tbsp
  11. Coconut milk – 1 can
  12. Water – 1/2 cup
  • Fill a large sauce pan halfway with water and bring to a boil. Gently add the eggs. Cook for 30 minutes.
  • Allow the eggs to cool for a few minutes, then peel the eggs, make some slashes in it.
  • Heat peanut oil, fry the boiled eggs until golden brown.
  • Add the onion, garlic and ginger, and cook until golden brown.
  • Add chilli powder in it.
  • Add some salt, sugar and fish sauce and mix well. Cook this for a minute.
  • Pour 1 can coconut milk and water bring this to a boil.
  • Add in fried cooked eggs, then cover and simmer for 15 minutes.
  • Gently stir in a generous handful of coriander leaves. Be mindful of the eggs.

ကြက်ဥ အုန်းနို့ဆီပြန်ဟင်း

ပါဝင်ပစည်းများ

  1. ကြက်ဥပြုတ် ( ၁၀ ) လုံး .. ကြက်ဥပြုတ် ဘေးပတ်ပတ်လည်ကို ဓါးဖြင့် ရာပေးထားပါ။
  2. ပဲဆီ – ကြက်ဥပြုတ် ကြော်ဖို့အတွက် နှင့် ဟင်းအနှစ်ဖတ်များ ဆီသတ်ကြော်ဖို့ ပဲဆီ ခွက် တ၀က် သာသာ
  3. ကြက်သွန်နီ ဥကြီး တစ်လုံးကို ကြိတ်စက်ဖြင့် သော်လည်းကောင်း၊ ငရုတ်ဆုံဖြင့် ထောင်းထားပါ။
  4. ဂျင်း – လက်တဆစ် ( တစ်လက်မ )
  5. ကြက်သွန်ဖြူ – ၄ မွှာ ကို ကြက်သွန်နီ၊ ဂျင်းတို့နှင့် အတူ ထောင်းထား ( ကြိတ်စက်ဖြင့် ကြိတ်ထားပါ )
  6. နံနံပင် – လက်တစ်ဆုပ်စာ
  7. ငရုတ်သီးမှုန့် – လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား – လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား – လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  10. ငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်း
  11. အုန်းနို့ – သံဗူး ၁ ဗူး
  12. ရေ – ခွက် တ၀က်

  • ကြက်ဥ ( ၁၀ ) လုံးကို အိုးထဲမှာ ရေ တ၀က်ဖြည့်ပြီး မိနစ် ၃၀ ကျော်လောက် ကျက်နေအောင် ပြုတ်ထားပါ။
  • ရလာသော ကြက်ဥပြုတ်များကို အအေးခံပြီး အခွံခွါထားပါ။ ( ကြက်ဥပြုတ် အခွံခွါရ လွယ်အောင် ကြက်ဥပြုတ်သည့်အချိန်မှာ ဆား အနည်းငယ် ထည့်ပြီး ပြုတ်လို့လည်း ရပါသည်။ ) အခွံခွါပီးသား ကြက်ဥပြုတ်များကို ဘေး ပတ်ပတ်လည်မှာ ဓါးရာ ပေးထားပါ။
  • ပဲဆီကို မီးအပူပေးပြီး ကြက်ဥပြုတ်များကို ရွှေအိုရောင် ရသည့်အထိ ကြော်ပါ။
  • ကြော်ပြီး ကြက်ဥပြုတ်များကို ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်ကြော်ပါ။
  • ရွှေအိုရောင် ရသည့်အထိ ဆီသတ်ကြော်ပြီးပါက ငရုတ်သီးမှုန့် ထည့်ရောကြော်ပါ။
  • ဆား၊ သကြား၊ ငံပြာရည် ထည့်ရောကြော်ပါ။ မိနစ် အနည်းငယ်လောက် မွှေပေးထားပါ။
  • အုန်းနို့ သံဗူး ၁ ဗူး ထည့်၊ ရေ ခွက် တ၀က်လောက် ထည့်ပါ။ မိနစ် အနည်းငယ်လောက်မှ ပွက်ပွက်ဆူလာပါလိမ့်မယ်။
  • အဲဒီ အခါမှာ ရွှေအိုရောင် ကြက်ဥပြုတ်ကြော်များကို ထည့်ပီး မွှေပါ။ အုန်းနို့နှင့် ကြက်ဥများ အနှစ်ဖတ်များ နှံစပ်နေအောင် မွှေပြီးမှ အဖုံးအုပ်ပီး ၁၅ မိနစ် ကျော်လောက် မီးမြေးမြေး ဖြင့် ချက်ပါ။ ဆီပြန်လာခါနီး အချိန်မှာ မီးကို နံပါတ် ၂ လောက်အထိ လျှော့ချပြီး မီး ခပ်မြေးမြေးလေးဖြင့် ကြက်ဥ ဓါးပေါက်ရာများ အတွင်း အုန်းနို့နှင့် အနှစ်များ ၀င်အောင် ချက်ပါက ပိုစားကောင်းပါသည်။
  • နံနံပင် လက်တစ်ဆုပ်စာလောက်ကို ပါးပါးလှီးပီး ထည့်ပါ။

အုန်းနို့ အနှစ်များများဖြင့် စားလို့ကောင်းသော ကြက်ဥဆီပြန်ဟင်း

ဟင်းအိုး

မီး ခပ်မြေးမြေးဖြင့်ဆီပြန်နေအောင် ချက်လိုက်တော့ ဒီလိုမျိုး အုန်းနို့ ဝေ့နေတဲ့ ပုံစံ မျိုး ဖြစ်နေလိမ့်မယ်။ အဲဒီ အခါ အိုး ကိုင်း ၂ ဖက်ကို ကိုင်ပီး အိုးလှုပ်ပေးလိုက်ရင် …

အုန်းနို့စိမ့်စိမ့် ကြက်ဥ ဆီပြန်ဟင်းအိုး အရောင်လှသွားပါပြီ။

Advertisements