ထောပတ် သိုးသားကင်

Baked Lamb

Lamb – meat price

သိုးသားကို ရေသေချာဆေးပီး ဆား၊ ဆနွင်းမှုန့်၊ နံနံပင် အမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဟင်းခတ်မှုန့်၊ မဆလာမှုန့် တို့ နဲ့ နှယ် ….  ဒိန်ချဉ် ၂ ဇွန်းနဲ့ ထပ်နှယ်ပီး ၁ နာရီကျော်လောက် နှပ်ထားလိုက်ပါ။

၎ အောင်စ ထောပတ် တစ်တုံးကို မီးမြေးမြေးနဲ့ အရည်ဖျော်ထည့်ပီး oven နဲ့ 375 ºF နဲ့ အသားတုံး ၂ဖက် အကျက်ညီအောင် ကင်ထားလိုက်ပါ။

 

ထောပတ်ဆီ အနံလေး မွှေးမွှေးလေး နှင့်အတူ သိုးသား နူးနူးမြေ့မြေ့ … ဟင်းခတ်အမှုန့်များနှင့် အတူ ဒိန်ချဉ်လည်း စိမ့်ဝင်နေတာမို့  တော်တော် စားကောင်းပါတယ်။

 

ထောပတ် အနံသင်း သိုးသားကင်

သိုးသားဟင်း မလောက်လို့ ထပ်ကြော်စားရသော ကြက်ဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း ပါးပါးလှီးပီး ဆား၊ ဟင်းခတ်မှုန့် နည်းနည်းဖြူးပီး ကြော်ထားသော ကြက်ဥခေါက်ကြော်။

ကြက်ဥခေါက်ကြော်

Advertisements