Chocolate Donut

Happy First Day of Fall!

Good bye, Summer.

Hello Fall!

ချောကလက် ဒိုးနတ်

All purpose flour – 2 cups

Bread flour ( Whole Wheat Flour ) – 1 cup

Yeast – 7 g

Milk – 1 cup

Sugar – 1/3 cup

Egg – 2

Butter – 1 stick ( 1/2 cup )

Vanilla accent – 1 tsp

Salt – 1 tsp

ထောပတ်

Butter – 1 stick ( 1/2 cup )

Yeast – 7 g

တထုပ်ကို 7 g ရှိတယ် …

Yeast အမှုန့်ကို ဖောက်ထုပ်ပီး

ခပ်နွေးနွေးလေး အပူရှိတဲ့ နွားနို့ ထမင်းစားဇွန်း ( ၅ ) ဇွန်း

 သကြား ၁ ဇွန်း နဲ့

Yeast အမှုန့် ပျော်နေအောင် အသင့် ဖျော်ထားပါ …

ဂျုံမှုန့် နှစ်မျိုးကို အရင်ရောထားပါ။

ကြက်ဥ ၂ လုံးကို ခေါက်ထားပါ။

ကျန်နေသော နွားနို့

Yeast အမှုန့် ဖျော်ထားသော cup

vanilla accent

ဆား

ကျန်နေသော သကြား

ဂျုံမှုန့် ၂ မျိုးကို နှံစပ်နေအောင် အရင် မွှေထားပီးမှ …

အသင့်ဖျော်ထားသော yeast ခွက်ကို လောင်းထည့် … ( လက်တဖက်က နှယ်နေပေးပါ ) ( စက်နဲ့ နှယ်လည်း ရတာပါပဲ )

နွားနို့ထည့်

သကြားထည့်

ဆားထည့်

vanilla accent ထည့်

ကြက်ဥထည့်

နောက်ပိတ်ဆုံးမှ …

ထောပတ် 1 stick = 1/2 cup ကို မီးမြေးမြေး နဲ့ ထောပတ်ရည် ဖျော်ထားတာ လောင်းထည့်ပီး လက်ဖနောင့်နဲ့ ဖိနှယ်ပေးရင် မုန့်သား ညက်လာပါလိမ့်မယ် ….

( အဲဒီမှာ တခုပြောပြချင်တာက … ကိုယ့် dough nut ကို ပေါင်မုန့် ဂျုံသား အရသာမျိုး ကြိုက်နှစ်သက်လို့ ပေါင်မုန့် ဂျုံ ရောစပ်ထားတာပါ ။ ဂျုံ နူးနူးညံညံ ကို ပိုကြိုက်နှစ်သက်သူက ပေါင်မုန့် ဂျုံ မထည့်ပဲ … all purpose flour နဲ့ မုန့်သားနှယ်လို့ ရပါတယ် … ဒါဆိုရင် အဖြူရောင် မုန့်သားကို ရရှိမှာပါ .. အခုကတော့ ပေါင်မုန့်လိုမျိုး အညိုရောင် မုန့်သား )

ပလပ်စတစ်နဲ့ ကြွေဇလုံကို ပိတ်ပီး … နွေးသော နေရာမှာ ၁ နာရီ ( သို့မဟုတ် ) ၂ နာရီ ထားပေးထားပါ …

အိမ်မှာတော့ oven ထဲ ထည့်လိုက်တယ် … oven နံပါတ်က 200ºF ကနေ စပါတယ် …

ပလပ်စတစ် လုံနေအောင် ပိတ်ထားတဲ့ ကြွေဇလုံကို oven ထဲ ထည့် .. oven ခလုပ် စဖွင့်တဲ့ နေရာမှာပဲ ထားလိုက်တယ် .. အဲဒါဆို 160 ºF လောက် အပူရှိန် ရှိတယ်။ …

oven နံပါတ် 200ºF နား ထိ မရောက်ပါဘူး …

ရာသီဥတုက ပူတယ်ဆိုရင် အပြင်မှာ ထားတာ ကောင်းပါတယ် …

oven 160ºF တနာရီ လောက်ထည့်ထားလိုက်ရင် …

( သို့မဟုတ် )

ပူနွေးသော နေရာမှာ ၁ နာရီလောက် ထားပါ။

Yeast ( ပွဆေး ) နဲ့ ဂျုံကို နှယ်ပီး

လေလုံ ပလတ်စတစ် ဖြစ်ဖြစ် .. အ၀တ်စိုနဲ့ အုပ်ပေးထားပီး

၁ နာရီ ( သို့) ၂ နာရီ ပတ်ဝန်းကျင် …

ပူနွေးသော နေရာမှာ ထားရင် …

Yeast တန်ခိုးနဲ့ ဂျုံတွေက ၂ ဆ လောက် ပွတက်လာပါလိမ့်မယ် …

စားပွဲပေါ်မှာ ဂျုံမှုန့်ကို ဖြူး …

ကြွေဇလုံ ကို မောက်ချ …

ဂျုံကို ၂ မိနစ် မှ ၅ မိနစ်လောက် နှယ်ပီးတာနဲ့ အပြား ဖြစ်အောင် ဒလိမ့်တုံးနဲ့ လိမ့် …

ဂျုံပြားကို လက် တဆစ်လောက် အထူ ဆို ပိုကောင်းပါတယ် …

( လက်ဆစ် ကြီးတဲ့လူဆိုရင်တော့ လက်တဆစ်ရဲ့ တ၀က်ပေါ့ )

cookie cutter အ၀ိုင်းကြီး ၁ ခု နဲ့ အ၀ိုင်းသေး ၁ ခု ယူပီး ဖြတ် …

အိမ်မှာ အသေး cookie cutter ပဲ ရှိလို့ … အကြီးအတွက် ဖန်ခွက်ကို သုံးလိုက်တယ် …

ဖန်သားနဲ့ ဖြတ်ရတာ ဆိုတော့ ဖြတ်ရင်းနဲ့ ဖန်ခွက်ကို လှည့်ပေးမှ ဂျုံ က ပြတ်တယ် …

ဒိုးနတ် မုန့်သား ဖြတ်ထားတာတွေ …

ကျန်နေတဲ့ ဂျုံသားတွေကို စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးပီး ဂျုံသားနှယ် …

ဒလိမ့်တုံးနဲ့ အပြား လုပ်

cutter နဲ့ ဖြတ် …

( E.T )

cookie ဖုတ်တဲ့ နေရာမှာ သုံးတဲ့ paper ပေါ်ကို ဖြတ်ပီးသား ဂျုံ ၀ိုင်းတွေ တင် …

oven ထဲ ထည့် … မိနစ် ၃၀ လောက် …. oven ခလုပ် ဖွင့်ကာစပဲ ( 160º F သာသာ လောက်ပဲ ထားပါ )

oven – 160ºF – 30 Minutes

အိမ်က နွေးနွေး ဆိုရင်တော့ အပြင်မှာပဲ အ၀တ် ဖြစ်ဖြစ် အုပ်ပီး မိနစ် ၃၀ လောက် ထားပီးမှ ဆီနှစ်ပီး ကြော်ပါ ….

နောက်ဆုံး လက်ကျန် ဂျုံသားတွေကို ဂျုံချောင်း တချောင်း လုပ်လိုက်ပီး … ဟိုဘက် ဒီဘက် တပြိုင်တည်း လိမ်လိုက်တယ် ..

( မျက်စိမှာ ပုံဖော်မြင်အောင်ဆိုရင် စောင်တထည်ကို လူ ၂ယောက် ဟိုဘက် ဒီဘက် တပြိုင်တည်း ရေညစ် နေသလိုမျိုး )

morning buns ကို ဒီလိုပုံစံမျိုး လုပ်ပီး အပေါ်ကနေ နှမ်းဖြူးပီး ပေါင်မုန့် ဖုတ်လို့လည်း ရပါတယ် …

အလွယ်တကူ ဒီ ချောကလက်ရည်ပဲ သုံးလိုက်တယ် …

အစိမ်းရောင် အတွက်က …

ထောပတ် အရည် .. သကြားပေါင်ဒါမှုန့် … အစိမ်းရောင် ဆိုးဆေး

( အနီရောင်ဆိုးဆေး၊ ခရမ်းရောင်ဆိုးဆေး၊ ပန်းရောင်ဆိုးဆေး )

( ခပ်ပြစ်ပြစ် ) လေးဖျော်ပီး

ဖျော်ထားတဲ့ ပန်းကန်ထဲ ဒိုးနတ် မုန့် အ၀ိုင်းကို ထည့်ပီး ပြန်ယူလိုက်တာနဲ့ ချောကလက် အရည် သုပ်ပီးသွားပါပီ ..

အပေါ်ကနေ ကြိုက်နှစ်သက်ရာ အလှဆင် ချောကလက်ဆန်လေးတွေ ထပ်ထည့်ဖြည့်လိုက်ရုံပါပဲ …

အိမ်မှာ မီးဖို ကွိုင် နံပါတ် ၄ ( မီးဖိုမီးခလုတ် – နံပါတ် ၄ ) နဲ့ ဆီနှစ်ပီး ကြော်ပါ …

ပေါင်မုန့် ဂျုံသားမို့ မုန့်သားက ဆီထဲ နှစ်ပီး ကြော်လိုက်တာနဲ့ မုန့်သား ခပ်မြန်မြန် တက်ပါတယ် …

တုတ်ချောင်း အရှည်နဲ့ ကြော်တာ ပိုကောင်းတယ် …

ကြော်ပီးသား ဒိုးနတ် မုန့်များ

အတွင်းပိုင်း အနေအထား

မုန့်သား ပွလည်း ပွတယ် … ပေါင်မုန့် ဂျုံမှုန့် ထည့်ပီး … သကြားလည်းပါတာမို့ စားလို့ကောင်းပါတယ်

ချောကလက် ကြိုက်နှစ်သက်သော မိသားစုမို့ ချောကလက်ရည် စိမ်ထားတဲ့ ဒိုးနတ်မုန့်က ပိုစားကောင်းပါတယ် …

မိနစ် ၃၀ လောက် ထားလိုက်ရင် ချောကလက် အရည်တွေက ခဲပီး ပြောင် ပြောင် လက် လက် လေး ဖြစ်လာလိမ့်မယ် …

ရိုးရိုး ဒိုးနတ်၊ ချောကလက် ဒိုးနတ် နှင့် အစိမ်းရောင် ဒိုးနတ်

ဒါက သကြားအမှုန့် ကပ်ထားတာ …

သကြားအမှုန့် ( sugar powder ) ပန်းကန်ထဲကို ဒိုးနတ်မုန့် ကျပီး မှိုတက်နေသော မျက်နှာနဲ့ ပြန်ထွက်လာသလိုမျိုး …

 ချောကလက်မှိုတက် ဒိုးနတ်မုန့် …

S ပုံစံ ဒိုးနတ်မုန့်

Whole wheat yeast bread :

Potato Bread

Advertisements