ထမနဲ

ထမနှဲ

အုန်းဆံကြော်၊ နှမ်း နှင့် မြေပဲကြော်

ထမနဲ .. နောက်တကြိမ် ထပ်ချက်စားဖြစ်လို့ ..

ဂျင်း – အနည်းငယ်

( ဂျင်းက နေရာ ဒေသ အလိုက် / ဂျင်းဟောင်း၊ ဂျင်းအသစ် အလိုက် / ဂျင်း အစပ် – စပ် ပုံ စပ်နည်း၊ ဂျင်း အနံ မွှေးပုံ မွှေးနည်း .. ကွာပါလိမ့်မယ် )

ဂျင်းကို နည်းနည်း ထပ် ထည့်လို့ ရသေးတယ် ..

ဂျင်းကို အခွံခွါ .. ပါးပါးလှီးပီး ကြိတ်

ညက်နေအောင် ကြိတ်တယ် … ကောက်ညှင်း နဲ့ အတူ တွဲစားမှာမို့ ဂျင်းအဖတ်တွေ ပေါ်နေတာကို မကြိုက်တတ်လို့ …

ဆီ – 1/2 cup

ကောက်ညှင်းဆန် ( Sweet Rice ) – 4 cups

အဲဒီမှာ ကိုယ့် တခုပြောချင်တယ် …

ကိုယ့် ဒီမှာ ချက်လေ့ရှိတဲ့ ကောက်ညှင်းဆန်က Sweet Rice ( မချက်ခင် …  ရေစိမ်စရာမလိုဘူး။ 1 မချုပ်ဘူး )

မြန်မာမှာ ချက်စားလေ့ရှိတဲ့ ကောက်ညှင်းဆန်က Glutinous rice ( မချက်ခင် တညလောက် ရေစိမ်ထားပီးမှ ချက်ပါတယ် )

ကောက်ညှင်းဆန် ၁ အချိုးး ရေ ၁ ချိုး ( ၁း ၁ ) နှုန်းနဲ့ အိမ်မှာ ချက်ပါတယ် …

မီးဖိုပေါ်မှာ ဆီ – ခွက်တ၀က်ကို အပူပေးပီးတာနဲ့ ကြိတ်ထားတဲ့ ဂျင်း ဆီသတ် …

ကြိုတင်ပီး …. ကောက်ညင်းဆန်ကို ဇကာ ထဲ ထည့် ရေဆေးပီး ဇကာ နဲ့ ရေစစ်ထားတဲ့ ကောက်ညင်းဆန်များထည့် မွှေ …

ဆား – ထမင်းစားဇွန်း – ၁ ဇွန်းမောက်မောက်

 ထည့် မွှေ ပီးတာနဲ့ Rice cooker မှာပဲ

ကောက်ညှင်းဆန် ၄ ခွက်း ရေ ၄ ခွက်

ထည့်ပီး ချက်ထားလိုက်တယ် …

မြေပဲ – 1 cup

နှမ်း – 1 cup

အုန်းဆံ – 1 cup

ကြော်ဖို့ ဆီ – 1 cup

ဆီ ၁ ခွက်ကို မီးဖိုပေါ်မှာ မီးမြေးမြေး ( Medium Heat ) အပူပေးပီး

ဆီ ပူပီ ဆိုတာနဲ့ အုန်းဆံ ထည့်ကြော်တယ် ( အဆက်မပြတ်မွှေပေးတယ် )

အုန်းဆံ အညိုရောင် သန်းချင်လာတာနဲ့ ဇကာထဲ ထည့်ပီး ဖြန့်ထားလိုက်တယ် …

( အပူရှိန်နဲ့ အုန်းဆံ ထပ်ညိုချင်သေးတတ်တာမို့ … အညိုရောင်သန်းပီ ဆိုတာနဲ့ ဆယ်ထားလိုက်ပါ )

မြေပဲ ကိုကြော် .. မြေပဲကြော်ပီးတာနဲ့ မီးဖိုမီးပိတ်ပီး နှမ်းထည့်မွှေပေးထားတယ် ..

နောက်တနည်း .. မြေပဲ နှင့် နှမ်းကို မကြော်ပဲ လှော်ပီး ထမနှဲ ထိုးတာလည်း စားကောင်းပါတယ် …

ကြော်ပီးရင် .. ဆီစစ်ထားလိုက်ရင် … ( ထမနဲ ထိုးတဲ့ အခါ နှယ်တဲ့ လူ သက်သာတယ် )

ဆီသပ်သပ်၊ အကြော်ဆံ သပ်သပ်

rice cooker ခလုတ်တက်လာတာနဲ့ ကောက်ညှင်းတွေကို ဇွန်းနဲ့ နှယ်ပေးပီး ကောက်ညှင်းများ နှပ်တဲ့ အထိ Rice cooker နဲ့ cook ခလုတ် ကို ပြန် ပြန် နှိပ်ပီး ချက်ထားပေးလိုက်တယ် …

စေးသော ကောက်ညှင်း ဖြစ်တာ တကြောင်း

ဆီဖြင့် ချက်ထားသော ကောက်ညှင်းမို့ Rice cooker နဲ့ cook ခလုတ် ၃ ကြိမ် လောက် တက်လာတဲ့ အထိ ..ကောက်ညင်းများကို ဇွန်းဖြင့် နှယ် .. ပီး ခလုတ် ပြန်နှိပ် … ကောက်ညှင်း နှပ်တဲ့ အထိ ချက်ထားပီးမှ …

မွှေမယ့် အိုးထဲ ထည့် … ကောက်ညင်း ဇွန်းနဲ့ တချက်မွှေ .. အကြော်ဆံများ တဇွန်းချင်းစီ ထည့် … ကြော်ထားတဲ့ ဆီ ထည့် .. နှယ်သွားလို့ ရှိရင် … ကောက်ညှင်းအားလုံးနဲ့ အကြော်ဆံများ အားလုံး သမ ရောစပ် သွားသလို … ထမနှဲ ထိုးတဲ့လူလည်း သက်သာတယ် …

ထမနှဲ က ထိုးရင်း ထိုးရင်း နဲ့ ကောက်ညှင်း အဖြူရောင်ကနေ … ထမနှဲ အရောင် တက်လာပါလိမ့်မယ် …

နှမ်းများလည်း ကောက်ညှင်းထဲကို စိမ့်ဝင် သွားသလို .. ဆီများလည်း စိမ့်ဝင်နေပါပီ …

ကိုယ် .. ထမနှဲ ထိုးတိုင်း .. အဲဒီ ချက်နည်းကို စပ်ခဲ့သော ရှေးဘိုးဘွားတွေ ကို ချီးကျူးမိပါတယ် …

ကောက်ညှင်းကို ဂျင်းနဲ့ ဆီသတ်လိုက်တဲ့ အခါမှာ ကောက်ညှင်းစေးစေး အရသာဟာ တော်တော် စားကောင်းပါတယ် …

ကောက်ညှင်းပေါင်း အရသာမျိုး၊ ဆီထမင်း အရသာမျိုးနဲ့ မတူပါဘူး …

အဲဒီ ကောက်ညှင်း ဂျင်းဆီသတ် နှင့် လိုက်ဖက်အောင် မြေပဲ နှင့် နှမ်းကို ကြော်ပီး ထည့်ပုံ …

အုန်းသီးဖတ် ဖြူးစားတာ မဟုတ်ပဲ အုန်းဆံကို ကြော်ပီး အားလုံး သမ နေအောင် ထိုးထားတဲ့ ထမနှဲ ကို ထမနှဲ ထိုးတိုင်း သတိထားမိနေတတ်ပါတယ် …

အာရှ အစားအသောက်တွေမှာ ကောက်ညှင်းကို အုန်းနို့ နှင့် ချက်စားတတ်ကြတာ များပါတယ် …

ဂျင်းဖြင့် ဆီသတ် ချက်သော ကောက်ညှင်း ချက်နည်း ရှိချင် ရှိနိုင်ပေမယ့် .. ဒီနေ့ ထက်ထိ ကိုယ့် သတိမထားမိသေးပါဘူး။

အဲလို ကောက်ညှင်းမျိုးကို လိုက်ဖက်ဖို့ နှမ်းနှင့် မြေပဲဆန်ကြော် …

အုန်းသီးဆံကြော် ထည့်ထားတာလည်း ပညာသား ပါ ပါတယ် …

ကောက်ညှင်း မှုန့် တော်တော်များများက အုန်းသီးဖတ် ဖြူးစားတာပါ …

ဒါကြောင့်မို့လို့ ကိုယ့် ထမနှဲ ထိုးတိုင်း … အဲဒီ ချက်နည်းကို တီထွင်ခဲ့တဲ့ ဘိုးဘွားတွေကို ချီးကျူးမိတာပါ …

အုန်းဆံ၊ မြေပဲ၊ နှမ်းကြော်များ အပေါ်မှာ ထပ်မဖြူးတော့ဘူးနော် ..

ဒီတခေါက် အကုန်လုံး … ထည့်ပီး ထမနှဲ ထိုးထားတာမို့လို့ …

Advertisements