ပဲငပိချက် ( အစပ် )

ပဲငပိချက်

ဆီ – 1/2 ခွက်

ကြက်သွန်ဖြူ – ၃ မွှာ

ကြက်သွန်နီ – ၁ ဥ

ဂျင်း – လက်တဆစ်

ခရမ်းချဉ်သီး – ၃ လုံး

ပဲငပိ ( soy bean paste with chilli ) – ထမင်းစားဇွန်း ( ၅ ) ဇွန်း

နံနံပင်

ပဲငပိ ( အစပ် )

ဆီ … ခွက်တ၀က်ကို အပူပေးပီး .. ဆီကျက်ပီဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းထည့် ဆီသတ် …

အရည်ရွှမ်း ခရမ်းချဉ်သီးမှည့် အနေတော်ကို ရှစ်စိတ်ခြမ်း ( ၃ ) လုံးကို ထည့် မွှေ …

ခရမ်းချဉ်သီးများ လိပ်တက်လာအောင် အဖုံးခဏ အုပ်ပေးထားပီး

အပူငွေ့ကြောင့် ခရမ်းချဉ်သီးများ နူးသွားပီးမို့ ဟင်းချက်တဲ့ ဇွန်းနဲ့ ဖိပီး ခရမ်းချဉ်သီးများကိုချေပေးပါ ….

ခရမ်းချဉ်သီးများ ကြေသွားပီးဆိုတာနဲ့ ပဲငပိ ( အစပ် ) ပုလင်းထဲက ထမင်းစားဇွန်းနဲ့ ၅ ဇွန်း ထည့်မွှေပေးပါ။

ရေလေး အနည်းငယ်လောက် ခပ်စပ်စပ်လေး ဖြန်းပေးပီး အဖုံး ခဏအုပ်ထားပါ။

ပွက်ပွက်ဆူပီဆိုတာနဲ့ ပါးပါးလှီးထားသော နံနံပင် အုပ်ပီး ချက်ပါ။

….. ။။။ ….. ။။။ …..

  • ပဲငပိချက်ကို ဆီများများနဲ့ ပဲငပိ ချက်ချင်တယ်။ ပဲငပိက ဆီများများနဲ့ ချက်ရင် ပဲငပိ အငန် အရသာထဲမှာ ဆီများ စိမ့်ဝင်နေတာမို့ ထမင်းနဲ့ နှယ်စားတဲ့ အခါမှာ ဆီဝ နေတဲ့ ပဲငပိဟာ အရသာ စိမ့်နေတာပါပဲ .. ပဲငပိ အရသာ လေးလေးပင်ပင် နဲ့ စိမ့်စိမ့်လေး အရသာမျိုး … အဲလိုမျိုး ကြိုက်တတ်ရင် .. ဆီကို ခွက် တ၀က်ကျော် ( ၂/၃ သုံးပုံ နှစ်ပုံ ခန့် ဆီသတ်ပီး ချက်ပါ )
  • အငန်ကို ပိုကဲအောင် .. ခံတွင်းရှင်းပီး ခံတွင်းလိုက်ချင်သပ ဆိုရင် … ပဲငပိအိုး ကျက်ခါနီး နံနံပင် မအုပ်သေးခင်မှာ မန်းကျည်းမှည့်ရည် ပြစ်ပြစ် – ထမင်းစားဇွန်း နဲ့ ၂ ဇွန်းလောက် ထည့်ချက်ပီးမှ နံနံပင် အုပ်ပါ … ( အဲဒါဆို ပဲငပိချက်က ချဉ်၊ ငံ၊ စပ် အရသာဖြစ်ပီး မန်းကျည်းသီးမှည့်အရသာကြောင့် ခံတွင်းလည်း လိုက်ပါတယ် )
  • ပဲငပိချက်ကို အရည်သောက်လိုမျိုး အရည် ကျဲကျဲလေးနဲ့ ချက်ချင်သပ ဆိုရင်လည်း ခရမ်းချဉ်သီးများ လိပ်တက်ပီး ပဲငပိ ( ၅ ) ဇွန်း ထည့်မွှေပီးတဲ့ အခါမှာ အရည်စပ်စပ် ဖြန်းရုံ မဟုတ်ပဲ .. ရေ တခွက်လောက် ထည့်ချက်ပါ .. ပွက်ပွက်ဆူမှ နံနံပင် အုပ်ပေါ့ .. ဒါဆို ပဲငပိချက်က အရည်သောက် မပြစ်မကျဲ အနေနဲ့လည်း စားလို့ ကောင်းပါတယ်။ ခပ်စပ်စပ်လေး စားချင်ရင်လည်း … ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပါ ထည့်ချက် … လို့ ရပါသေးတယ်။

ဒီနေ့ အိမ်မှာ ချက်တဲ့ ပဲငပိချက်က ဆီ နှင့် ရေလည်း အနေတော် ပုံမှန်ပါပဲ …

ဆား၊ ဟင်းခတ်မှုန့် ထပ်ကူစရာ မလိုပါဘူး။ ဗီယက်နမ် ဆိုင်က ၀ယ်လာတဲ့ ပဲငပိဗူးက အရသာ ပြင်ထားပီးသားမို့ အဆင့်သင့် ပဲငပိ ဆီပြန်ချက်ဟင်း ချက်လိုက်ရုံပါပဲ ….

ပဲငပိချက်

ပဲငပိ အဖတ်တွေ မြင်သာအောင် ဓာတ်ပုံရိုက်ချင်တာ သိပ် မသိသာဘူးဖြစ်နေတယ်။ အရသာကတော့ လေးလေးပင်ပင် စိမ့်စိမ့်လေးနဲ့ ထမင်းနဲ့ နှယ်စားပီး … တို့စရာ သခွါးသီး အကြွပ်သီး ( သခွါးသီး အလုံးသေးသေး ) နဲ့ တို့စားရင် တော်တော် အရသာ ရှိပါတယ်။

ဂျူးမြစ် ( ရေခဲသေတာ ထဲမှာ ရှာရှည် အထားခံအောင် ဂျူးမြစ် တစည်းဆီကို တစ်သျူးနဲ့ လိပ်ပီး၊ ပလတ်စတစ်နဲ့ ထုပ်သိမ်းရင် … တစ်သျှူးက ရေစုပ် သွားတာမို့ အအေးလည်းရတယ်။ ဟင်းသီးဟင်းရွက်လည်း မနွမ်းလွယ်ဘူး။ ကြာရှည်လည်း ခံတယ် )

ဂျူးမြစ် နှင့် ပဲငပိချက်

Advertisements