အေရှန်ဆိုင် ( ဗီယက်နမ် ဆိုင် ) က ၀ယ်လာသော မြန်မာကြက်သားနဲ့ တူတဲ့ ကြက်သားကို ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့် များများထည့်နှယ်ပီး pressure cooker ထဲမှာ အသားတွေကို အိုးပူတိုက်ပီးတာနဲ့ ရေကို ခွက် တ၀က်လောက်ထည့် ..
မီးမြေးမြေးနဲ့ နာရီဝက် လောက် ကြက်သားကို အသား နူးအောင် ပြုပ်ထားပါ။
ကုလားပဲ အစိမ်းမှုန့်ကို ရေအေးနဲ့ အရင်ဖျော်ပီး မီးဖိုပေါ်မှာ ဆနွင်းမှုန့် နည်းနည်းထည့်၊
ဆား နည်းနည်းထည့် …
မီးမြေးမြေးဖြင့် ကုလားပဲရည် မပြစ်မကျဲ ချက်ပါ။
ကြက်သားပြုပ်ရပီဆိုရင် အအေးခံပီး အတုံးသေးသေး အသားတုံးထားပါ။
ဂေါ်ဖီ၊
ပူစီနံ၊
ငရုတ်သီးစိမ်း၊
သံပုရာသီး ( သို့မဟုတ် ) ရှောက်သီး၊
ကုလားလေး မဆလာ အမှုန့်၊
ငရုတ်သီး အကျက်မှုန့်၊
ကုလားပဲရည် များများဆမ်းပီး၊
ဆား ( သို့မဟုတ် ) ဟင်းခတ်မှုန့် ( သို့မဟုတ် ) အချိုမှုန့် နည်းနည်းထည့်ပီး …
ချဉ်၊ ငံ၊ စပ် သုပ်ပါ။
ကြက်သား ကုလားပဲရည်ဆမ်း မဆလာသုပ်