Chicken heart and gizzard masala curry

ကြက် နှလုံး အမြစ် မဆလာချက်

 

ကြက်အမြစ် ဈေးနှုန်း

Chicken Gizzards – 1 lb – $ 1.69, 1.81 lb – $ 3.06

 

ကြက်နှလုံး ဈေးနှုန်း

Chicken Heart – 1 lb – $ 1.69, 1.53 lb – $ 2.59

 

ကြက် နှလုံး နှင့် အမြစ်များကို ရေသေချာဆေးပါ။

ကြက် နှလုံး နှင့် အမြစ် – ၃ ပေါင်ခွဲ နီးပါးကို

ဆား – လက်ဘက်ရည်ဇွန်း တဇွန်းခွဲ

ဆနွင်းမှုန့် – လက်ဘက်ရည်ဇွန်း တ၀က်

ငရုတ်သီး အရောင်တင်မှုန့် – လက်ဘက်ရည်ဇွန်း တဇွန်း

ထည့်နှယ်ပါ။

ကြက်သွန်နီ ( ဥကြီး ) – ၁ လုံး

ကြက်သွန်ဖြူ – ၅ မွှာ

ဂျင်း – လက်တဆစ် လောက်ကို ကြိတ်စက်ဖြင့်သော်လည်းကောင်း၊ ငရုတ်ဆုံဖြင့် ကြိတ်ထားပါ။

 

ဟင်းချက်မယ့် အိုးထဲကို ဆီ လေးပုံ ၁ ပုံ ခွက်လောက် ထည့် ပီး ဆီပူပီ ဆိုတာနှင့်

သစ်ကြားပိုးခေါက် – ၁ ချောင်း

ကရဝေးရွက် – ၅ ရွက်လောက် ထည့်ပီး ဆီသတ်ပါ။

 

( သစ်ကြားပိုးခေါက်၊ ကရဝေးရွက်တို့ကို ရေဆေးပါ။ ၀ယ်ထား၊ သိမ်းထားတာ ကြာလျှင် အမှုန်တက်နေတတ်သောကြောင့် ရေသေချာဆေးပီး ရေစင်အောင်ထားပါ။

 

ရေစိုနေသော သစ်ကြားပိုးခေါက်၊ ကရဝေးရွက်တို့ကို ဆီပူထဲ ထည့် မကြော်ချင်လျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ဆီသတ်ကြော်ပီးသည့် အချိန်မှ ထည့်လည်း ရပါသည်။ )

 

ဘာအရသာ ကွာလည်း ဆိုလျှင် သိပ်တော့ မကွာပါဘူး။

 

ဆီပူထဲမှာ သစ်ကြားပိုးခေါက်၊ ကရဝေးရွက် အရင်ဆုံး ဆီသတ်ကြော်ပီး .. သစ်ကြားပိုးခေါက် အနံ့ အရသာပါနေသော ဆီမှာ ချက်တယ်ဆိုတဲ့ သဘောပါပဲ။ ဆီက နဂို ဟင်းသီးဟင်းရွက်ဆီ အနံ့အရသာ မဟုတ်တော့ဘူး။ ဖာလာစေ့၊ ပျဉ်တော်သိမ်ရွက်တို့ကို ဟင်းချက် အနှစ်များ ထည့်ပီး ဆီမသတ်ခင်မှာ ထည့်ကြော်ရင်လည်း ဟင်းချက်ဆီမွှေးမို့ ဟင်းတွေက ပိုပီး အနံ့အရသာဖြင့် ပြည့်စုံပါတယ်။

 

နှမ်းဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ပြောင်းဖူးဆီ

 

အခုဆီက မဆလာဆီ

 

ကရဝေးရွက်၊ သစ်ကြားပိုးခေါက်တို့ကို ဆီပူမှာ မွှေကြော်ပီးသည့်အခါမှာ ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ထည့်ပီး ဆီသတ်ကြော်ပါ။

 

ကြက် အသဲ၊ အမြစ် မဆလာဟင်းတွေက ခပ်စပ်စပ်လေး ချက်စားရင် ပိုစားကောင်းပါတယ်။

 

အစပ် စားနိုင်ရင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသတ်နေသည့်အချိန်မှာ ငရုတ်သီး အစိမ်းမှုန့် လက်ဘက်ရည်ဇွန်း တ၀က်လောက် ထည့်ပီး ဆီသတ် မွှေကြော်ပါ။

 

ပီးမှ နှပ်ထားသော ကြက် နှလုံး နှင့် အမြစ်ကို ထည့်မွှေပါ။

 

အညှာခြွေထားသော ငရုတ်သီးစိမ်း အနည်းငယ်ပါ ထည့်မွှေပါ။

 

အသားများနှင့် ဟင်းချက် အနှစ်များ နှံစပ်နေအောင် မွှေပီးမှ ရေကို ထည့်ပါ။

 

အိမ်မှာ ကြက်နှလုံး၊ အမြစ်ကို ၆ ကွာတာ ( 6 Quart ) ဟင်းချက်အိုးဖြင့် ချက်တာ ရေကို အသားမြုပ်ရုံလောက် ထည့်ပီး ..

မီးဖိုမီးကို အလယ်မီးမြေးမြေး ( အလယ်နံပါတ် ကွိုင် ) ဖြင့် ခပ်ကြာကြာလေး အဖုံးပိတ်ပီး ချက်ထားပါတယ်။

နောက်ပိုင်း မီးဖိုချောင်သုံး ဟင်းအိုးအဖုံးတွေက အဖုံးမှာ အငွေ့ထွက်ဖို့ အပေါက်သေး ၁ပေါက် ပါပီးသားပါ။

 

ဆီပြန်လာခါနီးမှာ မဆလာအမှုန့် လက်ဘက်ရည် တဇွန်းလောက် ထည့်ပီး အသားများကို မွှေပါ။

နံနံပင် ကို ပါးပါး ရိပ်ရိပ်လှီးပီး နံနံပင် အုပ်ပေးထားပါ။

 

မီးဖိုနားမှာ ရှိနိုင်တယ်ဆိုလျှင် အလယ်မီးဖြင့် ဟင်းအိုး ဆီပြန်လာသည့်အထိ မွှေပီး ချက်ထားလို့ ရပါသည်။

 

ကိုယ်က တခါတလေ .. မီးဖိုနားမှာ မရှိသည့်အချိန်ဆိုလျှင် .. ဟင်းချက်သည့် ဆီက နည်းတာ တကြောင်း ..

ဟင်းကို ဆီပြန်သည်အထိ ချက်ချင်တာ တကြောင်းမို့ ဟင်းအိုး ရေခမ်းတော့မည်ဆိုလျှင် ဆားလေး နှမ်းပက်သလောက် ဖြူး .. မဆလာလေးအုပ် .. အသား သိပ်မကြေတဲ့ အသားဆိုလျှင် ယောင်းမဖြင့် ဟင်းအိုးကို မွှေ … အသား နူးမြေ့ပီး ကြေလွယ်သော အသားဆိုလျှင် အိုး လက်ကိုင် ဂိုင်း ၂ ဖက်ကို ကိုင်ပီး အိုးလှုပ်ပေး … နံနံပင်လေး အုပ်ပီး .. မီးကို Low Heat ( မီးဖိုကွိုင် နံပါတ် ၂ အထိ လျှော့ချပီး ဆီပြန် .. ရေခမ်း .. အသားနူးမြေ့သည့် အထိ ချက်တတ်ပါတယ် ) ..

ဒီဘက်က လူတွေက ကိုယ်ထက် ပိုပီး မီတာ ပိုသုံးတတ်ကြပါသေးတယ်။

Slow cooker ဖြင့် ၈ နာရီလောက် ကြာအောင် ချက်တတ်ကြပါသေးတယ်။

Slow cooker က rice cooker ထက်ပိုပီး မီး အရှိန် ပိုနှေးပါတယ်။

 

ပိုက်ဆံ စုချင်လို့ ပဲ ဖြစ်ဖြစ် ..

အကုန်အကျ သက်သာချင်လို့ပဲ ဖြစ်ဖြစ် …

ချက်စားတတ်ကြသော ကြက် နှလုံး၊ အမြစ် မဆလာဟင်း

 

အသားတွေကို ခပ်ကြာကြာလေး ချက်ရင် ပိုးသေပါတယ်။

မြန်မာ ဟင်းချက်ပုံ ချက်နည်းတွေက ကျန်းမာရေးဖြင့် ညီညွှတ်ပါတယ်။

ရှေးက မြန်မာဟင်းတွေ ဆီများများ ထည့်ချက်တတ်တာက …

ဆီဝနေအောင် ချက်ထားသောဟင်း .. ဆီ စိမ့်နေအောင် ၀င်နေသော လက်ဘက်သုပ်၊ ဆိတ်သားခြောက်ဖုတ်၊ ၀က်သားဟင်းတို့ကို အရသာသိအောင် စားဖူးတဲ့ သူတွေက ဆီများများဖြင့် ချက်သော ဟင်း အရသာကို သိကြပါတယ်။

ခေတ်က ပြောင်းလဲသွားတော့ ဘိုးဘေးတွေ သုံးသည့် ဆီက ကျန်းမာရေး အတွက် အထောက်အကူဖြစ်သော ပဲ .. မြေပဲ .. နှမ်း … စစ်စစ်တွေ

အခုခေတ် ဆီတွေက ဓါတုဗေဒ နည်းပညာတွေမို့ …

အများကြီး ကွာခြားနေပါပြီ ..

ဆီကို အတတ်နိုင်ဆုံး လျှော့စားကြပါလို့ တိုက်တွန်းချင်ပါတယ်။

Advertisements