ကြက်သားကြော်နှပ်

ကြက်သားကြော်နှပ်

ကြက်သားကို အကြွပ်ကြော်ပီး ကြက်သွန်နီကြော်-ပဲငံပြာရည်ဖြင့် အချိုပြန်နှပ်ထားသော ကြက်သားကြော်နှပ်

ကြက်သား

ကြက်သွန်နီ

ကြက်သွန်ဖြူ + ဂျင်းအနှစ်

ဆနွင်းမှုန့်

ပဲငံပြာရည် ( အကြည် )

ဆား

ဟင်းခတ်မှုန့်

ဆီ

ကြက်သွန်နီ ကို ပါးပါးလှီးပီး .. ဆီပူတွင်  ကြက်သွန်ကြော်ထားပါ။

ကြက်သားကို ကြက်သွန်ဖြူ + ဂျင်း – အနှစ်၊ ဆနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်ဖြင့် နှယ်၍ ကြက်သား အကြွပ် ကြော်ထားပါ။

ဆီပူအိုးထဲမှာ ဆီ .. ထမင်းစားဇွန်း ၃ ဇွန်းစာလောက် ချန်ပီး … ခုဏက ကြော်ထားသော ..

ကြက်သား အကြွပ်ကြော် နှင့် ကြက်သွန်နီကြော်၊ ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း ၁ ဇွန်း ထည့်မွှေပါ။

ရေ ၁ ခွက် ထည့်ပါ။

မီး မြေးမြေး ထက် မီးကို လျှော့ပီး ဟင်းအိုးတည်ပါ။

coil no. 4 ဖြင့် ဆီပြန်နေသည် အထိ ချက်ပါ။

ကြက်သား အကြွပ်ကြော်မှ ကြက်သား – အသား နူးသည့်အထိ …

ကြက်သွန်နီကြော် နူးပီး ဟင်းအနှစ်ဖြစ်သည်အထိ ..

မီးမြေးမြေးဖြင့် နှပ်ပါ။

အရသာက ကြက်သားနီချက်၊ ၀က်သားနီချက် အရသာနှင့် သိပ်မတူပါဘူး။

သူ့က ကြက်သားကို  ကြော်ပီး ပဲငံပြာရည် ဖြင့် ပြန်နှပ်ချက်ထားတာမို့ အရသာတမျိုးလေးပါပဲ။

Ginger garlic paste

price

ညက်နေသော ကြက်သွန်ဖြူ၊ ဂျင်း ဟင်းအနှစ်

ဟင်းခတ်မှုန့်

Advertisements