Chicken thigh with mayonnaise

IMG_2402

Baked chicken thighs with mayonnaise

Ingredients :

  • Chicken thigh – 9
  • Salt – 1 tsp
  • Smoked paprika – 1 1/2 tsp
  • Mayonnaise – 4 tbsp
  • Preheat oven – 425ºF – 25 minutes and 375ºF – 25 minutes

IMG_2407

ချက်စားရတာ အရမ်းလွယ်တဲ့ဟင်းပါ …

  • ကြက်ပေါင်ရင်းပိုင်းသား – ၉ တုံး
  • ဆား – လက်ဘက်ရည်ဇွန်း ၁ ဇွန်း

( ဒီနေရာမှာ စကားစပ်လို့ ပြောရအုံးမယ် .. ခင်ရပါသော ကလေး တယောက်က ကြက်သားကြော်တာ ဆားကို ကြက်သားဟင်း ချက်သည့် အခါမှာ ထည့်သော ဆား ပမာဏ အတိုင်းပဲ ထည့်ပါတယ်။ အဲဒါဆိုတော့ ကြက်သားကြော်က ငံတာပေါ့ ..

ဟင်းတွေ ချက်ရင် ဟင်းအနှစ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတွေ ပါသေးတယ်လေ ..

ဒါကြောင့်မို့ ဟင်းချက်သည့်အခါမှာ ထည့်သည့် ဆားပမာဏ နှင့် အသားချည်း သပ်သပ် ကင်တာတို့ .. ကြော်တာတို့ ပြုပ်တာတို့မှာ ထည့်ရသော ဆား ပမာဏ မတူဘူးဆိုတာ မြင်အောင် ပြောပြတာပါ …

ကိုယ်ရဲ့ ခင်ရပါသော ကလေးက ပညာရေး တဖက် .. အလုပ် တဖက် ဆိုတော့ အာရုံတွေ အရမ်း များတယ်လေ .. အဲဒီလောက် အထိ လိုက်တွေး .. လိုက် မကြည့်နိုင်ဘူးလေ ..

ကိုယ့်ကို လာမေးတော့ ကိုယ် သူ့ကို မြင်အောင် တခွန်းတည်းပဲ ထောက်ပြလိုက်တာ သူတော်တော်လေးကို ကျေနပ်သွားတယ် … ကိုယ်လည်း ပီတိ ဖြစ်ရပါတယ်။  )

  • မီးသင်းထားသော ငရုတ်သီး အရောင်တင်မှုန့် – လက်ဘက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • မာရိုးနိစ် – ထမင်းစားဇွန်း ၄ ဇွန်း

ကြက် ပေါင်ရင်းပိုင်းသားကို ဆား – လက်ဘက်ရည်ဇွန်း တဇွန်း ခပ်ဖြေးဖြေး ထည့်ရင်း နှယ်သွားပါ ( အဲဒါဆို ကြက်သား အားလုံးထဲ ဆား များ ရောက်ပါလိမ့်မယ်။ လက်တဖက်က နှယ်နေတုန်း ကျန်လက်တဖက်က ဆားကို ခပ်ဖြေးဖြေးလေးသာ ထည့်နှယ် .. စိတ်မရှည်ရင် တခါတည်းသာ နှယ်ချလိုက်ပါ 😛 ) ကိုယ်က ဆားထည့်တာ နည်းလို့ ကြက်သား အားလုံးထဲ အရသာ ၀င်စေချင်တာမို့ နှယ်ရင်း ဆားဖြူးခိုင်းတာပါ။

ငရုတ်သီး အရောင်တင်မှုန့် လက်ဘက်ရည်ဇွန်း တဇွန်း ခွဲကို မီးဖိုပေါ်မှာ လှော်လိုက်ပီး ထည့်နှယ်ပါ။

( smoked paprika ပုလင်း ရှိရင် မလှော်လည်း ရပါသည်။ ကိုယ့်တို့အိမ်မှာတော့ မရှိဘူး။ အရောင်တင်မှုန့်ကို လှော်ပီးပဲ သုံးတယ်။ အကင်တို့မှာ ငရုတ်သီး အမှုန့် သုံးရင် လှော်ပီး ထည့်ပါ။ ပိုစားကောင်းပါသည်။ ၀က်နံရိုး အစပ်ကင် ပိုစ့်မှာ ကိုယ့် ထည့်သုံးထားပါတယ် )

မာရိုးနိစ် – ထမင်းစားဇွန်း ၄ ဇွန်း ထည့်နှယ်ပါ။

ကြိုတင် ပူနေအောင် ဖွင့်ထားသော oven

အလယ်စင် မှာ ကြက်သားတုံးလေးတွေ အရေခွံ ဘက်ခြမ်းကို အောက်ဘက်မှာ ထားပီး တန်းစီ တင်ပါ။

အလယ်စင် အောက်နားမှာ ကြက်သားတုံးမှာ ကျလာသော ကြက်ဆီတွေကို oven tray ဖြင့် ခံထားပါ။

  • 425ºF – 25 Minutes

ကြက်အရေခွံ ဘက်ခြမ်းကို အပေါ်ဘက် လှန်ပေးထားပီး

  • 375ºF – 25 Minutes ကင်ပါ ။

oven foil ထဲ ထည့်ပီး ကင်လျှင် .. ကြက်သားထဲက ထွက်လာသော ကြက်ဆီများဖြင့် ကြက်သားပြုပ်ပီး ကင်သလို ဖြစ်နေပါလိမ့်မည်။

oven rack ပေါ်မှာ တင်ပီး ကင်ပါ။

Advertisements