အစုံသုပ်

 

 X’mas အစုံသုပ်

We wish you and your family and friends a very Merry Christmas and a Happy New Year. May all your holidays be happy and may you have a year blessed with Joy, Love and Abundance.

…………°*”˜”*°’╲
………./______ ( ‘\ .\
……../________)_╲\
…….(__________) (´¯`)
… ….( / ‘ ◕ – ◕ ’ \ )-‘˜”˜’
… …….{ ( ( ) (_) ( ) ) }
……'{ ; , .”)=(“-. , ; }
……'{░’- -`- – `- -‘░}
…,` ‘ – .░░░░░ . – ‘.`,
. /..(……..-☀-…….) ..\
.|..(………-☀-…….) ..’|
.|..(______-☀-_____)…|
{_..|████{ L}████|.._}
.|…\(░░░░░░░░░)/…|
..\ _/|……../\…….| \_ /
……(░░░░).(░░░░)
.. ….|████|.|████|
. . . _|████|.|████|_
….(█████/…\█████)

 

2011

ခရစ်စမတ်နေ့မှာ အစုံသုပ် စားချင်လို့ ချက်စားတဲ့ အစုံသုပ်

 

ခေါက်ဆွဲ၊ ပဲကြာဇံ၊ ကြက်ဥပြုတ်

အားလူးပြုပ်

ငရုတ်ဆီနှင့် နှယ်ထားသော ထမင်းနီ

ပုစွန်ခြောက်မှုန့်၊ ပဲမှုန့် (အကျက်မှုန့်)

ဆီကို ကျက်အောင် တည်ပီး ဆီကျက်ပီ ဆိုတာနဲ့ မီးပိတ် ငရုတ်သီး အစိမ်းမှုန့် နှင့် ဆား ထည့်ပီး ချက်ထားသော ငရုတ်သီး ဆီကျက် နှင့်

ငရုတ်သီး အကျက်မှုန့်

ဆီကို ကျက်အောင် တည်ပီး ဆီကျက်ပီ ဆိုတာနဲ့ မီးပိတ် နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူ နှင့် ဆနွင်းမှုန့် ထည့်ပီး ချက်ထားသော ကြက်သွန်ဖြူ ဆီချက်

မန်းကျည်းမှည့်ရည်

ငံပြာရည်

အိုးထဲမှာ ရေကို ဆူအောင် တည်ပီးမှ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ၊ စိမ်းစားငပိ၊ ပုစွန်ခြောက်မှုန့်၊ ဂေါ်ဖီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့် နဲ့ ချက်ပီး ဟင်းရည်အိုး ကျခါနီးမှ ငရုတ်ကောင်းမှုန့် များများ ဖြူးထားသော ဟင်းခါး။

မသုပ်ခင် အစုံသုပ် ပန်းကန်

ခရစ်စမတ်နေ့မှာ ပုံမှန်စားနေကျ ခရစ်စမတ် ညစာ မစားချင်ပဲ စားချင်စိတ် ပေါ်လာလို့ ချက်စားဖြစ်ခဲ့သော အစုံသုပ်

ဒီလိုမျိုး သုပ်ပုံ သုပ်နည်းနဲ့ သုပ်စားတဲ့ အစုံသုပ်ကို ကြိုက်နှစ်သက်မယ်ဆိုရင် အားလုံးကို ကျွေးချင်ပါတယ်။

~~~~ ခရစ်စမတ် အစုံသုပ် ကို သုံးဆောင်ပါအုံးရှင် ~~~~

ချဉ်၊ ငံ၊ စပ်လေး သုပ်ထားပါတယ်။ စပ်သွားခဲ့ရင် ဟင်းခါး ပူပူလေးမှာ ငရုတ်ကောင်းမှုန့် နိုင်နိုင် ဖြူးထားပါတယ်။

အစုံသုပ်

ဒီနှစ် ခရစ်စမတ်မှာ မိသားစု စုစုစည်းစည်းနဲ့ ရှိနေတာကိုလည်း ၀မ်းသာမိပါတယ်။ အသက်ရှင်နေတာ တခုတည်းနဲ့ကို ကျေနပ်နေပါပီ။

Father. David, ဆရာကြီး ဦးမျိုးချစ် (AG) ၊ ဆရာပေါလ် (Immanuel )၊ Sister. Valentine၊ ဆရာမ – မမီမီချစ် အားလုံးပဲ အရမ်းသတိရပါတယ်။ စိတ်အားငယ်တဲ့ အချိန်မျိုးမှာ အားပေးခဲ့တဲ့ အချိန်တွေကိုလည်း အရမ်းသတိရပါတယ်။ 

Wish you ALL have the perfect Christmas and a wonderful New Year!!!!

မနှစ်က ၂၅၊ ၁၂၊ ၂၀၁၂ မှာ ရေးခဲ့သော ဘလော့ပိုစ့် …

ကာလာစုံ ဘလော့မှာ ပိုစ့်စုံအောင် ထပ် ဖြည့်လိုက်ပါတယ်။

Advertisements