နို့ဆီခွက် ပူတင်းပေါင်း

Pudding

ရန်ကုန်၊ တရုတ်တန်း ( ၁၉ ) လမ်း နို့ဆီခွက် ပူတင်းပေါင်း အလွမ်းပြေ – ချက်စားသော ပူတင်းပေါင်း

၂၀၁၂ အောက်တိုဘာလ မှာ Pudding ပိုစ့်မှ ချက်နည်း တူတူပါပဲ။

Ingredients :

  1. Milk – 2 cups
  2. Sugar – 1/4 cup
  3. for caramel, sugar – 3 tbsp
  4. for caramel, water – 1 tbsp
  5. Egg – 3
  6. Vinilla essence – 1 tsp

Set pudding tin into a larger pan, water into the outside pan filling it at least half way.

Preheat oven 375ºF – 45 minutes

Fridge – 3 hours

ပါဝင်ပစည်းများ :

  1. နွားနို့ – ၂ ခွက်
  2. သကြား – လေးပုံ ၁ ပုံ
  3. မီးသင်း သကြား အတွက် .. သကြား – ထမင်းစားဇွန်း ( ၃ ) ဇွန်း
  4. မီးသင်း သကြား အတွက် .. ရေ – ထမင်းစားဇွန်း ( ၁ ) ဇွန်း
  5. ကြက်ဥ – ၃ လုံး
  6. ဗီနီလာ အမွှေးဆီ – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း

အရင် ပူတင်းတုန်းက Pan ထဲ ထည့်ပြီး ပူတင်းမုန့်ဖုတ်တယ်။

အခု ပူတင်းက tin ထဲ ထည့်ပြီး ပူတင်းမုန့်ဖုတ်ပါတယ်။

ပူတင်းမုန့် – ပေါင်းပြီးရင် ဘေး ပတ်ပတ်လည်လည်ကို ပလတ်စတစ်ဓါးဖြင့် ဖြတ်ပြီး စားမယ့် ပန်းကန်ထဲကို မောက်ချပြီး ထည့်စားပါ။

သကြားရည်စမ်း ပူတင်းပေါင်း

ဒီလိုမျိုး သကြားရည် များများက –

မီးသင်းသကြားရည်အတွက် – သကြား ထမင်းစားဇွန်း ( ၆ ) ဇွန်း နှင့် ရေ ထမင်းစားဇွန်း ( ၂ ) ဇွန်း ထည့်ပြီး မီးသင်းသကြားရည် ကြိုထားတာပါ။

အပေါ်မှာ ရေးထားသော ချက်နည်း အတိုင်း မီးသင်း သကြားရည် ( ၂ ) ဆ ကြိုထားတာမို့ ပူတင်းပေါင်းမှာ သကြားရည် များများ ဖြစ်နေတာပါ။

အိမ်တွင်းဖြစ် ယိုထိုးထားသော စတော်ဘယ်ရီယိုကို ပူတင်းပေါင်း အပေါ်မှာ တင်ထားတာပါ။

တွဲဖက်စားသုံးရမှာက ကော်ဖီခါးခါး နှင့်ဆို အလိုက်ဖက်ဆုံးပါ …

  • မွှေစက်ဖြင့် …
  • နွားနို့ – ၂ ခွက်
  • သကြား – လေးပုံ ၁ပုံ
  • ကြက်ဥ – ၃ လုံး
  • ဗီနီလာ အမွှေးဆီ – လက်ဘက်ရည်တဇွန်း မွှေစက်ဖြင့် မွှေထားပါ။
  •  မီးသင်း သကြားရည် ပြုလုပ်ဖို့ အတွက်
  • non stick pan ထဲမှာ သကြား – ထမင်းစားဇွန်း ( ၃) ဇွန်းထည့်ပါ။
  • ရေ – ထမင်းစားဇွန်း ( ၁ ) ဇွန်း ထည့်မွှေပါ။
  • တအောင့်ကြာလျှင် သကြား အရည်ပျော်သွားပါလိမ့်မည်။
  • ဆက်မမွှေဘဲ ဒီ အတိုင်း ထားလိုက်ပါ။
  • ပူစီပေါင်းလေးတွေ တက်လာလိမ့်မည်။
  • တဖြည်းဖြည်း သကြားရည် အရောင်ပြောင်းလာလိမ့်မည်။
  • အညိုရောင် ( သို့မဟုတ် ) ရွှေအိုရောင် သကြားရည် ရပီဆိုလျှင် …
  • ချက်ချင်း ပူတင်းမုန့်ဖုတ်မည့် tin ( နို့ဆီခွက် ( သို့မဟုတ် ) သံခွက် ) ထဲသို့ လောင်းချလိုက်ပါ။
  • မွှေစက်ဖြင့် မွှေထားသော ( နွားနို့+ကြက်ဥ+သကြား+ ဗီနီလာ ) အရည်လောင်းထည့်ပါ။
  • ပူတင်း ထည့်ထားသော ခွက်ထက် ပိုကြီးသော pan ထဲမှာ ရေ ကို တ၀က်ဖြည့်ပီး …
  • ပူတင်း can ကို ရေရဲ့ အလယ်ကောင်နေရာမှာ ထားပီး preheat oven ထဲ ထည့်ပါ။
  • oven 375ºF – 45 minutes ပူတင်းမုန့်ဖုတ်ပါ။
  • ပီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲမှာ ၃ နာရီလောက် အအေးခံပီးလျှင် စားလို့ရပါပြီ။

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s