ရခိုင်မုန့်တီ ( အာပူ လျှာပူ )၊ အစုံသုပ်၊ ဗယာကြော်

ရခိုင်မုန့်တီ ( အာပူ လျှာပူ )

ပုစွန်ငါးပိ

ပဒဲကော

ပဒဲကော

  • ငါး အသားလွှာကို တုံးပြီး ပုစွန်ငါးပိ၊ ဆား အနည်းငယ် ခတ်ပြီး နူးအောင် ပြုတ်ပါ။
  • ငါး နူးလာလျှင် ငါး အသားတုံးများကို ဆယ်ယူပါ။
  • ( အရိုးပါသော ငါး ဆိုလျှင် ဇကာဖြင့် ငါးကို ဆယ်ယူပါ )
  • ငါးပြုတ်ရည်ထဲတွင် ညက်နေအောင် ထောင်းထားသော .. ပဒဲကော ( မရှိလျှင် – ဂျင်း )၊ ကြက်သွန်ဖြူ ထည့်၊ ဆား ၊ ငရုတ်ကောင်းစေ့ကို လှော်ပြီး ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်းစေ့ အမှုန့် ကို ထည့်ပီး ဟင်းရည် တည်ပါ။
  • ငါးပြုတ်ကို ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး နံနံပင် အနည်းငယ်နှင့် အတူ လှော်ပေးထားပါ။
  • ကြက်သွန်ဖြူ ဆီချက် အတွက် ကြက်သွန်ဖြူ ကို ညက်နေအောင် ကြိတ်ပါ။ ပြီးလျှင် ဆီအိုးတည်ပြီး ဆီပူပြီ ဆိုတာနှင့် မီးပိတ် – ကြက်သွန်ဖြူများထည့်၊ ဆနွင်းမှုန့် ထည့်ပြီး ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။
  • ငရုတ်သီး ဆီချက် အတွက် ဆီအိုးတည်ပြီး ဆီပူပြီတာနှင့် မီးပိတ် –  ငရုတ်သီး အစိမ်းမှုန့်ကို ထည့်ကြော်ပြီး ငရုတ်သီး ဆီချက် ချက်ထားပါ။
  • မန်းကျည်းသီးမှည့် အတွက် မန်းကျည်းသီးမှည့် အနည်းငယ်ကို ရေနွေးနွေးတွင် ၁၅ မိနစ်ခန့် စိမ်ထားပါ။
  • မီးဖိုပေါ်မှာ ရေတခွက်စာလောက် ပွက်ပွက်ဆူနေအောင် တည်ပြီး ပုစွန်ငါးပိ ထည့်ပါ။ ဆား အနည်းငယ်ထည့်ပြီး ပုစွန်ငါးပိ ကျိုထားပါ။
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းပြီး ရေ အနည်းငယ် စိမ်ပေးထားပါ။
  • နံနံပင်၊ ငရုတ်သီး အကျက်မှုန့်၊ ပဲမှုန့် အကျက်မှုန့်၊

Rice stick

မုန့်ဟင်းခါး မုန့်ဖတ်

ငါး အသားဖတ်

မန်းကျည်းမှည့်ရည် ( အသုပ် အတွက် )

ကြက်သွန်ဖြူ ဆီချက် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )

နံနံပင် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )

ငရုတ်သီးစိမ်း ( အရည် အတွက် )

ပုစွန်ငါးပိရည်ကျို ( အရည် အတွက် )

ငံပြာရည် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )

ငရုတ်သီး အကျက်မှုန့် ( အာပူ လျှာပူ  အသုပ် .. အတွက် )

ငရုတ်သီး ဆီချက် ( အာပူ လျှာပူ အသုပ် .. အတွက် )

ပဲမှုန့် – အကျက်မှုန့် ( အာပူ လျှာပူ အသုပ် .. အတွက် )

ဟင်းရည်

တညလောက် ကုလားပဲ ကို ဆိုဒါမှုန့်ဖြင့် ရေစိမ်ပြီး မနက်ကျမှ မုန့်နှစ်မှာ ဆန်မှုန့် တမျိုးတည်း ထည့်ထားပါတယ်။ ဆိုဒါမှုန့် အနည်းငယ် ထည့်ပြီး ကြော်ထားသော ပဲကြော်

ပဲကြော်

  • အာပူ လျှာပူ အသုပ် အတွက် — မုန့်ဖတ် ထည့်ပါ။ ငံပြာရည် ထည့်ပါ။ ငါး အသားဖတ် ထည့်ပါ။ နံနံပင်၊ ပဲမှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ မန်းကျည်းသီးမှည့် အရည် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက် ထည့်ပါ။
  • အာပူ လျှာပူ အရည် အတွက် — မုန့်ဖတ် ထည့်ပါ။ ငံပြာရည် ထည့်ပါ။ ငါး အသားဖတ် ထည့်ပါ။ နံနံပင်၊ ငရုတ်သီး ရေစိမ်၊ ကြက်သွန်ဖြူ ဆီချက်၊ ပုစွန်ငါးပိရည်ကျို ထည့်ပါ။ ဟင်းရည် လောင်းထည့်ပါ။

ပဲကြော် ကြိုက်တတ်လျှင် ပဲကြော်ပါ ထည့်စားပါ။

အစုံသုပ်

ခေါက်ဆွဲဖတ်၊ ပဲကြာဇံပြုတ်၊ ငံပြာရည်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးဆီချက်၊ ထမင်းနီ၊ ငရုတ်သီး အကျက်မှုန့်၊ ငံပြာရည်၊ မန်းကျည်းမှည့်ရည် ( ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ရေနွေးဖျော် ပဲပင်ပေါက်၊ ပဲပြားကြော်၊ အားလူးပြုတ် )

သားသားအတွက် – ခေါက်ဆွဲ အစိမ့်သုပ်၊ ခေါက်ဆွဲဖတ်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည် နည်းနည်း၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်ဥပြုတ်

ဝက်ပေါင်ခြောက် ငံပြာရည်ကြော်

သခွါးသီး တို့စရာ၊ တညင်းသီး၊ ငါးပိရည်ကျို၊ ကြက်ပေါင်ကြော်၊ ပဲနီလေး ပဲကြာဇံ ဟင်းချို၊ ၀က်ပေါင်ခြောက် ငံပြာရည်ကြော်

ငါးဟင်းဆီပြန်

ကုလားပဲ

ကြက်သွန်နီ

ငရုတ်သီးစိမ်း၊

ဆား

ကုလားပဲခြမ်းကို ရေစင်ကြယ်စွာ ဆေးပါ။ တညလောက် ရေစိမ်ထားပါ။

ရှစ်နာရီကြာ ရေစိမ်ပြီးလျှင် ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။

ကြိတ်ထားသော ကုလားပဲ အနှစ်များကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ မဆလာအမှုန့် အနည်းငယ် ထည့်ပြီး နီရောင် သန်းလာသည် အထိ ကြော်စားပါ။

ဘေးဘယာတွေ ကင်းစေဖို့ ဗယာကြော်

ကလေးများအတွက် ဗယာကြော် ( အချို ) ငရုတ်သီးစိမ်း မပါ

စတော်ဘယ်ရီကိတ် မဖုတ်ခင်

မုန့်ဖုတ်ပြီး ( မုန့် ကျက်မကျက် စမ်းထားသော သွားကြားထိုးတံ အပေါက်လေးနှင့် )

စတော်ဘယ်ရီသီးများနှင့် ခရမ်များ တင်အပြီး … ကိုယ့်နာမည် TND ရေးထားတယ်။

Advertisements

One comment on “ရခိုင်မုန့်တီ ( အာပူ လျှာပူ )၊ အစုံသုပ်၊ ဗယာကြော်

  1. မသိလို့မေးတာနော်. ညီမက အိမ်ထောင်ရှိလားဟၚ် တော် လို့

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s