လျှာပေါ်ခဲ

Meringue cookie

Ingredients –

  1. Egg white – 5
  2. Sugar – 1/2 cup
  • Baking tray
  • Baking paper

 

  • Preheat the oven 200ºF
  • 200ºF – 45 minutes
  • in turned-off oven for 1 hour

 

မာရိန်း ကွတ်ကီး

လျှာပေါ်တင်လိုက်ရင် သကြားခဲလိုမျိုး မွမွလေး နဲ့ စားလို့ ကောင်းသော လျှာပေါ်ခဲ အရသာမျိုးပါပဲ …

ကိတ်မုန့်ပေါ်မှာ တင်သော ခရမ်ကို oven နဲ့ မုန့်ဖုတ်ထားတာပါ။

ကိတ်မုန့်ပေါ်မှာ တင်သော ခရမ်ကို ခဲစေဖို့ ရေခဲသေတာမှာ ၂ နာရီလောက် ထားပြီး ကိတ်မုန့်ပေါ်မှ ခရမ်များကို ခဲစေ ရပါတယ်။

အခု ခရမ်တွေကျတော့ oven ထဲမှာ မီး အရမ်းနှေးနှေးလေးဖြင့် မုန့်ဖုတ်ရပါတယ်။

အရမ်းစားလို့ ကောင်းပါတယ်။

အိမ်က ကလေး ၂ယောက်လုံး ကြိုက်ကြတယ်။

ဒီနေ့ အဲဒီမုန့် ဖုတ် – ဒီနေ့ ကုန်ပါတယ်။

လျှာပေါ်မှာ သကြားခဲ အရသာမျိုးမို့ လျှာပေါ်ခဲ —

Meringue cookie

မာရိန်း ကွတ်ကီး လုပ်ဖို့ လိုတာက

ကြက်ဥ အကာ – ၅ လုံးနှင့်

သကြား – ခွက် တ၀က်

ပါပဲ …

 

  • ကြက်ဥ အကာ ၅ လုံးကို မွေစက်ဖြင့် High Speed ထားပြီး မွှေပါ။
  • ၁မိနစ် ခြားစီ စက်ဖြင့် မွှေပြီး အကြာမှာ သကြား ထမင်းစားဇွန်း ၁ ဇွန်းစီ ထည့်သွားပါ။
  • မွှေစက်ဖြင့် ကြက်ဥအကာကို ၁ မိနစ်ခြားစီ သကြား တစ်ဇွန်းစီ ထည့်ပြီး ၆ မိနစ် အကြာမှာ ခရမ်အနေအထား ပြစ်ပြစ် ကို ရလာပါလိမ့်မယ်။
  • ကြွေပန်းကန်လုံးကို မောက်ပြီး ကြည့်လိုက်ပါ။ ကြက်ဥအကာ ( ခရမ် )များ အောက်ကို ပြုပ်မကျလာတဲ့ အနေအထားကို ရနေပါပြီ။
  • ဆက်မွှေချင်သေးရင် ၈ မိနစ်လောက်အထိ မွနေအောင် မွှေလို့ရပါတယ်။
  • အရောင်ထည့်ချင်ရင် Food colour – 1 drop ထည့်လို့ရပါတယ်။
  • ပီးရင် baking tray ပေါ်မှာ တင်ထားသော baking paper ပေါ်မှာ လက်ဘက်ရည်ဇွန်း – ၁ ဇွန်း ခြင်းစီ ပုံပေးပါ …
  • ဇွန်းဖြင့် ပုံပြီးတာနှင့် ခရမ်ပေါ်မှာ ၀ လုံး ရေသလိုမျိုး ဇွန်းဖြင့် ခရမ်ကို ၀ိုက်ဆွဲလိုက်ပါ။ အဲဒါဆိုရင် ကိတ် ခရမ်တွေက အမျှင် သန်းပြီး အပေါ်နားမှာ အချွန်၊ အတက် ပုံစံလေးဖြင့် ချစ်စရာ ပုံစံ ထွက်နေပါလမ့်မယ်။
  • တစ်ခု နှင့် တခုကို ၁ လက်မ စီလောက် နေရာ အကွာ ထားပါ။
  • Preheat oven 200 ºF – 45 minutes မုန့်ဖုတ်ပီးတာနှင့်
  • oven ကို ခလုတ်ပိတ်လိုက်ပါ။
  • မီးပိတ်ထားသော oven ထဲမှာ ၁ နာရီလောက် ဒီအတိုင်းပဲ ထားလိုက်ပါ။
  • ခရမ်တွေကို မီးနှေးနှေးဖြင့် သကြားခဲလိုမျိုး ခဲအောင် မုန့်ဖုတ်ထားတာပါ။
  • ၂၅၀ ဖာရင်ဟိုက် လောက် မုန့်ဖုတ်လိုက်ရင် ခရမ် ခဲတွေ က ရွှေအိုရောင် သို့မဟုတ် အညိုရောင် သန်းသွားပါလိမ့်မယ်။ မီးနှေးနှေးပါပဲ ..
  • ပီးရင် ခဏလောက် အအေးခံပြီး တခုလောက် ယူစားကြည့်ပါ။
  • စားလို့ ကောင်းတာကို တွေ့ရမှာပါ။
  • ထညက် ကြိုက်တတ်ရင် .. သကြားလုံး ကြိုက်တတ်ရင် .. အာတာပူစီ ကြိုက်တတ်ရင် .. ဘီစကစ် အသေးလေးပေါ်မှာ သကြားခဲ တင်ထားသော မုန့် သေးသေးလေး ကြိုက်တတ်ရင် .. ဒီ မာရိန်း ကွတ်ကီးကို ကြိုက်မှာ အမှန်ပါပဲ …
  • ကိုယ့်တို့ဆီမှာ ထညက်ခဲ အစစ် မရပါဘူး။ ကြံသကာ ပဲ ရပါတယ်။
  • အဲဒီ အတွက် အစားထိုး အနေဖြင့် ဒီ လျှာပေါ်ခဲကိုပဲ ကော်ဖီခါးခါးလေး သောက်ရင်း စားပါတယ်။
  • ဒီဇိုင်း အလှဆင်ချင်လည်း ရတယ်။ အဲဒီ အပေါ်မှာ chocolate rice လေးတွေ လိုက်ဖြူးပေးလို့လည်း ရသလို .. အရောင်လေးတွေနဲ့ မျက်လုံးလေးတွေ ပုံစံ အမျိုးမျိုး ဖော်ပြီး မုန့်ဖုတ်လို့လည်း ရပါတယ်။

vanilla extract – 1 tsp ထည့်ပြီး မုန့်ဖုတ်လို့လည်း ရပါတယ်။

မာရိန်း ကွတ်ကီး

 

 

 

Advertisements

Comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s