Pork & Baby Corn Sweet & Sour
- ကြိတ်ထားသော ၀က်သား – ၁ ပေါင်
- ဆား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
- သကြား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
- ပဲငံပြာရည် အကြည် – လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
အကြော်မှုန့် အတွက် —-
- ဂျုံမှုန့် – 1/3 cup
- ကော်မှုန့် – 1/3 cup
- ကြက်ဥ – ၁ လုံး
- ဆီ – ထမင်းစားဇွန်း ( ၁ ) ဇွန်း
- ရေ – 1/3 cup ( warm water )
ဟင်းသီးဟင်းရွက် အတွက် ပြောင်းဖူး အပြင် မုန်လာဥနီ၊ ပန်းငရုပ်ပွ၊ ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲသီး၊ … အမျိုးစုံ ထည့်လို့ ရပါသည်။
ဆော့စ် အတွက် —
- သကြား – ထမင်းစားဇွန်း ( ၄ ) ဇွန်း
- ခရမ်းချဉ်သီး ဆော့စ် Ketchup – ထမင်းစားဇွန်း ( ၂ ) ဇွန်း
- ပဲငံပြာရည် အကြည် – ထမင်းစားဇွန်း ( ၂ ) ဇွန်း
- ဆား – လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
- ရေ – 1/2 cup
- ရှာလကာရည် – ထမင်းစားဇွန်း ( ၄ ) ဇွန်း
- ကော်မှုန့် – ထမင်းစားဇွန်း ( ၁ ) ဇွန်းကို ရေ – ထမင်းစားဇွန်း ( ၄ ) ဇွန်းဖြင့် ကော်ရည် ဖျော်ထားပါ။
- အကြော်မှုန့်အတွက် ကြိုတင်ပြီး အမှုန့်များကို စပ်ထားပါ။
- ကြိတ်ထားသော ၀က်သားကို ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နှယ်ထားပါ။
- ပီးလျှင် အကြော်မှုန့်ဖြင့် နှယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။
- ဆော့စ် ဖျော်ထားပါ။
- ဆီအိုးတည်ပြီး ၀က်သားလုံးများ ကို ဆီနှစ်ပြီး ကြော်ပါ။
- ရလာသော ရွှေအိုရောင် ၀က်သားလုံးကြော်များကို တစ်သျှူးစကူပေါ်မှာ ဆီစုတ်ဖို့အတွက် တင်ထား —
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကို အပူပေးပြီးနောက် –
- ဓါးပြားရိုက် ကြက်သွန်ဖြူ ၃ မွှာ ထည့် ဆီသတ်ပြီးတာနှင့်
- ပြောင်းဖူးကို ထည့်ကြော်ပါ။
- ၀က်သားလုံးများကို ထည့်မွှေကြော်ပါ။
- ဆော့စ် ထည့်မွှေပါ။
- နောက်ဆုံးမှ ကော်ရည်ကို လောင်းထည့်ပြီး မွှေပါ။
ကြက် အသဲအမြစ် – ကြက်သား ဒန်ပေါက်
ခဏ — ခဏ — ဒန်ပေါက် ပိုစ့်များ ရေးဖူးလို့ ထပ်မရေးတော့ပါဘူး။
အသစ်တွေ အများကြီးပဲ ရေးစရာ ကျန်နေသေးလို့ —
ပေါင်မုန့် ကိုင်ထားသော စားဖိုမှုးက မေးနေတယ်။ သူ့ဗိုက်ပေါ်က သရက်သီးသနပ် နှင့် အတူ ကြက်သား — ကြက် အသဲအမြစ် ဒန်ပေါက် စားပါအုံး တဲ့ — 🙂